နေ့စဉ် အပြင်ထွက်ပြီး အလုပ် လုပ်နေရတဲ့ ယောက်ျား ဖြစ်သူဟာ သူ့ ဘဝကို သူ ငြီးငွေ့လာတယ်။သူက ပင်ပင်ပန်းပန်းနဲ့ အလုပ် လုပ် နေစဉ်မှာ သူ့ မိန်းမ ကတော့ အိမ်မှာ သက်တောင့်သက်သာနဲ့ နေနေရတယ်လို့ သူမြင်လာတယ်။

ဒါနဲ့ ဘုရားသခင်ဆီမှာ ဆုတောင်း လိုက်တယ်.. …

“အိုအဖ… ကျနော်ကတော့ တနေ့ကို ၈နာရီ ပင်ပန်းဆင်းရဲစွာ အလုပ် လုပ် နေစဉ်မှာ ကျနော့် မိန်းမ ကတော့ အိမ်ထဲမှာ အေးအေးဆေးဆေးနဲ့ နေနေ ရတယ်၊ ကျနော် ဘယ်လောက် ပင်ပန်းတယ်ဆိုတာ သူမ သိသွားအောင် ကျေးဇူးပြုပြီး ကျနော်တို့ ခန္ဓာကိုယ် တွေကို ပြောင်းပေးပါ”

” ကောင်းပြီ ချစ်သား… သင့် ဆန္ဒ အတိုင်း ဖြစ်စေဗျား”

“ဝုန်း”… ဆို မီးခိုးလုံးကြီး ပေါ်လာပြီးတဲ့ နောက်မှာ ခင်ပွန်းသည် က ဇနီးသည် ဖြစ်၊ ဇနီးသည် က ခင်ပွန်းသည် အဖြစ် ခန္ဓာကိုယ် တွေ ပြောင်းသွားကြတယ်။

မိန်းမ အဖြစ်ကို ပြောင်းသွားတဲ့ အဲဒီလူဟာ နောက်နေ့ မနက်မှာတော့ ခင်ပွန်းသည် အရင် အိပ်ရာ စောစောထ ရတော့တယ်။

ယောက်ျားနဲ့ ကလေး တွေအတွက် မနက်စာ ချက်ပြုတ် ပြင်ဆင်ရတယ်။ ယောက်ျား နဲ့ ကလေး တွေ နိုးလာတော့ ခူးခပ် ပြင်ဆင်ကျွေးမွေး၊ တခါပြီးပြန်တော့ ကလေးတွေကို ကျောင်းပို့ဖို့ လုပ်ရတယ်။

ကျောင်း ပို့ပြီးတာနဲ့ အပြန်ဈေးကိုဝင်၊ လိုအပ်တာတွေကို ခေါင်းခြောက်အောင် စဉ်းစား ဝယ်ရချမ်းရ ပြန်တယ်။
အိမ်ပြန်ရောက်တာနဲ့ နေ့လည်စာ ချက် ပြီးတော့ အဝတ်တွေ လျှော်ဖွတ်ရတယ်။

တခါ ကြမ်းတိုက်၊ ရေဆေး သန့်ရှင်းရေး လုပ်ပေါ့။ ပြီးလို့မှ နားမယ် ကြံကာရှိသေး ကလေး တွေကျောင်းကို နေ့လည်စာ သွားကျွေးရပြန်တယ်။

ကျောင်း က ပြန်လာတော့ မီးပူတိုက်၊ ပြီးတော့ မောလွန်းလို့ ခဏမှေးမယ် စဉ်းစားတော့ ညနေစာချက်ချိန် ရောက်နေပြီ။

ညနေစာ ချက်လို့ မှ မပြီးသေးဘူး ကလေး တွေကျောင်းက ပြန်လာတော့ ရေမိုးချိုးပေးပြီး ညစာ ပြင်ဆင်ကျွေး
မွေးရပြန်တယ်။

ကလေး တွေ စားပြီးလို့မှ မကြာဘူး ခင်ပွန်းသည် အလုပ် က ပြန်လာလို့ သူ့အတွက်တခါ ပြင်ဆင် ပြုစုပေးရ
ပြန်တယ်။

အဲလိုနဲ့ အိပ်ချိန်ရောက်လို့ ကလေးတွေ အိပ်တာနဲ့ သူမအိပ်ရသေးဘူး၊ ကလေးတွေ ဆော့ပြီး ဖွထားတာတွေ သိမ်းဆည်း၊ပြီးတော့ သူတို့ နောက်နေ့ ကျောင်း တက်ရင် အဆင်သင့်ဖြစ်အောင် လွယ်အိတ်၊စာအုပ်တွေ ပြင်ဆင်ထည့်ပေး၊ ပြီးပြန်တော့ ပင်ပန်းလာတဲ့ ခင်ပွန်းသည် ကို အိပ်ခါနီး ပြုစုရပြန်တယ်။

 

အားလုံးပြီးတော့ အားအင် ကုန်ခန်းပြီး တချိုးထဲ အိပ်ပျော်သွားတော့တာပေါ့။ နောက်နေ့ မနက်လဲ အိပ်ရာထရော.. ဘုရားသခင်ကို ပြန်ပြီး တိုင်တည် ဆုတောင်းတော့တယ်…

“အဖ ဘုရားသခင်.. ကျနော်လဲ ဘာတွေ စဉ်းစားခဲ့မိမှန်းကို မသိတော့ပါဘူး၊ ကျနော့် မိန်းမကို မနာလိုဖြစ်မိတာ မှားမှန်း သိပါပြီ၊ ခုတော့ ကျနော် သင်ခန်းစာ
ကောင်းကောင်းရလို့ နောင်ကြဉ်ပါပြီ၊ ကျနော်တို့ကို နဂိုအတိုင်း ဖြစ်အောင် ခန္ဓာကိုယ်တွေ ပြန်ပြောင်းပေးပါတော့”

“အင်း… ချစ်သားလည်း ကိုယ့်အမှားကိုယ် သိပြီဆိုတော့ ပြန်ပြောင်းပေးတာပေါ့၊ ဒါပေမဲ့ ၉ လတော့ စောင့်ရမယ်”

“ဟင်.. ဘာလို့လဲ”

“မနေ့ညက.. သင့်မှာ ကိုယ်ဝန်ရှိသွားပြီလေ”…

((( Oိာန် ))) 🙂 🙂

Credit : Original Uploder