မြန်မာ နိုင်ငံ အလံ ကို ဖိလစ်ပိုင် ဟု စာသားရေးထိုးဖော်ပြခဲ့ပြီး ဖိလစ်ပိုင် နိုင်ငံ အလံ ကို မြန်မာ ဟု မှားယွင်းဖော်ပြခဲ့ တာလည်း ဖြစ်ပါတယ်။၂၉ ကြိမ်မြောက်အရှေ့တောင်အာရှ အားကစား ပြိုင်ပွဲ တွေကို လက်ခံကျင်းပနေတဲ့ မလေးရှား နိုင်ငံအနေနဲ့ မှားယွင်းချွတ်ချော်မှုများစွာကို ပြုလုပ်ခဲ့ပြီး ယခုအခါမှာလည်း နိုင်ငံအလိုက်ရွှေတံဆိပ် ရရှိမှု အဆင့်ရပ်တည်မှုဇယားကို ဖော်ပြရာမှာ မြန်မာ အလံ နဲ့ ဖိလစ်ပိုင်အလံ ကို မှားယွင်းဖော်ပြခဲ့ပါတယ်။

မလေးရှား Broadcasting တီဗီ တစ်ခုက ဖော်ပြတဲ့ သြဂုတ်လ ၂၅ ရက်နေ့အထိ နိုင်ငံအလိုက် ရွှေတံဆိပ် ရရှိမှုစာရင်းကို ဖော်ပြရာတွင် မြန်မာနိုင်ငံအလံ ကို ဖိလစ်ပိုင် ဟု စာသားရေးထိုးဖော်ပြခဲ့ပြီး ဖိလစ်ပိုင် နိုင်ငံ အလံ ကို မြန်မာ ဟု မှားယွင်းဖော်ပြခဲ့တာလည်းဖြစ်ပါတယ်။
အဆိုပါ ဖြစ်ရပ်နဲ့ ပက်သက်ပြီးမလေးရှားပြည်သူတစ်ဦးက ” အရမ်းကို စိတ်မကောင်းစရာ အခိုက်အတန့်ပါပဲ။ဒီလိုဖြစ်ရပ်အတွက် မလေးရှား ပြည်သူ တွေအနေနဲ့ နိုင်ငံကိုမုန်းဖို့မလိုပါဘူး။အစိုးရကိုသာ မုန်းတီးဖို့လိုတာပါ။ဒီလိုအကြောင်းအရာကို ထောက်ချင့်ခြင်းဖြင့် မလေးရှား နိုင်ငံ ဟာ မတိုးတက်သေးဘူးလို့ လက်ခံရမှာပါ” လို့ ရေးသားဖော်ပြခဲ့တာကိုလည်း တွေ့မြင်ရပါတယ်။

အဆိုပါ အလံမှားယွင်းဖော်ပြမှုဟာ မလေးရှား နိုင်ငံ အနေနဲ့ ဆီးဂိမ်း ကျင်းပတဲ့ ကာလအတွင်း ဒုတိယအကြိမ်မှားယွင်းမှု ဖြစ်ပြီး ပထမ အကြိမ် မှာ အင်ဒိုနီးရှား နိုင်ငံ အလံကို လက်ကမ်းစာစောင်မှာ စောက်ထိုးဖော်ပြခဲ့ခြင်းလည်းဖြစ်ပါတယ်။ အဆိုပါ မှားယွင်းမှုကြောင့် မလေးရှား ၀န်ကြီးအနေနဲ့ အင်ဒိုနီးရှားနိုင်ငံကို တရားဝင် ပြန်လည်တောင်းပန်မှု ပြုလုပ်ခဲ့တယ်လို့လည်းသိရပါတယ်။
လက်ရှိအချိန်မှာတော့ ဆီးဂိမ်း ပြိုင်ပွဲ ကာလ ဟာ ပြီးဆုံးဖို့ ရက်အနည်းငယ်သာ ကျန်ရှိနေတော့ပြီး မနက်ဖြန် သြဂုတ်လ ၂၆ ရက်နေ့ မြန်မာ စံတော်ချိန် မွန်းလွဲ ၂ နာရီခွဲမှာ မြန်မာအသင်းနဲ့ ထိုင်းအသင်း တို့ဟာ အမျိုးသားဘောလုံးပြိုင်ပွဲ ဆီးမီးဖိုင်နယ် အဖြစ် ယှဉ်ပြိုင် ကစားကြမှာ ဖြစ်ပါတယ်။

Credit : Duwun