နာမည်ကြီး အနုပညာရှင် တွေရဲ့ ခန္ဒာကိုယ် တွေကို အားကျနေသလား။ ဝိတ်ချဖို့အတွက် အစား တွေရှောင်၊ လေ့ကျင့်ခန်း တွေ အပြင်းအထန်လုပ်နေရပါသလား။ ဒါပေမယ့် ဒီလို ခန္ဒာကိုယ် မျိုးကို လွယ်လွယ်မရနိုင်ပါဘူး။

နေ့စဉ် လေ့ကျင့်ခန်း အပြင် တစ်ခြား နည်းလမ်း တွေတွေရှိပါသေးတယ်။ ကဲ လွယ်ကူတာမို့အခုပဲလိုက်လုပ်ကြည့်ရအောင်။

သေချာဝါးစားပါ။

အစားအစာ များကို သေချာဝါးစားသင့်ပါတယ်။ ဒီလို အရသာ ခံပြီး ကြေညက်အောင်ဝါးစားရင် အစား လျှော့စားသလိုဖြစ်သွားပါလိမ့်မယ်။

အရသာ ခံတာတွေကို ရှောင်ကြဉ်ပါ။

သင် လျှာ ကို အလိုမလိုက်ပါနဲ့။ ခံတွင်း တွေ့စေမယ့် အစားအစာတွေဆိုရင် ထပ်ခါထပ်ခါ တောင်းတတတ်ပါတယ်။ ဒါကြောင့် ရှောင်ကြည်ရန်အထူးလိုအပ်ပါတယ်။ လျှာ ကို မကြာခဏဆေးပေးပါ။

အသီးအရွက် များများစားပါ။

ကျန်းမာရေး အတွက် အထူးလိုအပ်တာ အသီးအရွက် တွေပါ။ အဆီ တွေကို လှျော့့ချပေးပြီး လိုအပ်တဲ့အာဟာရပေးနိုင်တဲ့အတွက် နေ့စဉ်အစားအသောက်မှာ အထူးလိုအပ်ပါတယ်။

ဗီနီကာ ထည့်ပါ။

သင့်အတွက်ထူးဆန်းကောင်းထူးဆန်းနိုင်သော်လည်း Diet အတွက် အလွန်ကောင်းပါတယ်။ ကိုယ်တွင်း ပိုး များကို ရှင်းလင်းစေရုံသာမက အဆာခံနိုင်ပါတယ်။

လိုအပ်တဲ့ Salad ပဲလုပ်စားပါ။

Diet အတွက် Salad လုပ်စားရတွင် လိုအပ်သည်များသာ ထည့်ပြီး စားပါ။ သင့်စိတ်တွင ကောင်းမယ့်လို့ထင်ပြီး ထည့်လိုက်တာမျိုး မလုပ်ပါနှင့်။

အမျှင်ဓါတ် ပါသည့်အစားအစာများစားပေးပါ။

ထိုကဲ့သို့ အမျှင်ဓါတ် ပါသည့် အစားအစား များကို ပုံမှန်အတိုင်းစားပေးပါ။ ဖျော်သောက်ခြင်း၊ တခြားနှင့် ရောနှော စားသောက်ခြင်းများမပြုလုပ်မိစေနှင့်။

Credit : ဆန်းသစ်မြန်မာ