ဒီအချက်တွေကို လုပ်မှန်းမသိ လုပ်နေမိမယ်ဆိုရင်၊ သင်ဟာ ဘယ်လောက်ကောင်းတဲ့ တော်တဲ့ ဝန်ထမ်းပဲ ဖြစ်နေပါစေ သင့်ကို လုပ်ငန်းခွင်ထဲက လူအားလုံးကို ဝန်ထမ်းကောင်းတစ်ယောက်လို့ မြင်မှာမဟုတ်ပါဘူး

ဝန်ထမ်းဆိုတာ ကုမ္ပဏီတစ်ခုရဲ့ အဖိုးတန်ရနာတစ်ပါးဖြစ်ပြီး သူတို့ကပဲ ကုမ္ပဏီရဲ့ အောင်မြင်မှုသော့ချက်ကို ဆုပ်ကိုင်ထား ကြတယ်။ ဒါပေမဲ့ တစ်ဖက်မှာကလည်း၊ သူဌေးတိုင်းက ဝန်ထမ်းတွေကို ကိုယ်တိုင် motivate ဖြစ်စေချင်တယ်။ အချိန်မှန် စေချင်ကြတယ်။ အလုပ် ကြိုးစားစေချင်တယ်။ အလုပ် နဲ့ပတ်သက်ပြီးတော့လည်း သိသိသာသာ စမတ်ဖြစ်စေချင်ကြတယ် ဆိုရင်၊ သေချာတာကတော့ တစ်မဟုတ်တစ်နေ့မှာ ဝန်ထမ်း တွေကို သူ့ရဲ့ အရည်အချင်းနဲ့ စိတ်ဝင်စားမှုတွေပေါ်မူတည်ပြီး အကဲဖြတ်လာပါလိမ့်မယ်။
နောက်ဆုံး မေးခွန်တွေ၊ အပြစ်တွေနဲ့ ဝန်ထမ်း တစ်ယောက်ရဲ့ ဘဝ တစ်ခုကို ထိုးနှက်လာမှာ သေချာပေါက်ပဲ။ ဒါဆို ဘယ်လိုကာကွယ် ကြမလဲ။ သူကလည်း မီးလိုပဲ။ ကြိုတင်ကာကွယ်ထားသင့်တဲ့ အရာတွေထဲမှာ ပါပါတယ်။ ဒါကြောင့် အခုဖော်ပြပေးထားတဲ့ အချက်တွေကို သတိထားရှောင်ရှားခြင်းအားဖြင့် သင့်ကို ဝန်ထမ်းကောင်းလို့ သူတို့တွေ မြင်လာပါလိမ့်မယ်။

(၁) အချိန်စီမံခန့်ခွဲမှု ညံ့ဖျင်းခြင်း
အကြောင်းကြီးကြီးမားမားမရှိဘဲ ရုံး ကို နောက်ကျမှရောက်ပြီး စောစောပြန်မယ်။ လူပ်စရာရှိတဲ့ အလုပ် တွေကို ပြီးပြတ် အောင်မလုပ်ဘဲ နောက်ရက်စာ ချန်ထားမယ်။ ဒါဟာ ဝန်ထမ်းတစ်ယောက်အတွက် မကောင်းတဲ့ လက္ခဏာဖြစ်ပါတယ်။

(၂) တာဝန် မသိခြင်း
အလုပ် တွေ၊ စီမံခန့်ခွဲမှုတွေ၊ ကိုင်တွယ်နေတာတွေကို ကိုယ်တိုင်လုပ်လို့ရပါရက်နဲ့ ကိုယ်တိုင်မလုပ်ဘဲ သူတစ်ပါး အပေါ် တာဝန်လွှဲပေး လုပ်ခိုင်းနေခြင်းဟာ သင်ရဲ့တာဝန်မသိတတ်မှုတွေကို ဖော်ပြနေခြင်းဖြစ်ပါတယ်။
(၃) အချိန်မီမပြီးခြင်း
သတ်မှတ်ပေးထားတဲ့ အချိန်တွင်းမှာ သင်လုပ်ရမယ့်တာဝန်တွေ၊ အလုပ်တွေကို လုံးဝပြီးစီးအောင် မလုပ်ဘူးဆို ရင်တော့ ကုမ္ပဏီမှာ နာမည်ဆိုးတွင်အောင် ကိုယ်တိုင်ဖန်တီးနေတာနဲ့ အတူတူပါပဲ။
(၄) အပြောကြီးပြီး အလုပ်နည်းခြင်း
သင့်ရဲ့ အလုပ်တာဝန်ခွဲတမ်းတွေကို အားလုံးပြီးအောင် လုပ်နိုင်ပါရက်နဲ့ မလုပ်ဘဲ နည်းနည်းလေးပဲ လုပ်နေမယ်ဆိုရင် တော့ ကိုယ့်ကိုယ်ကိုယ် လက်မမထောင်နိုင်အောင် လုပ်နေတာပဲ။ အဲဒါကိုမှ အတင်းအဖျင်းတွေ လိုက်ပြောနေဦးမယ် ဆိုရင်တော့ သင့်နာမည် တကယ်ပျက်ပြီ။
(၅) ယုံကြည်မှု လွန်ကဲခြင်း
သင့်အနေနဲ့ အလုပ် နဲ့ပတ်သက်ပြီး သတ်မှတ်ထားတဲ့အရာတွေမှာ လုံးဝကိုကောင်းမွန်နေနိုင်ပေမဲ့ အရာကိုကို မသိတာ မရှိလောက်အောင်အထိ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု လွန်ကဲနေမယ်ဆိုရင် မကောင်းပါဘူး။

(၆) အလုပ်ရှောင်ခြင်း
လူတစ်ယောက်က သူလုပ်ရမယ့် အလုပ် ကို မလုပ်ဘဲ ပထုတ်နိုင်မယ့် နည်းလမ်းကိုပဲ ရှာကြံနေမယ်ဆိုရင်၊ ဒါဟာ အလုပ်မလုပ်ချင်တဲ့ လက္ခဏာပါ။ ဒါကြောင့် ဒီလို နည်းလမ်း မျိုးကို တွေးတောနေမယ့်အစား တစ်ရက်တည်း ပြီးအောင် အာရုံစိုက် လုပ်ဆောင်လိုက်ပါ။
(၇) တစ်ကိုယ်ကောင်းဆန်လွန်းခြင်း
လုပ်ငန်းခွင်ထဲက လုပ်ဖော်ကိုင်ဖက်တွေကိုလည်း လိုအပ်နေတဲ့ အချိန်မျိုးမှာတောင် ကူညီပေးခြင်းမရှိဘူးဆိုရင် ဒါဟာ တစ်ကိုယ်ကောင်းဆန်လွန်းတာပဲ။ လူတိုင်းကလည်း အဲဒီလိုပဲ မြင်ပါလိမ့်မယ်။ ဒါတင်မကသေးပါဘူး၊ လုပ်ဖော်ကိုင်ဖက် တွေနဲ့ ကြာရှည်ကြာနောင်း ကောင်းကောင်းလုပ်ကိုင်ပေးခြင်းမရှိဘဲ ဝတ်တရားကျေရုံလောက်သာ လုပ်ဆောင်ပေးမယ် ဆိုရင်လည်း ဒါဟာ မကောင်းတဲ့ အချက်ပါပဲ။
(၈) ညည်းညူခြင်း
မမျှော်လင့်ဘဲ ရုတ်တရက်ပေါ်လာတဲ့ အလုပ် တွေနဲ့ပတ်သက်ပြီး ညည်ညူလွန်းနေမယ်၊ ကွန်ပလိန်း များလွန်း နေမယ် ဆိုရင်လည်း ဒါဟာ ဝန်ထမ်းတစ်ယောက်ရဲ့ အရေးအကြီးဆုံး အကောင်းတဲ့အချက်ကို ဖော်ပြနေရာ ရောက်ပါတယ်။
Reference: youngisthan
Credit : Duwun