အိနိယ နိုင်ငံ Jodhpur ပြည်နယ်ဆေးရုံမှာ ဗိုက်ခွဲမွေးရမယ့် အမျိုးသမီးကို ခွဲစိတ်နေစဉ်မှာ လက်သစ်နဲ့  လက်ဟောင်း ဆရာဝန်နှစ်ဦးဟာ စကားများနေကြတာ နာရီဝက်လောက်ကြာသွားခဲ့လို့  ခုလို ဗိုက်ထဲကခလေး အသက်သေဆုံးသွား ခဲ့ရတာပါ။ ( အောက်ဆုံးတွင် ဗီဒီိယိုဖိုင်တွဲတင်ပေးထားပါသည် )

ဗိုက်ခွဲနေတဲ့တန်းလန်းနဲ့  ခွဲစိတ်တာရပ်ပြီး အခြေအတင်စကားများလေရှည် နေတာကို အနီးက သူနာပြုတွေကလည်း ၀င် မပြောရဲခဲ့ကြပဲ ဖုန်းနဲ့ သာမှတ် တမ်းရိုက်နေခဲ့ကြပါတယ်။

 

ဆရာဝန်နှစ်ဦးဟာ ခွဲစိတ်လူနာကို ကရုမစိုက်ကြပဲ အပြန်အလှန် ခြိမ်းခြောက်နေခဲ့ကြပြီး မိခင်ဗိုက်ထဲကခလေးကို ဆွဲမထု တ်ခဲ့လို့  ခလေးဟာ အသက်ရူရပ်ပြီး သေဆုံးခဲ့ရတာလို့  သိရပါတယ်။

စကားများကြတဲ့ ဆရာဝန်နှစ်ဦးကို တာဝန်ကနေ ရပ်နားလိုက်ပါပြီ၊ မိခင်ကတော့ ကံကောင်းလို့ အသက်မသေတာလို့  thelogicalindian.com သတင်းမှာဖေါ်ပြထားပါတယ်။

 

Posted by Kundan Srivastava on martes, 29 de agosto de 2017

 

Credit: SAW
Social Action for Children and Women – SAW