news

သစ်တော ဦးစီးဌာန မှ ဝန်ထမ်း များကို လက်နက်ကိုင် ဆောင်ခွင့်ပေးနိုင်ရေး ကာကွယ်ရေး ဝန်ကြီးဌာန နှင့် ပေါင်း စပ်ညှိနှိုင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သယံဇာတ နှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန မှ သိရှိရသည်။ သစ်တောဝန်ထမ်းများသည် သစ် မှောင်ခိုသမား များ၏သတ်ဖြတ်ခြင်းများ ခံနေရခြင်းကြောင့် ယင်းကဲ့သို့လုပ်ဆောင်နိုင်ရန် စီမံခြင်းဖြစ်ကြောင်း သိရသည်။

 

“၂၀၀၈ ခုနှစ် နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ အခန်း(၇) ပုဒ်မ ၃၃၈ တွင် “နိုင်ငံတော်အတွင်းရှိ လက်နက် ကိုင်အဖွဲ့အစည်းအားလုံးသည် တပ်မတော် ၏ကွပ်ကဲမှုအောက်တွင်ရှိရမည်”ဟု ပြဋ္ဌာန်းထားပါတယ်။ ထို့ကြောင့် ချပ်သင်းဘေးမဲ့တောနဲ့ အလောင်းတော်ကဿပ အမျိုးသား ဥယျာဉ် ရှိသစ်တော ဝန်ထမ်း များကို ပြည်သူ့ စစ်(ဌာ နေ)ဝန်ထမ်းအဖြစ် တပ်မတော်မှသတ်မှတ်ကာ လက်နက်များထုတ်ပေးကိုင်ဆောင်ခွင့်ပြုထားခြင်းကဲ့သို့ လက်နက် တပ်ဆင်ပေးနိုင်ရေးအတွက် ကာကွယ်ရေး ဝန်ကြီးဌာန နှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်သွားမှာဖြစ်ပါတယ်။” ဟု သယံဇာတ နှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန မှ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းက ပြောသည်။

 

ဒုတိယအကြိမ်ပြည်သူ့ လွှတ်တော် ၊ ပဉ္စမပုံမှန် အစည်းအေ ဝး၊ (၄၃)ရက်မြောက်ကို သြဂုတ် ၁၁ ရက်တွင် ကျင်းပရာ ဒဂုံမြို့သစ်(တောင်ပိုင်း) မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအေးနိုင်၏မေးမြန်းမှုနှင့်ပတ်သက်၍ ဝန်ကြီးက ယင်းကဲ့သို့ပြောဆိုခြင်းဖြစ်သည်။ “မြန်မာနိုင်ငံ သစ်တော ဝန်ထမ်း များ၏ လုံခြုံရေး အတွက် ယခင်ကကဲ့သို့ ဥပဒေ၊ စည်းမျဉ်း၊ စည်းကမ်းများ သတ်မှတ်ကာ လက်နက်များ ပြန်လည်တပ်ဆင်ပေးရန် အစီအစဉ် ရှိ၊ မရှိသိလို၍ မေးမြန်းရခြင်းဖြစ်ပါတယ်။”ဟု ဒဂုံမြို့သစ်(တောင်ပိုင်း)မဲဆန္ဒနယ်မှ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးအေးနိုင်က လွှတ်တော်အတွင်းမေးမြန်းခဲ့သည်။ တရားမဝင်သစ်မှောင်ခိုသမားများ၏ အုပ်စုဖွဲ့ရန်ပြုတိုက်ခိုက်မှုများကြောင့် ၂၀၀၂-၂၀၀၃ ဘဏ္ဍာနှစ်မှ ၂၀၁၇-၁၈ ဘဏ္ဍာနှစ်အထိ သစ်တောဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး(၁)ဦး၊ သစ်တောဝန်ထမ်း(၈)ဦးသေ ဆုံးခဲ့ပြီး (၄၂)ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

READ  ကိုယ်အလေးချိန် တက်စေတဲ့ အလုပ် ၈ မျိုး

Credit : yangontimes

LEAVE A REPLY