ဖိလစ်ပိုင် အသင်း အနေနဲ့ ရဂိုး ၂ ဂိုး ပေးဂိုး ၁၀ ဂိုးထိ ရှိထားသလို နောက်ဆုံးပွဲ မကစားခင် ရမှတ် ၃ မှတ်သာရရှိထားတာကြောင့် မြန်မာ အသင်း အနေနဲ့ တတိယဆု ရရှိဖို့ သေချာသလောက် ရှိနေတာလည်း ဖြစ်ပါတယ်။

မနေ့က ယှဉ်ပြိုင်ကစားခဲ့တဲ့ မြန်မာ  အမျိုးသမီး အသင်း နဲ့ ဖိလစ်ပိုင်အမျိုးသမီးအသင်းတို့ ပွဲတွင် မြန်မာအသင်းက ၆-၀ ဂိုးနဲ့ အနိုင်ရရှိခဲ့တာ ကြောင့် မြန်မာ  အမျိုးသမီး အသင်း အနေနဲ့ တတိယ ကြေးတံဆိပ် ဆု ဆွတ်ခူးနိုင်ဖို့ သေချာသလောက် ရှိနေခဲ့ပြီ ဖြစ်ပါတယ်။

မြန်မာအသင်း အနေနဲ့ ပွဲစဉ်တစ်လျှောက် ရဂိုး ၁၄ ဂိုးရရှိထားပြီး ပေးဂိုး ၆ အထိရှိတာကြောင့် ဂိုးကွာခြားချက် ၈ ဂိုးအထိ ရရှိထားတာလည်း ဖြစ်ပါတယ်။ အဆင့် ၄ နေရာမှာ ရပ်တည်နေတဲ့ ဖိလစ်ပိုင် အသင်း အနေနဲ့ ရဂိုး ၂ ဂိုး ပေးဂိုး ၁၀ ဂိုးထိ ရှိထားသလို နောက်ဆုံးပွဲမကစားခင် ရမှတ် ၃ မှတ်သာရရှိထားတာကြောင့် မြန်မာ အသင်း အနေနဲ့ တတိယဆု ရရှိဖို့ သေချာသလောက် ရှိနေတာလည်း ဖြစ်ပါတယ်။
အဆိုပါ ပွဲအပြီးတွင် KBZ Bank က အမေရိကန်ဒေါ်လာ ၁၀၀၀၀ချီးမြှင့်ပေးခဲ့တာကြောင့် မြန်မာအမျိုးသမီးအသင်းအနေနဲ့ ဆုကြေးငွေ စုစု ပေါင်း အမေရိကန်ဒေါ်လာ ၃၀၀၀၀ အထိ ရရှိထားပြီ ဖြစ်တာလည်း ဖြစ်ပါတယ်။

မူလက မလေးရှား ကို အနိုင်ရရှိခဲ့တဲ့ ပွဲအပြီးမှာလည်း KBZ Bank က ဆုကြေးငွေ အမေရိကန်ဒေါ်လာ ၁၀၀၀၀ ချီးမြှင့်ခဲ့သလို မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ဥက္ကဌ ဦးဇော်ဇော်ရဲ့ ဇနီးဒေါ်ဌေးဌေးခိုင်နဲ့ အမျိုးသမီး ဘောလုံးကော်မတီအဖွဲ့
ဝင်များကလည်း သြဂုတ်လ ၁၉ ရက်နေ့က အမေရိကန်ဒေါ်လာ ၁၀၀၀၀ ပေးအပ်ထားခဲ့တာကြောင့် လက်ရှိအချိန်မှာတော့ ဆုကြေးငွေ အမေ ရိကန်ဒေါ်လာ ၃၀၀၀၀ အထိ ရရှိပြီးတာလည်း ဖြစ်ပါတယ်။
မြန်မာ အမျိုးသမီး အသင်း အနေနဲ့ ၂၉ ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲတွင် ထိုင်းအသင်းကို ၂-၃ ဂိုးနဲ့ ရှုံးနိမ့်ခဲ့သလို၊ဗီယက်နမ် အသင်းကိုလည်း ၃-၁ ဂိုးနဲ့ ရှုံးနိမ့်ခဲ့ပါတယ်။ အိမ်ရှင် မလေးရှား အသင်း ကိုတော့ ၅-၀ ဂိုးနဲ့လည်းကောင်း၊ဖိလစ်ပိုင် အသင်းကိုတော့ ၆-၀ ဂိုးနဲ့လည်းကောင်း အသီးသီးအနိုင်ရရှိခဲ့ပြီး အုပ်စု အဆင့် တတိယရရှိခဲ့တာလည်း ဖြစ်ပါတယ်။
မြန်မာအသင်း အနေနဲ့ လက်ကျန်ပွဲကစားစရာ မကျန်တော့ပဲ အမျိုးသမီးအုပ်စု နောက်ဆုံးပွဲစဉ်တွေကိုတော့ သြဂုတ်လ ၂၄ ရက်နေ့ မှာ ဆက်လက်ယှဉ်ပြိုင်သွားမှာ ဖြစ်ပြီး ထိုင်းအသင်းနဲ့ ဖိလစ်ပိုင်အသင်း၊ဗီယက်နမ်အသင်းနဲ့ အိမ်ရှင်မလေးရှားအသင်းတို့ တွေ့ဆုံ ယှဉ်ပြိုင် သွားမှာ ဖြစ်ပါတယ်။

Credit : Duwun