သြစတြေးလျနိုင်ငံ၊ မဲလ်ဘုန်းမြို့တွင် နေထိုင်သူ လူငယ်တစ်ယောက်ဟာ သမုဒ္ဒရာရေပြင်ထဲ အနည်းငယ်ဆင်းခဲ့ရာကနေ ထိတ်လန့်ဖွယ် အဖြစ်အပျက် တစ်ခုနှင့်ရင်ဆိုင်ခဲ့ရပါသည်။

ထိုသို့ ရေထဲစဉ်လိုက်စဉ် သူ့ခြေထောက်မှာ အပေါက်ငယ်လေးတွေ များစွာ ဖြစ်ပေါ်လာခဲ့ရပြီး သွေးများအဆက်မပြတ် စီးထွက်ခဲ့သည်။

အသက် ၁၆ နှစ်အရွယ် ဆမ်ကန်ဇေဆိုတဲ့ လူငယ်ဟာ စနေနေ့ ညနေခင်းက မဲလ်ဘုန်းမြို့၊ ဘရင်တန်ကမ်းခြေမှာ ရေ စိမ်နေစဉ် ခုလိုဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ သူက ရေကလည်းအရမ်းအေးတယ် ပထမတော့ ဘောလုံးကန်စဉ်ကရခဲ့တဲ့ ဒဏ်ရာတွေကနေ သွေးထွက်တာလို့ပဲ ထင်ခဲ့တယ်ဟု Fairfax မီဒီယာကို ဖြေကြားသည်။

ဒါပေမယ့် ၃၀ မိနစ်ခန့်အကြာမှာ ရေထဲကနေ တက်လိုက်တော့ သူ့ခြေထောက်နှစ်ဖက်လုံးမှာ အပေါက်သေးသေးလေးေ တွ ပြည့်နေခဲ့တယ်။ သွေးတွေကလည်း အဆက်မပြတ်စီးကျနေခဲ့သည်။”ကျွန်တော်က ကျောက်ပြားတစ်ခုပေါ်မှာ မတ်တ ပ်ရပ်ဖို့ သိလိုက်တယ်။ ဒါပေမယ့် အဲ့ဒိလိုလည်း ကျွန်တော်မနေိုင်ခဲ့ဘူး။ ခြေကျင်းဝတ်နဲ့ ခြေဖမိုးတစ်ခုလုံး သွေးတွေ နီရဲေ နခဲ့တယ်” ဟု ဆန်ကန်ဇေက ပြောသည်။

သွေးတွေက ဘယ်လိုမှတိက်အောင် လုပ်လို့မတတ်နိုင်တဲ့အတွက် အားလပ်ရပ်နှစ်လုံး ထိုလူငယ်ဟာ ဆေးရုံတက်ခဲ့ ရ ပါတော့တယ်။ ဆရာဝန်တွေကလည်း စိတ်ဝင်တစား ကြိုးစားကြပေမယ့် သွေးတိက်အောင် မတတ်နိုင်ကြလို့ ဆေးရုံ နှစ်ရုံပြောင်းတက်ခဲ့ရသည်။

နာစ်မတစ်ယောက်ကတော့ ဒါဟာ ပင်လယ်သန်း ကိုက်တာဖြစ်နိုင်ကြောင်း၊ သို့သော်လည်း သူမရဲ့ထင်မြင်ချက်သာ ဖြစ်ေ ကြာင်း ပြောသည်။ ဆမ်ကန်ရဲ့ဖခင် ဂျာရောဒ်ကတော့ သူ့သားရဲ့ ဒဏ်ရာဟာ စန်ဒရင်ဟမ်း ဆေးရုံ အရေးပေါ် ခန်းမှာရှိတဲ့ လူတွေအားလုံးကို စိတ်ဝင်စားစေခဲ့ကြောင်းပြောသည်။

”သူတို့အားလုံးက ဂူဂဲလ်ပေါ်မှာရှာကြည့်ကြပြီး၊ အကြောင်းရင်းကို ထင်မြင်ချက်ပေးကြတယ်” ”ဒါပေမယ့် တစ်ယောက်တ စ်မျိုး၊ ဆယ်မျိုးလောက်ပြောပေမယ့်။ ဘာမှမသေချာခဲ့ပါဘူး” ဟု ဖခင်က ပြောသည်။ ဆရာဝန် ကနီဇေက တနင်္ဂနွေနေ့ ညပိုင်းက သွေးတိက်သွားခဲ့ကြောင်း၊ လူနာဟာ အမြန်ပြန်ကောင်းလာဖို့ မျှော်လင့်ချက်အများကြီးရှိကြောင်း ဒေးလီးမေး သြစတြေးလျကို ပြောသည်။

Credit:PannPwint

ref-Dailymail