ခန္ဓာကိုယ်ထွားတဲ့ (ကိုယ်အလေးချိန်များတဲ့) ကလေးမွေးနှုန်းဟာ မကြာသေးမီ နှစ်များအတွင်းက လျင်မြန်စွာ မြင့်တက်ခဲ့ပါတယ်။ ကလေးကိုယ်အလေးချိန်များခြင်းသည် မျိုးရိုးဗီဇ ၊ ကိုယ်ဝန်ဆောင်စဉ် အသက် ၊ မိခင်ကျန်းမာရေး အခြေအနေတွေနဲ့အတူ ဒီဖြစ်စဉ်ရဲ့ နောက်ကွယ်က အကြောင်းရင်းများစွာ ရှိပါတယ်။ အများကောင်းမွန်တဲ့ အကျိုးကျေးဇူးတွေ ရှိတယ်ဆိုတဲ့ ယုံကြည်မှုထက် မပိုပါဘူး ။ ဒါပေမယ့် ကြီးမားတဲ့ ကလေးတွေဟာ တကယ်ပဲ ကောင်းမွန်ပါသလား ???

ကြီးမားတဲ့ ကလေးတွေရဲ့ အကျိုးကျေးဇူးများ

(၁) ရောဂါဖြစ်ပွားနှုန်းနည်းခြင်း

မိခင်ရဲ့ သားအိမ်အခြေအနေ ၊ ကလေးရဲ့မွေးကင်းစ ကိုယ်အလေးချိန်နဲ့ နောက်ပိုင်းဖြစ်နိုင်တဲ့ နာမကျန်းမှုတွေ ဆက်စပ်မှုကို ရှာဖွေတဲ့ ရည်ရွယ်ချက်နဲ့ ပြုလုပ်ခဲ့တဲ့ Cambridge တက္ကသိုလ် ရဲ့ သုတေသန တစ်ခုမှာတော့ မွေးကင်းစမှာ ကိုယ်အလေးချိန်များတဲ့ ကလေးတွေဟာ ကိုယ်အလေးချိန်နည်းတဲ့ ကလေးတွေနဲ့ ယှဉ်လျှင် ရောဂါတိုက်ဖျက်နိုင်တဲ့ မျိုးရိုးဗီဇပုံစံတွေ ပါရှိတယ်လို့ ဆိုပါတယ် ။ တက္ကသိုလ်ရဲ့ ရောဂါဗေဒဌာနက Dr.Claire Quilter က ဒီအသစ်ရှာဖွေတွေ့ရှိမှုဟာ မွေးကင်းစ ကလေးငယ်ရဲ့ အရွယ်အစားနဲ့ နောင်တစ်ချိန်ဖြစ်လာမယ့် ရောဂါတွေရဲ့ ဆက်နွယ်မှုဟာ ငြင်းဆန်မရဘူးဆိုတာ သက်သေပြခဲ့ပါတယ် ။ အတိအကျပြောရရင်တော့ မွေးကင်းစမှာ ကိုယ်အလေးချိန်များတဲ့ ကလေးတွေဟာ ကလေးငယ်ဘ၀နဲ့ အရွယ်ရောက်တဲ့ အချိန်တွေမှာ ရောဂါဖြစ်ပွားနှုန်းနည်းတယ်လို့ ဆိုပါတယ်။ ဒီလေ့လာမှုကို အမေရိကန်က ဂျာနယ်တစ်ခုမှာ ထုတ်ဝေခဲ့ပါတယ် ။

(၂) ပညာရေးပိုင်းမှာ ပိုမိုထူးချွန်ကြခြင်း

ကလေးငယ် ယောက်ျာလေးများနဲ့ မိန်းကလေး ၃၉၀၀ ကို သူတို့ရဲ့ ဘ၀တစ်လျောက် အဆင့်ငါးဆင့်မှာ ဆန်းစစ်ခဲ့တဲ့ ဗြိတိသျှ လေ့လာမှုတစ်ခုမှာ (မွေးကင်းစ ၊ အသက် ၈ နှစ် ၊ ၁၁ နှစ် ၊ ၁၅ နှစ် ၊ ၂၆ နှစ် ) သုတေသီတွေက မွေးကင်းစ ကိုယ်အလေးချိန်များတဲ့ ကလေးတွေဟာ မှတ်ဥာဏ်ပိုကောင်းကြပြီး ပညာရေးမှာ အရွယ်တူတွေနဲ့ ယှဉ်ရင် အမှတ်ပိုကောင်းကြတယ်လို့ ဆိုပါတယ် ။ ဒါဟာ သူတို့ရဲ့ လူမှုရေး နောက်ခံအခြေအနေနဲ့ ဆက်နွယ်မှု မရှိပါဘူး ။

ဥပမာ- အလုပ်လုပ်တဲ့ နောက်ခံအခြေအနေရှိတဲ့ အမျိုးသားတွေမှာ မွေးကင်းစ ကိုယ်အလေးချိန်များတဲ့ ကလေးတွေဟာ ယေဘုယျအားဖြင့် အတန်းပညာထူးချွန်မှုနှုန်း ၄၅ ရာခိုင်နှုန်းရှိပါတယ် ။ ဒါဟာ မွေးကင်းစ ကိုယ်အလေးချိန်နည်းတဲ့ ကလေးတွေမှာတော့ ၃၁ ရာခိုင်နှုန်းသာ ရှိပါတယ် ။

ကြီးမားတဲ့ ကလေးတွေရဲ့ ဆိုးကျိုးများ

(က) ကိုယ်ဝန်ဆောင်စဉ် အခက်ခဲဖြစ်ခြင်း

ကြီးမားတဲ့ ကလေးတွေဟာ ရိုးရိုးမီးဖွားဖို့ ခက်ခဲစေပြီး မွေးဖွားစဉ် ဒဏ်ရာရရှိနိုင်ပါတယ် ။ ကလေးကိုယ်အလေးချိန် ၄ ကီလိုဂရမ်ထက်များတဲ့ မိခင်တွေဟာ မိန်းမကိုယ် ပြဲခြင်း ၊ သွေးအလွန် ဆုံးရှုံးခြင်း ၊ မြီးညှောင့်ရိုး ထိခိုက်ခြင်းတွေ ဖြစ်နိုင်ပါတယ် ။ ကြီးထွားတဲ့ ကလေးတွေဟာ သဘာဝအတိုင်းမွေးဖို့ ခက်ခဲတာကြောင့် ခွဲမွေးရနှုန်းလည်း မြင့်မားပါတယ် ။ ညှပ်နဲ့မွေးခြင်း ၊ လေစုပ်မွေးခြင်း တွေလည်း လိုအပ်နိုင်ပါတယ် ။

(ခ) ငယ်ရွယ်စဉ်နဲ့ အသက်ကြီးလာချိန်မှာ အ၀လွန်နိုင်ခြင်း

နိုဝင်ဘာမှာ ထုတ်လုပ်ခဲ့တဲ့ ၁၀ နှစ်စာ အမေရိကန် လေ့လာမှု တစ်ခုက အသက် နှစ်နှစ်အတွင်းမှာ ကိုယ်အလေးချိန် ပုံမှန်ထက်များတဲ့ ကလေးတွေမှာ အသက် ၅-၁၀ နှစ်အတွင်း အ၀လွန်ရောဂါဖြစ်နိုင်ဖို့ အခွင့်အလမ်းပိုများတယ်လို့ ဆိုပါတယ် ။ကလေးဘ၀မှာ ကိုယ်အလေးချိန် များလေလေ လူကြီးဘ၀မှာလည်း များလေလေ ဖြစ်နိုင်ပါတယ် ။ ဒီလေ့လာမှုရဲ့ အဖြေဟာ ၄၄ ၀၀၀ ကလေးတွေကို မွေးကင်းစကနေ သူတို့အသက် ၁၀ နှစ်အထိ ကောက်ယူထားတဲ့ အချက်အလက်တွေပေါ် အခြေခံထားတာ ဖြစ်ပါတယ် ။
ဘယ်လိုအခြေအနေမှာပဲ ဖြစ်ဖြစ် မိဘတွေက သူတို့မွေးထားတဲ့ အ၀လွန်နေတဲ့ ကလေးငယ်တွေဟာ အချိန်တန်ရင် ပိန်သွားမှာပါဆိုပြီး မှားယွင်းစွာ ယုံကြည်နေတာမျိုး မဖြစ်သင့်ကြောင်း Eisie Taveras က ပြောပါတယ် ။

 

Credit: Hellosayarwon