တချို့နယ်တွေမှာက ရုပ်ရှင်ရုံ မရှိဘူးလေ။ဗီဒီယို ဇာတ်ကား တွေကနေတဆင့် ပရိသတ် တွေရဲ့ အားပေး ချစ်ခင်မှု ကို အခိုင်အမာရရှိခဲ့ပြီး အကယ်ဒမီဆု ပိုင်ဆိုင်နိုင်တဲ့အထိ အောင်မြင်လျှက်ရှိတဲ့ သက်မွန်မြင့်ကတော့ အခုလက်ရှိဖြစ်ပေါ်နေတဲ့ ဗီဒီယို ဈေးကွက် ကျဆင်းမှု အခြေအနေနဲ့ပတ်သက်ပြီး သူ့ရဲ့ ရင်ထဲက စကားသံတွေကို Duwun Media ကနေတဆင့် အခုလိုပြောပြခဲ့ပါတယ်။

”ယိုယွင်းတယ်ဆိုတာတော့ ဘယ်အရာမှ မကောင်းပါဘူး၊ ဖြစ်လည်းမဖြစ်စေချင်ပါဘူး။ဒါပေမယ့် အခုက ပြန်လုပ်လို့ လည်းမရသေး တဲ့အခြေအနေဖြစ်နေတော့ အကုန်လုံးတော့ ဝိုင်းပြီး ကြိုးစားကြတာပေါ့နော်။ ဘာပဲဖြစ်ဖြစ် ရုပ်ရှင် က ကောင်းလာတော့ တစ်ဖက်က နေလည်း ကောင်းတော့ကောင်းပါတယ်။တချို့ဘက်ကတော့ အခက်အခဲဖြစ်ရတဲ့ အပိုင်းတွေအများကြီးဖြစ်လာတာပေါ့လေ။ အရင်က ဆိုရင် ရုပ်ရှင် ကျတော့ ရိုက်ရတာ အရေအတွက်က နည်းတာကိုး ဗီဒီယို ကျတော့ ရိုက်တဲ့အရေအတွက်များလာကျတော့ ဘာဖြစ်ဖြစ် အရေအတွက်နဲ့ သွားရတဲ့လူတွေကျတော့ အဆင်ပြေတာကိုး အခုကျတော့ အဲ့ဒီလိုမဟုတ်တဲ့အခါကျတော့ အဆင်မပြေမှုအပိုင်းတွေ မှာလည်း အများကြီးရှိတယ်။ ”လို့ သူကဆိုပါတယ်။


ှဗီဒီယို ဇာတ်ကား ထွက်ရှိမှုအားနည်းလာတာနဲ့အမျှ မြန်မာ ဗီဒီယို ဇာတ်ကား တွေကို အားပေးနှစ်သက်ကြတဲ့ နယ်က ပရိသတ် တွေ အတွက် နစ်နာမှုအပိုင်းတွေကိုလည်း သက်မွန်မြင့် က အခုလိုပြောပြခဲ့ပါတယ်။
”တချို့နယ်တွေမှာဆိုရင် ရုပ်ရှင်ရုံ မရှိဘူးလေ၊ ရုပ်ရှင်ရုံမရှိတဲ့အခါကျတော့ သူတို့မှာ ဒီ ဗီဒီယို လေးကိုပဲကြည့်ရတာဆိုတော့ ကိုယ် ခရီး သွားရင် လက်ဖက်ရည်ဆိုင်မှာသူတို့အခွေတွေကြည့်နေရင် ဗီဒီယိုတွေ မရိုက်တော့ရင် သူတို့ကဘာကို ကြည့်မှာရလဲ သူတို့က မြန်မာ ကား ကို ကြည့်တယ်၊ မြန်မာသရုပ်ဆောင်တွေကိုကြိုက်တယ်။ ဒီလူတွေအတွက်ကျတော့ တအားနာတာပေါ့နော်။ သူတို့ဆန္ဒကို ဖြည့်ဆည်းပေးဖို့က ခက်သွားပြီ ရုပ်ရှင်ရုံ တွေလည်း မရှိဘူး။ ဒါကလည်း တစ်ယောက်တည်းလုပ်လို့မရဘူး အားလုံးဝိုင်းကူမှ ဖြစ်တာ ပါ။” လို့ သက်မွန်မြင့် က Duwun Media ကိုပြောပြခဲ့ပါတယ်။

အနုပညာ အလုပ် တွေ ဆက်လက်ဆောင်ရွက်လာတဲ့ သက်မွန်မြင့် ကတော့ အခုလက်ရှိမှာလည်း ဗီဒီယိုဇာတ်ကားတွေနဲ့ ရုပ်ရှင် ဇာတ်ကား ကြီးတွေကို ဆက်တိုက်ရိုက်ကူးနေရတယ်လို့ သိရပါတယ်။ သူ့အနေနဲ့ ဒါရိုက်တာစတီးလ်ရိုက်ကူး ဖန်တီးမယ့် သခင်ကြီးနဲ့ငါးပိတို့စရာ ရုပ်ရှင်ဇာတ်ကားကြီးထဲမှာလည်း ရွှေသမီး ရဲ့ အစ်မတစ်ယောက်နေရာက ပါဝင်ထားတာဖြစ်ပြီး ပရိသတ် မြင်နေကြ မဟုတ်တဲ့ အက်ရှင်ပုံစံ ကာရိုက်တာလေး သရုပ်ဆောင် သွားမယ်လို့ သိရပါတယ်။
Photo: သက်မွန်မြင့်ဖေ့စ်ဘွတ်

Credit : Duwun