ဒေါင်ကောင်းကောင်းနဲ့ မော်ဒယ် မင်သား ပိုင်တံခွန် တစ်ယောက်ကတော့ အသက် ၇၅ နှစ်အရွယ် အဖိုး တစ်ယောက်ရဲ့ ဘဝ ကို အတိုင်းအတာတစ်ခုအထိ ကူညီပေးခဲ့ကြောင်း သိရှိရပါတယ်။

လူသိများ အောင်မြင်လာနေတဲ့ တက္ကသိုလ် ကျောင်းသားလေး အသက် ၂ဝ အရွယ် ပိုင်တံခွန် က သူ့ရဲ့ကူညီမှုလေးကို လူမှုကွန်ယက် စာမျက်နှာ ပေါ်ကနေ မျှဝေပေးထားတာလည်းဖြစ်ပါတယ်။

သြဂုတ်လ ၂၇ ရက် ညပိုင်းက သူ့ရဲ့ စာမျက်နှာ ကနေပြီ ”ဦးသန်းဝင်း လို့ခေါ်တဲ့ အသက် ၇၅ နှစ်အဖိုးတယောက်ပါ”ဓာတ်ပုံ နှင့်တကွ တင်ထားတာဖြစ်ပါတယ်။

”တနေ့ကျနော်အခွေ သွားဝယ်တော့ ကားပါကင် ထိုးမဲ့ သူတွေကို တစီးပြီး တစ်စီး နေရာပြပြီး တုန်ချိတုန်ချိနဲ့ အလုပ်လုပ်နေတဲ့ အဖိုး ကို မြင်တော့ စိတ်ထဲမကောင်းဖြစ်မိတယ်။ အဘိုး က ချောင်းလည်းဆိုးနေတော့ ကျနော် ချက်ချင်း ကားရပ်ပြီး အဖိုး ဆီသွားပြီးစကားတွေပြောဖြစ်တယ်။ သားသမီး လည်းမရှိဘူး။ နေမကောင်း ဖြစ်နေတော့ ကျနော်လည်း ဆေးဖိုး တွေ လှူခဲ့တယ် နေမကောင်း ဖြစ်ရင် ဆက်သွယ်ဖို့ ဖုန်း နံပါတ် တွေလည်းပေးခဲ့တယ်။

ဒီနေ့မနက် ကျနော် အလုပ် မှာ စကားပြောနေတုန်းအဖိုးဆီက ဖုန်းဝင်လာတယ် “သားတဲ့ အဖိုး အခု အရေးပေါ်ကုသဆောင် မှာ ချောင်းဆိုး တာသွေးတွေပါပြီး နေမကောင်းဖြစ်နေတယ်တဲ့” အသံတိုးတိုးလေးကြားတော့ ကျနော်လည်း စိတ်ပူပြီး အလုပ် တွေရပ်ပြီး ချက်ချင်း ဆေးရုံ ကိုလိုက်သွားခဲ့တယ် ကုတင်ပေါ်မှာလှဲနေတဲ့ အဖိုးကို မြင်လိုက်ရတော့စိတ်မကောင်းဘူး ။

အဖိုး ကျနော် ကို မြင်တော့ ပျော်နေရှာတယ်။

ကျနော် အဓိက ပြောပြချင်တာလေးတခုက ကျနော် တို့ ပတ်ဝန်းကျင် တွေမှာ အသက်အရွယ် အိုမင်းလှပြီးဆွေမျိုးသားချင်းတွေမရှိတဲ့ အဘိုးအဘွား တွေရှိပါတယ်။ သူတို့ နာမကျန်းဖြစ်တဲ့ အခါမှာ နွေးထွေးမှု ဆိုတဲ့ ကမ်းလက် လေးတွေ သူတို့မျှော်လင့်နေမိမယ်ထင်ပါတယ်။

ကျနော်လည်း တာဝန်ကျ ဆရာဝန် နဲ့ အဖိုး အတွက်လိုအပ်တဲ့ ဓာတ်မှန်တွေရိုက်ပေး (သွေး၊ဆီး၊အဆုတ် ၊နှလုံး) စစ်ဆေးမှုတွေ လုပ်ပေးပြီး ပြသခဲ့တယ် ။အခုတော့ အဖိုးကျန်းမာနေပြီ အဖိုး အတွက် ဆေးဝါးကုသမှုတွေ လိုအပ်တဲ့ ပစ္စည်း တွေနဲ့ ကျနော်စုထားတဲ့အနုပညာကြေး လေးတွေထဲက ထောက်ပံ့ငွေကြေးလေး နိုင်သလောက် ကျနော်လှူခဲ့တယ်ဗျာ ။

အဘိုး ကလည်း ကျနော်ကို ဘုရား တရားမမေ့ဖို့မှာတယ်။ အခုမှဘဲ စိတ်ပေါ့ပြီး လတ်ဆတ်တဲ့လေလေးကို ရှူရတော့တယ်”

မင်းသားချော ပိုင်တံခွန် ရဲ့ မွန်မြတ်တဲ့ စိတ်ထားလေးက လူတွေ အတုယူဖို့ကောင်းပါတယ်။ ဒီစာလေးတွေ ဖတ်ရရင်တောင် ကြည်နူးရတာ။ တကယ်လုပ်ကြည့်မယ်ဆိုရင်တော့ တကယ်ကို ပျော်စရာကောင်းမှ အမှန်ပါပဲ။ စိတ်ချမ်းသာချင်ရင်တော့ ဒီလိုအလုပ်ကလေးတွေ လိုက်လုပ်ကြည့်သင့်တယ်လို့ ထင်မိပါတယ်။

Credit : PannPwint

Source:Paing Takhon