အိပ်ရေး ပျက်ခြင်းကြောင့် ဟော်မုန်းအပြောင်းအလဲဖြစ်ကာ နှလုံးခုန်နှုန်း မြန်လာပြီး သွေးတိုး လာနိုင်သည်။ ယင်းအခြေအနေများ ကြောင့် ခေါင်းကိုက်နိုင်သည်။

Ibuprofen (သို့မဟုတ်) Naproxen ဆေးတို့ကဲ့သို့ အလွယ် တကူ ဝယ်ယူနိုင်သော ဆေးဝါးများက ယင်းအခြေအနေကို သက် သာစေနိုင်သည်။

သို့သော် ညဘက် ကိုးနာရီထက်ကြာအောင် အိပ်စက်ခြင်း ကြောင့်လည်း ဦးနှောက် သို့ သွေးစီးဆင်းမှု လျော့ကျစေကာ ခေါင်း ကိုက်နိုင်သည်။

Endorphin ဟုခေါ်သော ဟော်မုန်း များ နည်းပါးခြင်းကြောင့် ဦးနှောက် သို့ ပို့ဆောင်သောသွေးကြောများ ကျဉ်းမြောင်းသွား၍ ခေါင်းကိုက်နိုင်သည်။

ညပိုင်းအရက်အနည်းငယ်သောက်လျှင်ပင် ရေဓာတ်ခန်း ခြောက်နိုင်ပြီး ဦးနှောက် သို့ သွေးစီးဆင်းမှု ပမာဏသည် လျော့နည်း စေသဖြင့် နံနက်ပိုင်းခေါင်းကိုက်နိုင်သည်။

အကောင်းဆုံးနည်းလမ်းသည် ရေဓာတ် ပြန်ဖြည့်ခြင်းဖြစ်ပြီး ဗီတာမင်စီ ဆေးပြား များက အရက်ကြောင့် ထိခိုက်မှုများအတွက် အသည်း၏ လုပ်ဆောင်ချက်များကို အထောက်အကူပြုနိုင်သည်။

ညဘက်အိပ်စက်ချိန်တွင် အဆက်မပြတ်ဟောက်တတ်ခြင်း ကြောင့် ဦးနှောက် က အောက်ဆီဂျင် ရရှိနိုင်မှု ထိခိုက်စေနိုင်သည်။ အောက်ဆီဂျင် နည်းပါးခြင်းကြောင့် ဦးနှောက် သွေးကြော များ သွေး စီးဆင်းမှု ပိုများကာ ဦးနှောက် ကို ဖိအားဖြစ်စေပြီး ခေါင်းကိုက်နိုင် သည်။

ကော်ဖီ သောက်ပြီး နောက်ကျမှအိပ်ရာဝင်ခြင်းကြောင့်လည်း သွေးကြော များပိုကျယ်လာကာ ခေါင်းကိုက်နိုင်သည်။

စိတ်ဓာတ်ကျခြင်းနှင့် ဆက်စပ်သည့်ခေါင်းကိုက်ဝေဒနာများ အချိန်မရွေး ခံစားရနိုင်သည်။ စိတ်ဓာတ်ကျပါက ဆရာဝန်နှင့် တိုင်ပင်ဖြေရှင်းသင့်သည်။

သွေးတိုး နေခြင်းကြောင့်လည်း မကြာခဏ ခေါင်းကိုက် နိုင် သည်။ သို့သော် ခေါင်းကိုက် ရသည့် အကြောင်းရင်းများစွာရှိသော ကြောင့် ငုပ်လျှိုးနေသော အကြောင်းရင်း ရှိ၊မရှိ ဆရာဝန်နှင့် စစ် ဆေးကြည့်ပြီးမှ ကုသမှုခံယူသင့်သည်။

—Ref:MNT
Credit : 7day daily