လှချင်ရက် စက်စက်ယို၊ ပြင်လွန်းတော့ ပျက်ဆိုတာမျိုးပါ။ ဘာဘီ အရုပ် လိုမျိုး ရုပ်ရည်မျိုးပိုင်ဆိုင်ချင် လို့ မျက်နှာ နဲ့ ခန္ဓာကိုယ် အစိတ် အပိုင်းတချို့ ခွဲစိတ် ပြုပြင်မှုတွေ ပြုလုပ်ထားတဲ့ အမျိုးသား တစ်ဦးဟာ ခွဲစိတ် ပြင်ဆင်မှု လွန်ကဲသွားလို့ ပါးစပ် ပိတ်လို့မရတော့တဲ့ အခြေအနေနဲ့ ဒုက္ခရောက်နေခဲ့ပါတယ်။

ဂျွန်နက်သန်လို့ ခေါ်တဲ့ အမျိုးသား က သူ့ရဲ့ မျက်နှာ ပေါ်က မျက်လုံး၊ မျက်ခုံး၊ နှာတံနဲ့ နှုတ်ခမ်းတွေကို ဘာဘီယောက်ျားလေး အရုပ် နဲ့ တူအောင် ခွဲစိတ် ပြုပြင်မှုပြုလုပ်ခဲ့ပါတယ်။ ဒါက သူ့ရဲ့ငယ်စဉ်ကတည်းက ဖြစ်ချင်ခဲ့တဲ့ ဆန္ဒနဲ့ ရူးသွပ်မှုအလျှောက် ဘဝတစ်လျှောက်လုံး နေထိုင်လာခဲ့တယ်လို့ ဆို ပါတယ်။

ပြီးခဲ့တဲ့တစ်ခေါက် နောက်ဆုံးတစ်ကြိမ်ပြုလုပ်ပြီးတဲ့နောက်မှာ သူ့ရဲ့နှုတ်ခမ်းကို ပိုမိုကြီးမားပြီး နှုတ်ခမ်း အစုံ ဖူးဖူးဖြစ်အောင် ဆေးထိုးပြုပြင်ခြင်းပြုလုပ်ရာကနေ အခုလိုမျိုး နှုတ်ခမ်း လုံးဝပိတ်လို့မရတော့တဲ့ အခြေအနေအထိ ဖြစ်သွားခဲ့တာဖြစ်ပါတယ်။

သူက သူ့မျက်နှာ ပေါ်က ပြင်ဆင်မှုအစိတ်အပိုင်းတချို့ထဲက နှုတ်ခမ်း ပြုပြင် ခွဲစိတ် ခြင်း ကို ပိုမိုကြိုက်နှစ် သက်ခဲ့ပြီးတော့ သုံးလတစ်ကြိမ် နှုတ်ခမ်းသား ဖူးလာအောင် ပြုပြင် ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ အသက် ၂၅ နှစ်အရွယ်ကတည်းက ဘိုတောက်စ်တိုးခြင်းနဲ့ ပြုပြင် ခွဲစိတ် ခြင်း တွေပြုလုပ်ခဲ့ပြီးတော့ ပြီးခဲ့တဲ့ ၂ နှစ်ကတည်းက စတင်ကာ နှုတ်ခမ်းသား တွေကို နှုတ်ခမ်းသား ဖြည့်တင်းဆေးအဆီတွေ ၁၁ ကြိမ်ခန့်ထိုးသွင်းခဲ့ပြီးဖြစ်ပါတယ်။

မကြခဏဆိုသလို နှုတ်ခမ်း ဆေးထိုးသွင်းခြင်းတွေပြုလုပ်လို့ အခုတော့ ပိတ်ထားလို့မရအောင်ကို ပါးစပ် ပွင့်လျှက်အခြေအနေဖြစ်ကာ အရေပြားဆဲလ်နဲ့ သွေးကြောတွေ သေဆုံးနိုင်ကာ နှုတ်ခမ်းအလွှာ ပျက်စီးဆုံးရှုံးရမယ့်အထိ ဖြစ်လာနိုင်တယ်လို့ သိရပါတယ်။

Credit: ရွှေအင်းလေး