အင်တာဗျူး သွားဖြေဖို့ဆိုတာ ကျွန်တော် တို့ ဘဝ မှာ အခက်ခဲဆုံး အခြေအနေ တစ်ရပ်ပဲ ဖြစ်ပါလိမ့်မယ်။
အပယ်ခံလိုက်ရမှာကို တွေးပူနေမယ်ဆိုရင် အယောင်ယောင်အမှားမှားတွေ ဖြစ်သွားစေနိုင်ပါတယ်။ အင်တာဗျူး ဝင်နေရင်း တလွဲတချော်တွေ လုပ်မိ၊ ပြောမိနေတယ်ဆိုတာကလည်း ဒါ့ကြောင့်ဖြစ်ပါပဲ။ အမှန်တိုင်း ပြောရရင် အင်တာဗျူး မယ့်သူက ကျွန်တော် တို့ဆီကနေ ဘာတွေ မျှော်လင့်နေတယ်ဆိုတာ မသိနိုင်တော့ အတော်လေးကို ခက်ခဲတဲ့ကိစ္စတစ်ခုပါ။ ဒါပေါ့၊ အလုပ်အတွက် စကေး တွေလိုအပ်သလို တခြား လိုအပ်နိုင်တဲ့ အရာတွေလည်း အများကြီးရှိသေးတာပဲလေ။
ဒါကြောင့် အင်တာဗျူးသူတစ်ယောက်ရဲ့ ဝန်ထမ်း တွေပေါ်မှာ အဓိကထား ကြည့်တတ်တဲ့ အရာတွေနဲ့ ပတ်သက်ပြီး သဲလွန်စမရှိ ဖြစ်နေမယ်ဆိုရင် အခုဖော်ပြထားတဲ့ အချက်လေးတွေကို ဖတ်ကြည့်လိုက်ပါ။

(၁) မျက်စိ ဆက်သွယ်မှု
လူတွေပေါ်မူတည်ပြီး မျက်စိ ဆက်သွယ်ပုံကလည်း အမျိုးမျိုးရှိပါတယ်။ လူအများစုကတော့ စားပွဲတို့၊ လက်တို့ ကို ကြည့်နေ တာကမှ ယုံကြည်မှုရှိတဲ့ မျက်စိဆက်သွယ်မှုလို့ ထင်နေကြတယ်။ တကယ်တော့ ဒါကလည်း အင်တာဗျူး သူနဲ့ ကိုယ့်ရဲ့ ကြားမှာ အဆက်အသွယ်မရှိတဲ့ သဘောဖြစ်စေပါတယ်။ ဒါကြောင့် အမှတ်ပြည့်ရချင် တယ်ဆိုရင်တော့ သင့်ရဲ့အကြည့်က သူတို့ဆီမှာ ရှိနေဖို့လိုပါတယ်။
(၂) ယုံကြည်မှု
ဒါကိုတော့ သင့်အနေနဲ့ ခဏခဏကြားဖူးရင်လည်း ကြားဖူးပါလိမ့်မယ်။ ဟုတ်လည်း ဟုတ်ပါတယ်။ ယုံကြည်မှု က အောင်မြင်မှုဆီကို တိုက်ရိုက်ဦးတည်စေပါတယ်။ ဘယ်လို နယ်ပယ် မျိုးမှာ သင်ရှိနေတယ်ဆိုတာ အရေးမကြီးပါဘူး။ အင်တာဗျူးသူတစ်ယောက်ဟာ သင့်မှာ ယုံကြည်မှု ဘယ်လောက်အထိ ရှိလဲဆိုတာကိုပဲ ကြည့်တတ်ကြပါတယ်။


(၃) ဆက်သွယ်မှု ပါဝါ
သင့်အနေနဲ့ ဘယ်ဘာသာစကားနဲ့ ဆက်သွယ်နေလဲဆိုတာ အရေးမကြီးပါဘူး။ သင့်ရဲ့ အတွေးအမြင် တွေကို တစ်ယောက်ယောက် နားထောင်အောင် လုပ်နိုင်စွမ်းကကသာ အဓိကပါ။ သင်ဘာကိုပဲပြောပြော ပြောသမျှက တိကျသေချာနေရမယ်။ သင်ပြောလိုက်တဲ့ အဓိကအချက်တွေကို အင်တာဗျူးသူတွေလည်း နားလည်နိုင်ရမယ်။
(၄) သတိရှိမှု
အင်တာဗျူး သူဟာ သင့်ကို ဘောင်အပြင်ဘက်ကို လုံးဝရောက်သွားတဲ့ မေးခွန်း တချို့ကို မေးရင်လည်း မေးခဲ့နိုင်ပါတယ်။ ဒါဟာ သင့်ရဲ့ သတိရှိမှုကို စမ်းသပ်စစ်ဆေးလိုက်တာ ဖြစ်ပါတယ်။ ဒါကြောင့် လုံးဝကို နိုးကြားနေပြီး သူတို့တွေ ဘာမေးမေး အားလုံးဆီကို အာရုံစူးစိုက်ထားပါ။

(၅) လူ့ကျင့်ဝတ်
အရေးအကြီးဆုံး ရာတစ်ခုက လူတိုင်းမှာ ဝန်ထမ်း တစ်ယောက်ရဲ့ ရှိသင့်ရှိထိုက်တဲ့ လူ့ကျင့်ဝတ် တွေ ရှိနေဖို့ လိုပါတယ်။ တကယ်တော့ ဝန်ထမ်း တစ်ယောက်မှာ ရှိသင့်ရှိထိုက်တဲ့ လူ့ကျင့်ဝတ် ဆိုတာ လူတစ်ယောက် အနေနဲ့ ကိုယ့်ကိုယ်ကိုယ် ဘယ်လို သတ်မှတ်ခံယူထားတယ်ဆိုတာနဲ့ အလုပ် တာဝန် တွေ ပေးအပ်လာတဲ့အခါကျရင် ဘယ်လိုကိုင်တွယ်မယ်ဆိုတဲ့ အချက်တွေ ဖြစ်ပါတယ်။ ဒါကြောင့် လူတစ်ယောက်အနေနဲ့ ကိုယ်ကိုယ်ကိုယ် ရောင်ပြန်ဟပ်စေမယ့် အရည်အသွေး ကောင်းတွေ၊ ကျင့်ဝတ်ကောင်းတွေ အပြည့်ရှိနေဖို့က အရေးကြီးပါတယ်။
Reference: youngisthan
Credit : Duwun