ပရိသတ်ဘဝကနေ ခင်ပွန်းဖြစ်ခွင့်ရတော့မှာပေါ့။

3

တောင်ကိုရီးယားမင်းသား ဆောင်းဂျွန်ကီဟာ သူ့ရဲ့အနုပညာသက်တမ်းတလျှောက်လုံး မပြောဘဲထားခဲ့တဲ့ ဆောင်းဟေကျိုအပေါ် စွဲလမ်းမှုကို ခင်ပွန်းလောင်းဘဝကို ရောက်မှပဲ ဖွင့်ချပြောပြလိုက်တော့တာ ဖြစ်ပါတယ်။
tvN ရဲ့ ‘List of Names’ အစီအစဉ်မှာ ဆောင်းဂျွန်ကီက ဆောင်းဟေကျိုကို ရူးသွပ်သူအဖြစ် အဆင့် ၄ နေရာချိတ်ခဲ့သူဖြစ်ပါတယ်။
ယင်းအစီအစဉ်မှာ DESCENDANTS OF THE SUN သရုပ်ဆောင် ဆောင်းဂျွန်ကီက အခု သူ့ရဲ့ဇနီးလောင်းဖြစ်နေပြီဖြစ်တဲ့ ဆောင်းဟေကျိုကို ငယ်ငယ်ကတည်းက အချစ်တွေ ပြည့်လျှမ်းနေတဲ့ မျက်လုံးတွေနဲ့ ငေးမော အားကျခဲ့ရတယ်လို့ ဖွင့်ဟပြောပြခဲ့တာပါ။

3
အသက် ၃၅ နှစ်အရွယ် ဆောင်းဟေကျိုနဲ့ အသက် ၃၁ နှစ်အရွယ် ဆောင်းဂျွန်ကီတို့ဟာ DESCENDANTS OF THE SUN ဇာတ်လမ်းတွဲရိုက်ကူးစဉ်မှာ တွေ့ဆုံ ချစ်ကြိုက်ခဲ့တာဖြစ်ပြီး အဲဒီဇာတ်ကားဟာလည်း တောင်ကိုရီးယားနိုင်ငံတွင်းသာမက ပြည်ပမှာပါ နာမည်ကြီးသွားခဲ့ကာ သူတို့စုံတွဲဟာလည်း ပရိသတ်တွေ အနှစ်သက်ဆုံး သဘောအတူဆုံး စုံတွဲတစ်တွဲ ဖြစ်လာခဲ့ပါတယ်။

5
ချစ်သူတွေဖြစ်နေပြီလို့ ကြေညာခဲ့ခြင်းမရှိဘဲ ဇူလိုင်လအတွင်းကမှ သူတို့နှစ်ယောက်ဟာ အောက်တိုဘာလ ၃၁ ရက်နေ့မှာ လက်ထပ်တော့မယ်လို့ ကြေညာလိုက်ပြီး အားလုံးကို အံ့သြမင်သက်သွားစေခဲ့ပါတယ်။
အဲဒီလို မင်္ဂလာသတင်းကြေညာပြီးတဲ့နောက်မှာ ဆောင်းဂျွန်ကီဟာ သူတက်ရောက်တဲ့ ပွဲတွေမှာ ဇနီးလောင်း ဆောင်းဂျွန်ကီ ဘယ်လောက် နှစ်သက်တယ်ဆိုတာကို အမြဲဖြေကြားလေ့ရှိပါတယ်။

Credit : Duwun
Source : ilovekstars