ဒီပွဲမှာ မြန်မာ ဘောလုံး ပရိတ်သတ် များအတွက် လက်မှတ် စောင်ရေ ၂၃၀၀ ကို မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ် က မလေးရှား ဆီးဂိမ်း ပြိုင်ပွဲ ကျင်းပရေးထံမှ ဝယ်ယူကာ အခမဲ့ဝေငှသွားမည်ဟု သိရသည်။ ဒီပွဲမှာ ဘောလုံး ပွဲ ဂိတ်အမှတ် တစ်ခုတည်းကိုသာ ဖွင့်ပေးမည်ဟု သိရသည်။

 

မလေးရှားနိုင်ငံ တွင် ကျင်းပလျှက်ရှိသည့် ဆီးဂိမ်း ပြိုင်ပွဲ အားကစားနည်း များတွင် မြန်မာ့ရိုးရာ ခြင်းလုံး ဖြင့် ရွှေတံဆိပ် တစ်ခု ဆွတ်ခူးထားပြီဟု သိရသည်။ ဘောလုံး ပွဲစဉ် များဟာလည်း ပွဲဦးထွက် ရလာဒ်ကောင်း များ ပိုင်ဆိုင်ထားသည်။

 

စင်ကာပူကို ၂ ဂိုး ဂိုးမရှိ။ လာအိုကို ၃ ဂိုး ၁ ဂိုး ရလာဒ်များဖြင့် အနိုင်ယူထားသည်။ မြန်မာပရိသတ်များကလည်း မလေးရှားတွင်ရော မြန်မာပြည် တွင်ပါ တခဲနက် အားပေးနေကြသည်။ ရန်ကုန်နှင့် မန္တလေး မြို့ကြီး များတွင် LED ဘုတ်ကြီးများဖြင့် လမ်းပြည့်လမ်းလျှံ အားပေးနေကြသည်။

 

မြန်မာ ပရိတ်သတ် က မလေးရှား တွင်ရော မြန်မာပြည် တွင်းမှာပါ စိတ်ဝင်စားမှု မြင့်တက်လျှက်ရှိသည်။ မြန်မာ အမျိုးသား ဘောလုံး အသင်း က နှစ်ပွဲကစား နှစ်ပွဲလုံး ရမှတ်ကောင်းဖြင့် အနိုင်ရရှိထားပြီး အမျိုးသမီး အသင်း ကလည်း သြဂုတ်လ ၁၇ ရက်နေ့က အိမ်ရှင်မလေးရှားကို ၅ ဂိုး ဂိုးမရှိဖြင့် အပြတ်အသတ် အနိုင်ရရှိထားသည်။

ဆီးဂိမ်း အိမ်ရှင် အဖြစ်ကျင်းပနေသည့် မလေးရှား ၏ ဆောင်ရွက်မှုများဟာ မြန်မာ ပရိတ်သတ် များအတွက် စိတ်မကျေနပ်စရာအချို့ရှိခဲ့သည်။

Credit : PannPwint