မြန်မာ ယူ ၁၈ နဲ့ အင်တာမီလန် ယူ ၁၈ အသင်း တို့ရဲ့ ခြေစမ်းပွဲကို သြဂုတ် ၁၁ ရက်က ယှဉ်ပြိုင် ကစားခဲ့ရာမှာ အင်တာမီလန် က ၄ ဂိုး ၂ ဂိုးနဲ့အနိုင်ရခဲ့ပါတယ်။

မြန်မာ ယူ ၁၈ အသင်း ဟာ ပထမပိုင်းမှာ ကစားကွက် တည်မရခဲ့တာကြောင့် ပွဲချိန် ၁၆ မိနစ် ၂၀ မိနစ်နဲ့ ၄၁ မိနစ်တွေမှာ ဦးဆောင်ဂိုးတွေ ပေးခဲ့ရတာပါ။

ဒုတိယပိုင်းမှာ ကစားကွက် ပြောင်းလဲခဲ့တဲ့ မြန်မာ ယူ ၁၈ အသင်း ဟာ အင်တာမီလန် ယူ ၁၈ အသင်း ကို ဘောလုံး ပိုင်ဆိုင်မှုအသာနဲ့ ဖိအားပေးတိုက်စစ်ဆင်နိုင်ခဲ့ပါတယ်။

ပွဲချိန် ၅၄ မိနစ်မှာ မြန်မာ နောက်တန်းအမှားကနေတဆင့် အင်တာမီလန် က တစ်ဂိုးထပ်သွင်းပါတယ်။

ကစားကွက်ကောင်းလာတဲ့ မြန်မာ အသင်း ဟာ ပွဲချိန် ၆၂ မိနစ်မှာ ပင်နယ်တီကတစ်ဆင့် ပြည့်စုံနိုင်က ပထမချေပဂိုးသွင်းခဲ့ပါတယ်။ ပွဲချိန် ၆၈ မိနစ်မှာလည်း ကွင်းလယ် ကစားသမား မြတ်ကောင်းခန့်က ဧရိယာ ထိပ်ကနေ ကန်သွင်းပြီး ဒုတိယချေပဂိုးရခဲ့ပါတယ်။

နောက်ပိုင်းပွဲချိန်တွေမှာလည်း မြန်မာ အသင်း က ဘောလုံး ပိုင်ဆိုင်မူ အသာရခဲ့ပေမယ့် အင်တာမီလန် အသင်း က လူစားလဲမှုတွေလုပ်ပြီး ထိန်းကစားခဲ့တာကြောင့် ၄ ဂိုး ၂ ဂိုးနဲ့ မြန်မာ လူငယ် အသင်း ရှုံးနိမ့်ခဲ့တာပါ။

READ  ပုံမှန်ကစားဟန် ပြန်ရဖို့အတွက် အချိန်ပြန်ယူရမယ်လို့ ဆိုတဲ့ Ibrahimovic

မြန်မာယူ ၁၈ အသင်းဟာ လာမယ့် သြဂုတ် ၁၃ ရက်မှာလည်း အင်တာမီလန် ယူ၁၈ နဲ့ ဒုတိယအကြိမ် ဆက်ပြီးခြေစမ်းမှာဖြစ်ပါတယ်။

Credit : DVB

LEAVE A REPLY