ဆီးဂိမ်းစ ပြိုင်ပွဲဝင်နေတဲ့ တိုက်စစ်မှူး သန်းပိုင် က အခုလို ပြောလိုက်ပါတယ် မလေးရှား ဆီးဂိမ်းစ် ပြိုင်ပွဲ ကို မြန်မာယူ-၂၂ အသင်း နဲ့အတူ ဝင်ရောက်ယှဉ်ပြိုင်နေတဲ့ တိုက်စစ် ကစားသမား သန်းပိုင် က သူ့ရဲ့မိဘ နှစ်ပါး အမြဲတမ်း ပျော်စေချင်တဲ့အကြောင်း ပြောကြားလိုက်ပါတယ်။

သန်းပိုင်ပါဝင်နေတဲ့ မြန်မာယူ-၂၂ အသင်းက ဆီးဂိမ်းစ် အမျိုးသား ဘောလုံး ပြိုင်ပွဲ အဖွင့်ပွဲမှာ စင်ကာပူ အသင်း ကို နှစ်ဂိုးပြတ်အနိုင်ယူပြီး ရလဒ်ကောင်းယူထားနိုင်တာဖြစ်ပါတယ်။ ဆီးဂိမ်းစ် မြန်မာ ဘောလုံး အသင်း လက်ရွေးစင် တိုက်စစ်မှူးသန်းပိုင်က မလေးရှား ရောက်နေတဲ့အချိန်မှာ သူ့ရဲ့ မိခင်နဲ့ ဖဖခင်ဖြစ်သူတို့ကို လူမှုကွန်ယက်ကတဆင့် ဆက်သွယ်ပြောဆိုထားတဲ့ ပုံရိပ်ကို သူ့ရဲ့လူမှုကွန်ယက်စာမျက်နှာမှာ ပြန်လည်ဝေမျှထားတာ ဖြစ်ပါတယ်။” အဖေနဲ့ အမေ အမြဲတမ်းပျော်ရွှင်စေချင်တယ်” ဆိုတဲ့ စာသားကို ရေးသားပြီး လူမှုကွန်ယက်တဆင့် အပြန်အလှန် စကားပြောနေကြတဲ့ ပုံတွေကိုတင်ထားခဲ့တာပါ။

မြန်မာ နဲ့ စင်ကာပူ အသင်း ကစားခဲ့တဲ့အုပ်စုအဖွင့်ပွဲစဉ်မှာ သန်းပိုင်းက ပွဲထွက်စာရင်းမပါခဲ့ပေမယ့် အောင်ကောင်းမာန်နေရာ လူစားလဲ ဝင်ရောက် ကစားခွင့် ရခဲ့သူဖြစ်ပါတယ်။ တိုက်စစ်မှူး သန်းပိုင် က ဒီပုံတွေတင်ပြီး ၇ နာရီအတွင်းမှာပဲ သူ့ရဲ့ပို့စ်ကို နှစ်သက်သူပေါင်း နှစ်သောင်းနီးပါး ရရှိခဲ့ကာမှတ်ချက်ပေးမှုပေါင်း ငါးရာကျော် ကိုလည်း လက်ခံရရှိခဲ့ပါတယ်။

မြန်မာ ယူ-၂၂ လက်ရွေးစင် အသင်း က ဒုတိယ နဲ့ တတိယ ပွဲစဉ်တွေအဖြစ် လာအို၊ ဘရူနိုင်း အသင်း တွေနဲ့ ရင်ဆိုင်ရမှာ ဖြစ်ပြီး အုပ်စုနောက်ဆုံး ပွဲစဉ် ကို မလေးရှား အသင်း နဲ့ ရင်ဆိုင်ရမှာဖြစ်ပါတယ်။ အုပ်စုနောက်ဆုံးပွဲစဉ်ကိုတော့ ရုပ်သံကပြန်လည်ထုတ်လွှင့်ပြသမယ်လို့ သိရပါတယ်။

Photos : Than Paing’s facebook
Credit : Duwun