Asean Song Contest ပြိုင်ပွဲ မှာ သီချင်း နောက်ခံ ဒေါ်အောင်ဆန်းစုကြည် ဓာတ်ပုံ ထည့်ဖြစ်တဲ့ကို အကြောင်းကို နီနီခင်ဇော် ပြောပြခဲ့ပါတယ်။ ဗီယက်နမ်နိုင်ငံ တွင် ကျင်းပခဲ့တဲ့ Asean Song Contest သီချင်းဆိုပြိုင်ပွဲမှာ ဒုတိယဆုရခဲ့တဲ့ တေးသံရှင်နီနီခင်ဇော်က ပွဲနဲ့ ပတ်သတ်ပြီးတော့ The voice အင်တာဗျူး မှာ အခုလိုဖြေထား တာကို တွေ့ရပါတယ်။ “Myanmar Pro နဲ့ MRTV က စေလွှတ်တာပါ။ Myanmar Pro က နီတို့ကို recommend ပေးတာနဲ့ ဆရာရွှေဂျော်ဂျော်၊ ဆရာမြင့်မိုးအောင်တို့ရဲ့အကူအညီနဲ့ သွားပြိုင်ဖြစ်တာပါ။ ကိုယ်လည်း Challenge လုပ်ချင်တယ်။ ကိုယ့်ရဲ့မြန်မာနိုင်ငံရဲ့ သီချင်း တွေနဲ့ ဝင်ရောက်ယှဉ်ပြိုင်ချင်တဲ့ စိတ်နဲ့သွားရောက်ဖြစ်တာပါ ” လို့ပြောထားပါတယ်။

 

မျှော်လင့်ချက်တစ်စုံတစ်ရာ သီချင်း ဆိုဖြစ်ပုံကိုလည်း”နီနီ မြန်မာနိုင်ငံ အတွက် ဂုဏ်ယူရတဲ့ ဒီ သီချင်း လေးကို ရွေးချယ်ဆိုဖြစ်တာပါ။ နီနီ နောက်ဆုံးမှာ LED ပြလိုက်တာ အားလုံး အာဆီယံ မှာရှိတဲ့ ခေါင်းဆောင် တွေလက်တွဲထားတဲ့ ပုံလေးနဲ့အဆုံးသတ်လိုက်ပါတယ်။ ဒီ သီချင်း လေးကနေ အဓိပ္ပာယ်ရှိတဲ့ ရသလေးတစ်ခုပေးလိမ့်မယ်ထင်တာနဲ့ ရွေးချယ်ဖြစ်တာပါ။ အခုရလာတဲ့ဆုကလည်း မြန်မာနိုင်ငံအတွက် သယ်ဆောင်ပေးလာတာပါ။ နီနီ့ အတွက်မဟုတ်ပါဘူး ” လို့ The voice မှာ ပြောထားပါတယ်။ ဆုရရှိတဲ့အပေါ် ခံစားချက်နဲ့ပတ်သတ်ပြီးတော့လည်း “မြန်မာပြည် အတွက် နီနီ အရမ်းပီတိဖြစ်ရပါတယ်။ နီနီ အခုဆုရတာက Team Work ကောင်းကောင်းနဲ့ လုပ်ခဲ့လို့ရခဲ့တာပါ။ ကိုအောင်ထက်ကို နီနီ ဒီလိုပုံစံလေးလုပ်ချင်တယ်ဆိုလို့ အကူအညီ တောင်းတာပါ။ ကိုအောင်ထက် ကလည်း နိုင်ငံအတွက် စိတ်ဓာတ်နဲ့ အနောက်ကနေဗုံတီးပေးခဲ့တယ်။ အဲဒါကြောင့်လည်း နီနီ စိတ်ဓာတ်ရေးရာ အများကြီး တက်ကြွပြီး အကောင်းဆုံးလုပ်နိုင်ခဲ့တာပါ ” လို့ပြောပါတယ်။

Ni Ni Khin Zaw

မျှော်လင့်ချက်တစ်စုံတစ်ရာ သီချင်း နောက်မှာ အမေစု ရဲ့ ဓာတ်ပုံ ထည့် ဖြစ်တဲ့ အကြောင်းကိုလည်း ” နီနီက အမြဲထည့်နေကျပါ။ နီနီ့ အတွက် ပွဲတိုင်းမှာ အမေစု ကို ဂုဏ်ပြုနေကျပါ။ အခုမှလည်း မဟုတ်ပါဘူး။ အဲဒါကြောင့် နီနီက ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ ထွေထွေထူးထူးပြောစရာမရှိပါဘူး။ ဒီသီချင်းကို နီနီ ဖန်တီးကတည်းက အမေစုအတွက် ဖန်တီးထားတာ တစ်တိုင်းပြည်လုံး သိကြပါတယ် ” လို့ပြောပါတယ် ။

အမေစု ဓာတ်ပုံနဲ့ပတ်သက်ပြီးဝေဖန်မှုတွေအပေါ် ကိုလည်း ” အဲဒီဟာနဲ့ပတ်သက်ပြီး နီနီ ဘာမှပြောစရာမရှိပါဘူး။ ဘာကြောင့်လဲဆိုတော့ နီနီ ဟိုအရင် ကတည်းက ချစ်ပြီးတော့ ဂုဏ်ပြုနေကျအရာကို အာဆီယံမှာသွားချပြချင်တဲ့အရာအတွက် ပရိသတ် တွေက ကြိုက်တာလည်းရှိတယ်၊ မကြိုက်တာလည်း ရှိတယ်။ အဲဒီအတွက် ဒီဟာနဲ့ ပတ်သက်ပြီး နီနီ ဘက်က ဘာမှ မှတ်ချက်ပေးစရာမရှိပါဘူး။ နီနီ တိုင်းပြည်အတွက်လုပ်ခဲ့တဲ့ အလုပ်တစ်ခု အတွက် နောင်တမရပါဘူး။ နီနီရဲ့ အခုချိန်မှာဖြစ်နေတဲ့ ပီတိစိတ်ကိုလည်း ဘယ်အရာကမှ လွှမ်းလို့ မရပါဘူး ” လို့ပြောထားပါတယ်။

Reference: The Voice
Credit : mynmar celewiki