ကျွန်မ သည် စင်ကာပူ နိုင်ငံ သို့ ရောက်ရှိနေထိုင်တာ ၁၀ နှစ်ရှိသွားပြီ။ မြန်မာနိုင်ငံ မှ ၁၈ နှစ် သမီး တုန်းက
စတင် ထွက်ခွာခဲ့ပါသည်။ထို့ကြောင့် နှစ်ဖက်မျှသော အမြင်ဖြင့် ရေးပါမည်။ စင်ကာပူ နိုင်ငံ တွင် ကျောင်းသူ ဘဝဖြင့် စတင်
ရပ်တည်ခဲ့တုန်းက ကျွန်မ သည် တစ်နာရီလျှင် ၄ ဒေါ်လာရပါသည်။

လုံးဝမထိုင်ရသော အရောင်းဝန်ထမ်း ဘဝပါ။ထို့နောက် ကျောင်းပြီးသော အခါ (Bsc Computer Sciences ဘွဲ့ပါ)
ဟိုနိုင်ငံတွင်ပဲ ပြီးပါသည်။ လစာ ဒေါ်လာ ၃၀၀၀ မျှ စရပါသည်။ထို အချိန်တွင် အလုပ် Experiences ရုံး အလုပ်နှင့်
အချိန်ပိုင်းအလုပ် အပါအဝင်ဆိုတော့ အချိန် ၆ နှစ်တာပါ။ အသက် ၂၆ နှစ်ရှိခဲ့ပါပြီ။ အလုပ်အကိုင် အခွင့်အရေး ပိုမို ရရှိခဲ့ခြင်းမှာ ၊ ထိုနိုင်ငံဘွဲ့ရဖြစ်ခြင်းကြောင့် ၊ ထိုနိုင်ငံ Permanent Resident ဖြစ်သောကြောင့်၊အသက်အရွယ်ငယ်သောကြောင့်၊Grade A များရရှိထားခြင်းကြောင့်၊ ကျွန်မ၏  လုပ်ရည်ကိုင်ရည် မှာ တက်ကြွမှုရှိသလိုလူအများ ချစ်ခင်ဖွယ်ကောင်းသော မျက်နှာထား ထားတတ်သောကြောင့်၊ English အရေးအသား အပြောအဆို တော်သင့်ရုံကောင်းမွန်သောကြောင့်၊ Confident ရှိသော ကြောင့်ဖြစ်ပါ၏။အင်မတန် ကြိုးစားရပါသည်။

Computer ပညာ ရှင် အဖြစ်ဝင်ရောက်ခဲ့ခြင်းတော့မဟုတ်။ ကိုယ်သင်ထားသော ပညာ သည် အနည်းငယ်သာအသုံးဝင်ခဲ့ပြီး လုပ်ငန်းအတွေ့အကြုံကြောင့်သာ နောက်ပိုင်းတွင် လစာ တိုးခဲ့ခြင်းဖြစ်၏။တစ်လ ကုန်ကျစရိတ် ချွေတာမည်ဆိုပါက ဒေါ်လာ ၁၀၀၀ ကျော်ပါသည်။ နေထိုင်ခြင်းတွင် Privacy မရနိုင်ပါ။သူများတွေ နှင့် တစ်ခန်းတည်း Share နေရပါသည်။ လူနေမှု အဆင့်အတန်း မြင့်မားပါသည်။လုံခြုံမှု မြင့်မားသော်လည်း စင်ကာပူနိုင်ငံ တွင် ကျွန်မ တစ်ယောက် ဓာတ်လှေကားထဲ ဓားထောက်ခံခဲ့ရဖူး၏။

ည ၁၁ နာရီဝန်းကျင်တွင်။ ကျန်းမာရေး စောင့်ရှောက်မှု မြင့်မားပါသည်။သို့သော် ရိုးရိုး တုပ်ကွေးရောဂါ ကို GP ဆေးခန်း၌ ကုသပါက ဒေါ်လာ ၁၀၀ ဝန်းကျင်ကုန်ပါသည်။ရုံးတွင် ပြန် claim လို့ ရသော်လည်းတစ်နှစ်အတွက် claim ငွေ
ဒေါ်လာ ၅၀၀ သာပေးထား၏။ မြန်မာပြည် တွင် ၃၀၀၀ ကျပ်သာ ကုန်ကျပါသည်။ပျောက်ကင်းမှုနှုန်း အတူတူပင်။ပညာရေး တွင် စင်ကာပူနိုင်ငံ ၏ ပညာရေး သင်ကြားမှု မှာ အပြတ်အသပ်သာပါသည်။ သို့သော် မြန်မာပြည် မှ ဘွဲ့ရ တစ်ချို့သည်စင်ကာပူနိုင်ငံသားများထက် ပိုတော် ပိုတတ်နေကြသည်ကိုလည်း တွေ့မြင်နိုင်သလို
ကိုယ့်လောက် မတော် မတတ်သော သူများ၏ အနိုင်ကျင့်စော်ကားမှု များခံရပါက ပညာ ပြန်ပေးတတ်စေရန် လည်း လိုအပ်ပါ၏။လူမှုရေး၊ တစ်ကိုယ်ကောင်းဆန်ကြသော်လည်းစည်းစနစ်ရှိ၏။ service အင်မတန်ကောင်းပါ၏။ ယဉ်ကျေးစွာ နေထိုင်ပြောဆိုကြကာ အလိုက်ကန်းဆိုးသိ၏။

မြန်မာပြည် လို ညနက်သန်းခေါင် တွင် အလိုက်ကန်းဆိုး မသိစွာ ရပ်ကွက်ထဲတွင် ဆူညံမနေ။သို့သော် အိမ်နီးနားချင်း အချင်းချင်းသေသွားရင်တောင်မှ သိကြမည်မဟုတ်။ မြန်မာနိုင်ငံ သို့ ပြန်လာပါက စင်ကာပူနိုင်ငံ ဘွဲ့ရဆိုလျှင် လစာ ၆ သိန်း အောက်မနည်းရကြမည်မှာ သေချာ၏။ မြန်မာနိုင်ငံ တွင်ကုန်ကျစရိတ် (ရန်ကုန်မြို့တွင်)စားစရိတ် တစ်လ တစ်သိန်း နေစရိတ် အိမ် တစ်လုံးလုံး ငှါးနေ တစ်လ နှစ်သိန်းကားရှိလျှင် ဓာတ်ဆီဖိုး တစ်လ တစ်သိန်းခွဲ။ ဖုန်းခ တစ်လ ငါးသောင်း။ဆိုလျှင် တစ်သိန်းကျန်သေး၏။တစ်ယောက်တည်း ကော့ပျံနေအောင် နေနိုင်သောပုံစံဖြစ်၏။သို့သော် နိုင်ငံ အခြေအနေ ညစ်ပတ်မှု၊ မသန့်ရှင်းမှု၊ ကျန်းမာရေးဝန်ဆောင်မှု မတိုးတက်မှု အစိုးရ ဆေးရုံများတွင် တော့ အခြေအနေ
အတော်ကောင်းနေသော်လည်း ကျန်းမာသော လူမှုနေထိုင်ရေးစနစ် မတွေ့ရပေ။

ပညာရေး တွင် ကလေး တွေ၏ ပညာရေး ကို ကောင်းမွန်စေသော အစိုးရကျောင်းကောင်းများရှိ၏။သို့သော် အင်မတန်ရှား၏။ တက္ကသိုလ် ပညာရေး စနစ် ဆေးတက္ကသိုလ် များတွင်ပင် ကျောင်းသားများ အချိန်မှန်တက်ရောက်ခြင်းမတွေ့ရ။သို့သော် မြန်မာပြည်တွင် စိတ် ကျန်းမာရေး ကောင်းမွန်အောင် ကျင့်ကြံနိုင်၏။လည်ပတ်စရာများပေါ၏။စိတ်ကို အေးချမ်းစေသော ဒေသများရှိ၏။ ဘာသာတရား လိုက်စားရန်အထူးကောင်းမွန်၏။နွေးထွေးသော အသိုင်းအဝိုင်းရှိ၏။စီးပွားရေးလုပ်တတ်လျှင်ဖြစ်၏။အကြောင်းကြောင်းကြောင့် အပြီး ပြန်မလာဖြစ်သေးသော်လည်း ကိုယ့်မွေးရပ်မြေထက်တော့ ဘယ်နေရာမှ မခုံမင်။ပညာဆက်လက်သင်ရန်ရှိသောကြောင့် ငွေကြေးရှာဖွေရန်လိုသောကြောင့်သာ စင်ကာပူသို့မဟုတ်တပါးသောတိုင်းပြည်တွင် ဆယ်စုနှစ်မျှ ဆက်လက်နေရပေဦးမည်။

မြန်မာပြည် ၏ ငြိမ်းချမ်းသာယာမှု ကိုတော့ ဆက်လက်ခွဲခွာရပေမည်မှာ ကျွန်မ တို့လို အခြေခံ လူတန်းစား များ၏ အားတင်ကာ ရည်မှန်းချက်လျှောက်လှမ်းဖို့ တာဝန်ဖြစ်၏။ဘယ်နေရာ နေနေ အဓိကက စိတ်ကလေး ငြိမ်းချမ်းနေဖို့ မေတ္တာတရားထားတတ်ဖို့ လူသားအကျိုးပြုဖို့ပါဟု။ကျန်းမာရွှင်လန်းကြပါစေ။

ချိုရီလတ်။
( post ကို လွတ်လပ်စွာ share နိုင်
copy နိုင်ပါသည်။)
From – Mingalarpar