အဆင့်မြင့် ပညာ ဦးစီးဌာန က တရားဝင်မကြေညာသေးပါဘူး။ဆယ်တန်း စာမေးပွဲ မေးခွန်းပုံစံသစ်တွေကို လက်ရှိ ပညာသင်နှစ်မှာ ပြောင်းလဲမှာမဟုတ်သေးဘူးလို့ အခြေခံ ပညာ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာအောင်နိုင်စိုးရဲ့ ပြောကြားချက်ကိုကိုးကားပြီး မြန်မာနိုင်ငံ လုံးဆိုင်ရာ ဆရာ ၊ ဆရာမ များ အဖွဲ့ချုပ် အလုပ် အမှုဆောင် အဖွဲ့ဝင် ဒေါ်နီလာဝင်းက ပြောပါတယ်။
“ဆယ်တန်း မေးခွန်း ပုံစံပြောင်းမလား အဖွဲ့ထဲက ဆရာ တစ်ယောက်က မေးလိုက်တဲ့အခါ ညွှန်/ချုပ်ကြီးက ဒီနှစ်(၂၀၁၇-၂၀၁၈) မပြောင်းဘူးဆိုတာ ပြောလိုက်ပါတယ်။ အတိအကျ ပြောလိုက်တာပါ”လို့ ဒေါ်နီလာဝင်းက ပြောပါတယ်။
သြဂုတ်လ ၈ ရက်က အခြေခံ ပညာ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ အောင်နိုင်စိုးနဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ၊ ဆရာမများ အဖွဲ့ချုပ်က ဆရာ တွေက နေပြည်တော် မှာတွေ့ဆုံပြီး အခြေခံပညာရေး၊ ဘုန်းတော်ကြီး သင်ပညာရေး၊ ပုဂ္ဂလိကပညာရေးကိစ္စရပ်တွေ ဆွေးနွေးရာမှာ အခုလိုပြောကြားခဲ့တာလို့ ဆိုပါတယ်။
တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဘာသာရပ် အလိုက် မေးခွန်း ပုံစံတွေက ယခု ၂၀၁၇-၂၀၁၈ ပညာသင်နှစ်ကနေစပြီး ပြောင်းလဲမှာဖြစ်ကာ ပြောင်းလဲမယ့် မေးခွန်းပုံစံတွေကို ဇူလိုင်လအတွင်း ကြေညာပေးမယ်လို့ အဆင့်မြင့် ပညာ ဦးစီးဌာန တာဝန်ရှိသူတွေက ပြောကြားထားပေမယ့် လက်တွေ့မှာ မကြေညာခဲ့ပါဘူး။
Source & Photo : The Voice
share from : Duwun