မနေ့က ကျင်းပခဲ့တဲ့ ၁၀ ကီလိုမီတာ အမျိုးသမီး အမြန်လမ်းလျှောက် ပြိုင်ပွဲမှာ မလေးရှား အမြန်လမ်းလျှောက်မယ်က ရွှေတံဆိပ်ဆု ဆွတ်ခူး ခဲ့ပါတယ်။

အဆိုပါ အသက် ၁၈ နှစ်အရွယ် မလေးရှားအမြန်လမ်းလျှောက်မယ်အနေနဲ့ ၅၂ မိနစ်နဲ့ ၂၁.၅၀ စက္ကန့်နဲ့ ရွှေတံဆိပ် ဆွတ်ခူးခဲ့တာဖြစ်ပြီး ဗီယက် နမ်အမြန်လမ်းလျှောက်မယ်ကတော့ ၅၂ မိနစ် ၂၇.၇၈ စက္ကန့်နဲ့ ဒုတိယငွေတံဆိပ်ကိုလည်းကောင်း၊ထိုင်းအမြန်လမ်းလျှောက်မယ်က ၅၃ မိနစ် ၁၇.၁၀ စက္ကန့်နဲ့ တတိယကြေးတံဆိပ်ဆုကို ရရှိခဲ့တာဖြစ်ပါတယ်။
အဆိုပါ အမြန်လမ်းလျှောက်ပြိုင်ပွဲတွင် မလေးရှားအမြန်လမ်းလျှောက်မယ်အနေနဲ့ ပြေးလွှားခဲ့တယ်လို့ မီဒီယာတွေက ဖော်ပြေနေခဲ့ကြ ပါတယ်။
မလေးရှားအမြန်လမ်းလျှောက်မယ်အနေနဲ့ ပြိုင်ဖက် ဗီယက်နမ်အမြန်လမ်းလျှောက်မယ်နဲ့ ယှဉ်တွဲလျှောက်နေချိန်မှာ ကိုယ်နေဟန်ထားက ပြေးလွှားခဲ့တဲ့ပုံပေါက်နေခဲ့ပြီး ပြေးတာနဲ့ လမ်းလျှောက်ပုံ မသဲကွဲဘူးလို့ ဝေဖန်မှုများနဲ့ ခံနေရတာလည်းဖြစ်ပါတယ်။
မလေးရှား ဆီးဂိမ်း ပြိုင်ပွဲတွင် လက်ရှိအချိန်ထိ မလေးရှားနိုင်ငံက ရွှေတံဆိပ် အခု ၅၀နဲ့ ထိပ်ဆုံးမှာ ရပ်တည်လျက်ရှိနေပါတယ်။

Credit: Duwun