“မေမေ …ခွေး တွေက စာဖတ် တတ်လားဟင်”
အိ မ်က အစ်မ နဲ့ သူ့သား ကျုပ်တူပြောနေကြတာလေ
“ငါ့သားကလဲ
ဘယ် ခွေး က စာတတ် မှာလဲကွယ်”
“အာ့ဆို ဦးဦး  ခွေး ဆီ စာရေး တယ်
ဝဆွဲ(၀)တွေကျန်နေလို့ သား တောင်ဖြည့်ပေးလိုက်သေးတယ်”
ဟင်………ဘာတွေလဲ သားရ ယ် …
______________________________________
သား လဲမေးပြီး ခဏကြာသော် …
“အစ်မ ညည်းသား ညည်းရိုက်မလား . ငါရိုက်ရမလား”
“ဟင် … ဘာလို့လဲ…ငါ့ မောင် ရယ်”
“ငါ့ ခေး ဆီ ချော့တဲ့စာ
သူလျောက်ဖြည့်ထားတယ် … စာ ကပေးပြီးပြီ”
“ခေး ……ဆိုတာက”
“ငါ့ချစ်သူလေ ငါ့ထက်ငယ်လို့
ခေး ခေး လို့ခေါ်တာ”
ကျုပ်နဲ့ အဲ ခေး ပြတ်ပြီလေ
ပြတ်မှာပေါ့ ကျုပ်ပေးတဲ့စာက တမျိုး …
အစ်မတူ ဝဆွဲ ဖြည့်လိုက်တော့ မပြတ်ပဲနေမလား …
ကျုပ်က ချစ်စနိုး ခေး လို့ခေါ်တာလေ
သူက ဝဆွဲ ဖြည့်လိုက်တော့ …
____________________________________
သို့
………ခွေး
ကိုကို စာရေးလိုက်တယ်
ခွေး စားချင်တာကျွေးမယ်လေ နော်
ပိုက်ဆံ ပြတ်နေလို့ပါ ခွေး ရယ်
ကိုကိုပါတဲ့နေ့ ခွေး ကို အဝကျွေးမယ်
ခွေး က လမ်းဘေးစာကြိုက်တယ်နော်
ယင်နားစာ တွေ မစားပါနဲ့လား ခွေး ရယ်
ကိုကိုစိတ်ပူလို့ပါ
ခွေး စားချင် ကိုကို ပါတာနဲ့ ကျွေးပါ့မယ်
စိတ်မဆိုးတော့နဲ့
ခွေး ရဲ့ကိုကို
……………………………………………………………
အဲစာပေးလိုက်တာမပြတ်နေမလား
ကျုပ်တူကို နင်းကန်ရိုက်ပစ်ချင်တာ အစ်မကတားလို့ပေါ့
သူ့စေတနာက ကျုပ်တော့ပါးချမခံရတာကံကောင်း
Credit : စကားလုံးမရှိသောကောင်းကင်

READ  ညီမ စိတ်တွေ ထိန်းလို မရတော့လို့ပါ အကိုရယ်

 

LEAVE A REPLY