ဒါ့အပြင် ကွင်းလယ်ကစားသမား ဇင်ဖြိုးအောင်နဲ့ ဂိုးသမား ဝေလင်းအောင်တို့လည်း ချန်လှပ်ခဲ့ခဲ့ရပါတယ်။၂၉ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲ ၀င်ရောက်ယှဉ်ပြိုင်မယ့် မြန်မာ့လက်ရွေးစင် ယူ-၂၂ အသင်းရဲ့ အပြီးသတ် ကစားသမား(၂၀)ယောက် စာရင်းကို ထုတ်ပြန်ကြေညာလိုက်ပြီဖြစ်ပါတယ်။

ယခုထုတ်ပြန်လိုက်တဲ့ အပြီးသတ်စာရင်းမှာတော့ ဒဏ်ရာကနေ ပြန်လည်သက်သာလာပြီး မြန်မာ ယူ-၂၂ အသင်းရဲ့ အာရှ ယူ-၂၃ ခြေ စစ်ပွဲစဉ်အချို့ကို မိနစ်ပိုင်းပြန်လည်ဝင်ကစားခဲ့တဲ့ ကွင်းလယ်ကစားသမား ငြိမ်းချမ်းအောင် ပါဝင်လာခဲ့ခြင်း မရှိတော့ပါဘူး။

ဒါ့အပြင် ကွင်းလယ်ကစားသမား ဇင်ဖြိုးအောင်နဲ့ ဂိုးသမား ဝေလင်းအောင်တို့လည်း ချန်လှပ်ခဲ့ခဲ့ရပါတယ်။ “ငြိမ်းချမ်းအောင်ကတော့ ဒဏ်ရာ အရှင်းမသက်သာသေးလို့ ထားခဲ့တာပါ။ ကျန်ကစားသမားတွေကတော့ နည်းစနစ်ပိုင်းအရ ထားခဲ့တာဖြစ်ပါတယ်။” လို့ မြန်မာ ယူ-၂၂ အသင်း မန်နေဂျာ ဦးထွန်းထွန်းအောင်က Duwun ကိုပြောပါတယ်။

ငြိမ်းချမ်းအောင်မှာ ဒူးဒဏ်ရာကြောင့် ကာလရှည်အနားယူနေခဲ့ရပြီး ပြီးခဲ့တဲ့ အာရှ ယူ-၂၃ ခြေစစ်ပွဲမှာ ယူ-၂၂ အသင်းနဲ့အတူ ပြန် လည် လက်တွဲနိုင်ခဲ့တာကြောင့် လာမယ့် ဆီးဂိမ်းပြိုင်ပွဲမှာ ပြန်လည် မြင်တွေ့ရတော့မယ်လို့ ပရိသတ်များ ထင်ထားခဲ့သော်လည်း ယခုအခါဒူးဒဏ်ရာ အရှင်းမသက်သာတာကြောင့် မပါဝင်နိုင်တော့ပါဘူး

အခြားကစားသမားတစ်ဦးဖြစ်တဲ့ ကွင်းလယ်ကစားသမား မျိုးကိုထွန်းမှာလည်း အစာအိမ် ဝေဒနာကြောင့် ပြီးခဲ့တဲ့ အာရှ ယူ-၂၃ ခြေ စစ်ပွဲအပြီးမှာ ပဏာမ (၂၅)ယောက်စာရင်းကနေပင် ချန်လှပ်ခဲ့ရတယ်လို့လည်း သိရပါတယ်။

မြန်မာအသင်းမှာ သြဂုတ်လ (၁၄)ရက်နေ့တွင် စင်ကာပူအသင်းနဲ့ အဖွင့်ပွဲစတင် ကစားရမှာဖြစ်ပြီး သြဂုတ်လ(၁၁)ရက်နေ့တွင် မလေးရှားနိုင်ငံသို့ ထွက်ခွာမယ်လို့လည်းသိရပါတယ်။

ဆီးဂိမ်းပြိုင်ပွဲဝင်မယ့် မြန်မာ ယူ-၂၂ အသင်း အပြီးသတ်ကစားသမားစာရင်း

ဂိုး-ဘုန်းသစ္စာမင်း၊ဆန်းဆက်နိုင်

နောက်တန်း – ထိုက်ထိုက်အောင်၊နန်းဝေမင်း၊နိုင်လင်းထွန်း၊ထလမ်ဟုပ်ထန်၊စည်သူအောင်၊သီဟထက်အောင်၊ဟိန်းသီဟဇော်၊နန္ဒကျော်၊

အလယ်တန်း – ရဲရင့်ထွန်း၊လှိုင်းဘိုဘို၊ရန်နိုင်ဦး၊အောင်သူ၊မောင်မောင်လွင်၊ရှိုင်းသူရ၊မောင်မောင်စိုး

ရှေ့တန်း – သန်းပိုင်၊ရွှေကို၊အောင်ကောင်းမာန်

Credit:Duwun