မော်ဒယ်လ်သင်တန်း Bus ကားစီးပြီး တက်ခဲ့ရတယ်လို့ပြောပြတဲ့ တိုင်ရွှန်။ အဘိုးက အင်္ဂလိပ်လူမျိုးပါတဲ့။ မြန်မာပြည်အဝင်း တိုင်ရွှန် လက်ရှိမှာတော့ မြန်မာပြည်အဝင်းဆိုပြီးတော့ ပရိသတ်အားပေးမူရရှိနေတဲ့ မော်ဒယ်လ်တိုင်ရွှန်ရဲ့ နာမည်အရင်းက ဝင်းပြည့်အောင် ဖြစ်ပြီးတော့ ရင်းနှီးတဲ့ပရိတ်သတ်အချို့ကတော့အဝင်းလို့ခေါ်တယ်လို့ သိရပါတယ်။

 

နာမည်ဆန်းဆန်းလေးပေးချင်တာကြောင့်ရော အဘိုးကအင်္ဂလိပ်လူမျိုးဖြစ်တာကြောင့် အဘိုးနာမည်နောက်ဆုံးအလုံးနဲ့ တိုင်ရွန်နာမည်ကိုနေ့နံတွေနဲ့အလိုက်ဆုံးကိုရွေးလိုက်ပြီးTyron Bejay လို့ နာမည်ပေးခဲ့တာလို့ သိရပါတယ်။ ၁၉၉၃ ခုနှစ် နိုဝင်ဘာ ၂၇ ရက်မှာမွေးဖွား ခဲ့ပြီးတော့ အ.ထ.က (၃) ပဲခူးမှာ ပညာသင်ကြားခဲ့ပြီး ပဲခူးတက္ကသိုလ်မှာပဲ ဆက်လက်ပညာ သင်ယူခဲ့တယ်လို့သိရပါတယ်။ အဖေက ၏အစိုးရဝန်ထမ်း တစ်ယောက်ဖြစ်ပြီးတော့ တိုင်ရွန်ကတော့ပဲခူးဇာတိလို့သိရပါတယ်။ သူ့ကိုတော့အဖေ ဦးဝင်းတင့် အမေဒေါ်သိန်းသိန်းမြင့်တို့က မွန်ပြည်နယ်သံဖြူဇရပ်မှာ မွေးဖွားခဲ့ပြီး မွေးချင်းသုံးယောက်ရှိတဲ့အနက် အမနှစ်ယောက်ရှိပြီး သူကအငယ်ဆုံးလို့သိရပါတယ်။

 

တက္ကသိုလ်ဒုတိနှစ်မှာ စာမေးပွဲဆက်မဖြေဖြစ်တော့ပဲ အနုပညာအလုပ်တွေ စလုပ်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ လက်ရှိမှာတော့ အနုပညာနဲ့ပတ်သတ်ပြီးတော့ လိုအပ်ချက်တွေ ရှိနေသေးတာကြောင့် ကြိုးစားနေရတုန်းပဲရှိပြီး ပရိသတ်လက်ခံလာအောင်တော့ဖြေးဖြေးချင်းကြိုးစားနေတယ် လို့ Myanmar Celebrities (Myanmar Cele wiki ) ကို အခုလိုပြောပြခဲ့ပါတယ်။ လက်ရှိမှာတော့ ရုံကြီးနှစ်ကား ဗီဒီယိုနှစ်ကား ရိုက်ကူးထားပြီး ဇာတ်လမ်းတွဲလည်းစတင်ရိုက်ကူးနေပြီး MTV ၊TV ကြော်ငြာ သုံးခု , billboard အချို့ , magazine တွေ show တွေကတော့ ရိုက်ကူးဖစ်နေတယ် လို့သိရပါတယ်။ လက်ရှိ ထွန်းရုပ်ရှင်ထုတ်လုပ်ရေးနဲ့ ဗီဒီယိုကားနှစ်ဆယ် စာချုပ်ထားတာဖြစ်ပြီး ဒီလကနေ စတင်ရိုက်ကူးနေတယ်လို့ သိရပါတယ်။နောင်နှစ်ထဲမှာ တစ်ခုလပ်ဆိုတဲ့ကားကြီးနဲ့ တစ်ခါကမြို့ပြရန်ကုန်ကားကြီးနှစ်ကား ရုံတင်ဖို့ရှိတယ်လို့လည်း သိရပါတယ်။

 

တိုင်ရွှန်ရဲ့ စိတ်ထားကတော့ ပျော်ပျော်ဘဲနေတက်ပြီးစိတ်ထဲရှိတဲ့အတိုင်းလုပ်တက်သလို မျိုသိပ်မထားတတ်ဘူးလို့လည်း သိရပါတယ်။ မှန်တယ်ထင်ရင်လုပ်လိုက်တာဘဲ သိပ်ပတ်ဝန်းကျင်ကိုမတွေးတတ်ဘူး။ သူတစ်ပါးကိုမထိခိုက်ဘူးဆိုရင် ကိုယ်မှန်တယ်ထင်ရာလုပ်တယ် သူတစ်ပါးကိုလည်းမစော်ကားဘူး။ အေးဆေးနေရတာကြိုက်တယ်လို့ ပြောပါတယ်။ အနုပညာအလုပ် စလုပ်တုန်းကလည်း” အခက်ခဲတွေအများကြီးပါ မော်ဒယ်သင်တန်းကို bus ကားစီးပီးတက်ခဲ့တယ် ဖိနပ်နှစ်ရံနဲ့စခဲ့တယ်။ ပြေးပြေးလွှားလွှားနဲ့ ရတာအကုန်လုပ်ခဲ့တယ်။ အဆက်သွယ် တစ်ခုမှမရှိဘူး။ အနုပညာသိုင်းဝိုင်းထဲအစိမ်းသက်သက်ဝင်လာရတယ်။ဆရာသမားတွေကိုတိုင်ပင်ဆုံးမတာခံယူပီး ဟိုလှိမ့်ဒီလှိမ့်နဲ့ လုပ်လာခဲ့ရတာပါပဲ ” လို့Myanmar celebrities (Myanmar Cele Wiki ) ကို ပြောပြခဲ့ပါတယ်။ အချစ်ရေးနဲ့ ပတ်သက်ပြီးတော့လည်းလောဆယ်မရှိပါဘူးအေးဆေးတစ်ယောက်ထည်းပါပဲလို့ပြောပြခဲ့ပါတယ်။

Credit: Myanmar Cele Wiki