news
လိပ်ကျွန်းလူသတ်မှုဖြင့် သေဒဏ်ကျခံနေရသော မြန်မာ လုပ်သား နှစ်ဦး အတွက် နောက်ဆုံးတင်သွင်းရမည့် အယူခံကို သြဂုတ် ၂၁ ရက်မတိုင်မီ တင်သွင်းမည်ဖြစ်ကြောင်း ထိုင်းနိုင်ငံဆိုင် ရာ မြန်မာ သံအမတ်ကြီး ဦးမျိုးမြင့်သန်းက ပြောကြားသည်။

သေဒဏ် ကျခံနေရသော မြန်မာ လုပ်သား နှစ်ဦး အမှု အတွက် နောက်ဆုံး အယူခံ ကို သြ ဂုတ် ၂၁ ရက်နောက်ဆုံးထား တင် သွင်းရန် ထိုင်းနိုင်ငံ ကော့စမွီတရားရုံးကဆုံးဖြတ်ထားပြီး မြန်မာ ဘက်က ယင်းရက်မတိုင်မီ တင်သွင်းရန် စီစဉ်နေသည်။

သြဂုတ် ၁၅ ရက်တွင် ယင်း အမှု အတွက် မြန်မာ သံအမတ်ကြီး အပါအ၀င် မြန်မာ သံရုံး အထူးအ ဖွဲ့နှင့် ထိုင်းနိုင်ငံရှေ့နေများ ကောင်စီတို့ တွေ့ဆုံဆွေးနွေးပြီးမှ အယူခံတင်မည့်ရက်ကို သိရမည် ဖြစ်သည်။ နောက်ဆုံးတင်သွင်းရမည့် အယူခံတွင် ထည့်သွင်းအသုံးပြု ရန် မြန်မာဥပဒေအကြံပေးကိုယ် စားလှယ်အဖွဲ့က စာမျက်နှာခုနစ် မျက်နှာ ပါရှိသည့် အထူးအကြံပြု ချက်များကို ထိုင်းနိုင်ငံ ရှေ့နေ များ ကောင်စီထံ ပေးအပ်ထားကြောင်း မြန်မာသံရုံးအထူးအဖွဲ့မှ ဦးထူး ချစ်က ပြောသည်။

‘‘ထိုင်း ရှေ့နေ များ ကောင်စီ အနေနဲ့လည်း ပိုမိုတိကျတဲ့စနစ် တကျပြင်ဆင်မှုတွေ လုပ်ထား ပါတယ်။ နောက်ဆုံးအယူခံမှာ ကလေးတွေ ကံကောင်းလိမ့်မယ် လို့ မျှော်လင့်ပါတယ်’’ဟု ဦးထူး ချစ်က ပြောသည်။

အယူခံတွင် မြန်မာအကြံ ပေးအဖွဲ့က ပေးပို့သည့်အချက် နှင့် ထိုင်းနိုင်ငံ ရှေ့နေ များ ကောင်စီ က ရွေးချယ်ထားသည့် အချက် များကို စုပေါင်းတင်ပြမည်ဖြစ် ကြောင်း ကိုမင်းဦးက ပြောသည်။

READ  လုပ်သား တွေ တစ်ပတ်နှစ်ရက်နားရမယ့် ဥပဒေ ထိုင်ဝမ်ထုတ်ပြန်

မြန်မာ ဥပဒေ အကြံပေး အဖွဲ့ က လိပ်ကျွန်း အမှု နှင့်ပတ်သက်၍ ဥပဒေအကြံပြုချက်ပေးပို့ခြင်း သည် ပထမဆုံးဖြစ်ပြီး ယခင်က အမှုလုပ်ငန်းစဉ်အဆင့်ဆင့်တွင် ယင်းသို့ ဥပဒေ အကြံပြုချက်ပေး ပို့ခြင်းမရှိပေ။ သေဒဏ်အပြစ် ပေးခံထားရသော မြန်မာ လုပ်သား နှစ်ဦးကို အပြစ်မှလွတ်ငြိမ်း ချမ်းသာခွင့်ပေးရန် ထိုင်းလူမျိုး များ ယုံကြည်အားထားကြသော အကြားအမြင်ဆရာမအီးတီက မေလ ၃ ရက်၌ မြန်မာနိုင်ငံ ဆိုင် ရာ ထိုင်း သံအမတ်ကြီး နှင့် တွေ့ ဆုံ၍ အသနားခံစာပေးပို့ခဲ့သည်။

အယူခံ တင်သွင်းမှု ကို ထိုင်း အစိုးရ ကမတ်လ ၂၃ ရက်အတွင်း တင်သွင်းရန် မူလကသတ်မှတ် ထားသော်လည်း ပြင်ဆင်ချိန်မလုံ လောက်၍ အချိန်တိုးပေးရန် မြန်မာသံရုံး အထူးအဖွဲ့က ပထမဆုံးအကြိမ် တောင်းဆိုရာ ဧပြီ ၂၃ ရက်အထိ တိုးပေးခဲ့သည်။

ယင်းသတ်မှတ်ချိန်လည်း မလုံလောက်သဖြင့် အယူခံတင် ရန် အချိန် ကိုငါးကြိမ် အထိ ထပ် တိုးတောင်းခဲ့ရသည်။ အယူခံတင်သွင်းမှုကို ထိုင်းနိုင်ငံအယူခံအောက်တရားရုံးက ယခုနှစ်ဖေဖော်ဝါရီ ၂၃ ရက်တွင် ပယ်ချခဲ့ပြီး သေဒဏ်ကို ဆက်လက်အတည်ပြုခဲ့သည်။

Credit : 7day daily  

LEAVE A REPLY