breaking-news

လက်ရှိအစိုးရသည် စီး ပွားရေးကို ပထမဦးစားပေးအဖြစ် ဆောင်ရွက်သင့်ကြောင်း နိုင်ငံတ ကာအဖွဲ့အစည်းတစ်ခုဖြစ်သည့် IRI (International Republican Institute) မှ ကောက်ယူထား သော လူထုစစ်တမ်းတွင် ဖော်ပြ ထားသည်။

ယင်းစစ်တမ်းတွင် ပြည်သူ များက ငြိမ်းချမ်းရေးဖြစ်စဉ်ကို ဒုတိယဦးစားပေးအဖြစ်သာ ရွေး ချယ်ကြပြီး စီးပွားရေးအခြေအနေ တိုးတက်ရေး၊ အလုပ်အကိုင်များ ဖန်တီးရေးတို့ကို ပထမဦးစားပေး အဖြစ် အစိုးရက ဆောင်ရွက်သင့် ကြောင်း မှတ်ချက်ပြုထားသည်။

IRI အဖွဲ့အစည်းသည် ယင်းလူထုစစ်တမ်းအား တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် အသက် (၁၈) နှစ်အထက် ပြည်သူသုံးထောင် ကို ၂၀၁၇ မတ်လ ၉ ရက်မှ ဧပြီ ၁ ရက်အထိ အိမ်တိုင်ရာရောက် ကွင်းဆင်း၍ အမေး၊ အဖြေပြု လုပ်ခဲ့သည်။

‘‘ကျွန်မတို့ လုပ်ရတဲ့ ရည် ရွယ်ချက်ကတော့ ဒီလူထုစစ်တမ်းဆိုတာ အချက်အလက်များအ ပေါ် အခြေခံမယ်။ အချက်အ လက်များအပေါ် အခြေခံပြီးမှ မြန်မာနိုင်ငံမှာရှိတဲ့ သက်ဆိုင်ရာ အဖွဲ့အစည်းများနဲ့ ပြည်သူတွေ ကြားထဲမှာ ဘယ်လိုပုံစံမျိုးနဲ့ ချိတ် ဆက်ပြီး ထိတွေ့ဆက်ဆံမလဲဆို တဲ့ အပေါ်မှာ မူတည်လုပ်ဆောင် သွားတာဖြစ်ပါတယ်’’ ဟု IRI မှ အာရှဆိုင်ရာ အကြီးတန်းအကြံ ပေး မစ္စတာ ဂျိုဟန်နာကာအိုက ပြောသည်။

ထို့အပြင် ဒီမိုကရေစီစနစ် နှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု နှစ်ခုအနက် တစ်ခုတည်းကို ရွေးချယ်မည်ဆိုပါက ဖြေဆိုသူ ၄၀ ရာခိုင် နှုန်းက စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု က လုံးဝပိုအရေးကြီးကြောင်း၊ ၂၄ ရာခိုင်နှုန်းက ဒီမိုကရေစီစနစ် က လုံးဝပိုအရေးကြီးကြောင်း၊ ၂၀ ရာခိုင်နှုန်းက စီးပွားရေးဖွံ့ဖြိုးတိုး တက်မှုက အနည်းငယ်ပိုအရေး ကြီးကြောင်း၊ ၁၁ ရာခိုင်နှုန်းက ဒီမိုကရေစီစနစ်က အနည်းငယ် ပိုအရေးကြီးကြောင်းနှင့် ၅ ရာခိုင် နှုန်းက မသိသူ၊ မဖြေသူများဖြစ် သည်။

မြန်မာနိုင်ငံအနေဖြင့် အကြီးမားဆုံးရင်ဆိုင်နေရသည့် ပြဿ နာသုံးခုသည် စီးပွားရေး၊ ပဋိပက္ခ နှင့် တရားဥပဒေစိုးမိုးရေးစသည် တို့ဖြစ်သည်ဟု ပြည်သူများက ဖြေကြားကြောင်း လူထုစစ်တမ်း က ဆိုသည်။ ဖြေဆိုသူများထဲမှ ၈၃ ရာခိုင်နှုန်းက စီးပွားရေး၊ ၄၉ ရာခိုင်နှုန်းက ပဋိပက္ခနှင့် ၃၄ ရာ ခိုင်နှုန်းက တရားဥပဒေစိုးမိုးရေး စသည်ဖြင့် အစဉ်လိုက်ရပ်တည် နေသည်။

IRI သည် ၂၀၁၄ (သမ္မတ ဦးသိန်းစိန်လက်ထက်)တွင် အ လားတူ လူထုစစ်တမ်းတစ်ခု ကောက်ယူဖူးပြီး နိုင်ငံ့စီးပွားရေး အခြေအနေကို ပြည်သူများက လက်ရှိအစိုးရလက်ထက်တွင် အနည်းငယ်ကျဆင်းသွားကြောင်း မှတ်ချက်ပြုသည်။

၂၀၁၄ ဖေဖော်ဝါရီတွင် မြန်မာနိုင်ငံ၏ စီးပွားရေးအခြေအ နေကို ကောင်းသည်ဟု မှတ်ချက် ပြုသည့် ရာခိုင်နှုန်းသည် ၇၃ ရာ ခိုင်နှုန်း၊ ညံ့သည်ဟု ၁၁ ရာခိုင်နှုန်း တို့က သုံးသပ်ပြီး ယခုစစ်တမ်း ကောက်ယူချိန်၌ ကောင်းသည်ဟု၅၃ ရာခိုင်နှုန်းနှင့် ညံ့သည်ဟု ၂၂ ရာခိုင်နှုန်းတို့က မှတ်ချက်ပြုကြ သည်။မြန်မာနိုင်ငံ၏ လက်ရှိနိုင်ငံ ရေးအခြေအနေတည်ငြိမ်မှုအ ပိုင်းတွင် လုံးဝတည်ငြိမ်သည်ဟု ၁၄ ရာခိုင်နှုန်း၊ အတန်အသင့် တည်ငြိမ်သည်ဟု ၃၈ ရာခိုင်နှုန်း၊ အနည်းငယ်မတည်ငြိမ်ဟု ၃၄ ရာခိုင်နှုန်း၊ လုံးဝမတည်ငြိမ်ဟု ၇ ရာခိုင်နှုန်းနှင့် မသိသူ၊ မဖြေသူ ၇ ရာခိုင်နှုန်းရှိကြောင်း စစ်တမ်း၌ ဖော်ပြသည်။

ပြီးခဲ့သည့်နှစ်ထက် နိုင်ငံ၏ ဒီမိုကရေစီဖော်ဆောင်မှုလုပ်ငန်း စဉ်ကို ၅၄ ရာခိုင်နှုန်းက ပို ကောင်းလာသည်ဟုလည်းကောင်း၊ ၃၁ ရာခိုင်နှုန်းက အရင်အတိုင်းဟုလည်းကောင်း၊ ၈ ရာခိုင်နှုန်းက ပိုဆိုးသွားသည်ဟုလည်းကောင်း၊ ၇ ရာခိုင်နှုန်းကမူ မသိသူနှင့် မဖြေဆိုသူတို့ဖြစ်သည်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပ ဒေပြင်ဆင်ရေး ထောက်ခံမှု၊ ကန့် ကွက်မှုအပိုင်းတွင် လုံးဝထောက် ခံသူ ၄၈ ရာခိုင်နှုန်း၊ အတန်အ သင့်ထောက်ခံသူ ၃၂ ရာခိုင်နှုန်း၊ အနည်းငယ်ထောက်ခံသူ ၄ ရာ ခိုင်နှုန်း၊ လုံးဝမထောက်ခံသူ ၅ ရာခိုင်နှုန်းနှင့် ကျန် ၁၁ ရာခိုင်နှုန်း က မသိပါ၊ မဖြေပါဟု မှတ်ချက်ပြုသည်။မြန်မာနိုင်ငံ၏ အခြေအနေ အရပ်ရပ်သည် အကောင်းဘက် သို့ ဦးတည်နေသည်ဟု ၇၅ ရာခိုင် နှုန်း၊ အဆိုးဘက်သို့ ၁၆ ရာခိုင်နှုန်းနှင့် မသိသူ၊ မဖြေသူ ၉ ရာခိုင်နှုန်း ရှိကြောင်း ယခုစစ်တမ်းတွင် ဖော် ပြသည်။

၂၀၁၄ က စစ်တမ်းတွင် အထက်ပါအလားတူမေးခွန်းကိုအကောင်းဘက်သို့ ဦးတည်နေ သည်ဟု ၈၈ ရာခိုင်နှုန်း၊ အဆိုး ဘက်သို့ ဦးတည်နေသည်ဟု ၆ ရာခိုင်နှုန်းနှင့် မသိသူ၊ မဖြေသူ ၆ ရာခိုင်နှုန်းရှိကြောင်း ထုတ်ပြန် ခဲ့သည်။

Credit: 7Day