စိတ်မာယာ ရုပ်ရှင် ဇာတ်ကား မှာ ပါဝင်ထားတယ်လို့ သိရပါတယ်။
အနုပညာ လောက နဲ့ (၂)နှစ်ခန့် အဆက်အသွယ်ပြတ်သွားတဲ့ မေကဗျာ ကတော့ ဇာတ်ကား တွေ ပြန်ရိုက်နေတာကို တွေ့ရပါတယ်။ ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်းလောက်က စပြီး ဇာတ်ကား တွေ ပြန်လည်ရိုက်ကူးနေတာ ဖြစ်ပါတယ်။
လက်ရှိမှာ ဒါရိုက်တာ ဝင်းထွန်းထွန်း ရိုက်ကူးနေတဲ့ စိတ်မာယာ ဇာတ်ကား မှာ ပါဝင် သရုပ်ဆောင် နေတယ်လို့ သိရပါတယ်။

“အစကတည်းက ဒီ အနုပညာ အလုပ် ကို ကိုယ်ကလုပ် မယ်၊ မလုပ်ဘူး ချိန်နေတာ။ ဒါ ပေမဲ့ နှစ်မကုန်ခင်လောက်က တည်းက ပြန်ရိုက်လိုက်ဦးမယ်ဆို ပြီး ပြန်စရိုက်ရာကနေ တောက် လျှောက်ရိုက်ကူးဖြစ်နေတာပေါ့။ ဘယ်လိုကြောင့် ရယ်တော့ မပြော တတ်ပါဘူး။ ရုပ်ရှင်ကားကြီး၊ ဇာတ်လမ်းတွဲ နဲ့ ဗီဒီယိုလေးတွေ ဆက်တိုက်ဆိုသလို ရိုက်ဖြစ်နေ တယ်’’ လို့ သူမက ဆိုပါတယ်။
စိတ်မာယာ ဇာတ်ကားပြီးသွားရင်လည်း မန္တလေး မှာ ဗီစီဒီ ရိုက်ကူးဖို့နဲ့ စက်တင်ဘာ(၈)ရက်နဲ့ (၉)ရက်နေ့တွေမှာ လုပ်မယ့် ဇာတ်မင်းသားချမ်းသာဇာတ်ပွဲအတွက်ပြဇာတ်တိုက်ဖို့ ရှိတယ်လို့ သိရပါတယ်။

အနုပညာ လုပ်ငန်း တွေအပြင် စီးပွားရေး လုပ်ငန်းအနေနဲ့ မြောက်ဒဂုံနားမှာ Royal Princess ဆိုတဲ့ ကွန်ပျူတာ ပန်းထိုးစက်ရုံလေး လုပ်ထားတာရှိတယ်လို့ သိရပါတယ်။ အခုလက်ရှိ ဇာတ်ကား တွေ ပြန်ရိုက်နေပြီ ဖြစ်တာကြောင့် စီးပွားရေးပိုင်းကို မိခင် ကပဲ ဦးစီးလုပ်ကိုင်ပေးဖြစ်နေပါတယ်တဲ့။
မေကဗျာ ကတော့ ယခုလအတွင်း ဒါရိုက်တာ မောင်မျိုးမင်း ရိုက်ကူးမယ့် Rose Rider ဇာတ်ကား မှာလည်း ပါဝင်သရုပ်ဆောင်ဖို့ ရှိနေသလို နှင်းဆီအဖွဲ့နဲ့အတူ စက်တင်ဘာမှာ အမေရိကသို့ ဖျော်ဖြေရေးသွားဖို့ ရှိတယ်လို့ သိရပါတယ်။
Source & Photo : 7day Daily
Credit : Duwun

READ  သားဖြစ်သူအတွက် အမြဲတမ်းဂုဏ်ယူနေရတယ် ဆိုတဲ့ အေးအေးခိုင်

 

LEAVE A REPLY