ဂျပန်-မြန်မာ ဖက်စပ်ရိုက်ကူးမယ့် ဇာတိမြေ ဇာတ်ကားကြီး မှာ ဂျပန် မှာမွေးပြီး ဂျပန် မှာကြီးပြင်းတဲ့ ကောင်မလေးနေရာက သရုပ်ဆောင် မယ့် ၀တ်မှုံရွှေရည် က သြဂုတ်လ ၁၀ရက်နေ့က သူမရဲ့ မွေးနေ့ မှာ မိသားစုနဲ့အတူ အလှူအဒါန်းတွေ လုပ်ပြီး ဖြတ်သန်းခဲ့ပါသေးတယ်။ သူမရဲ့ အနုပညာ လှုပ် ရှားမှုတွေနဲ့ ပတ်သက်ပြီး….။

Q. လတ်တလော အနုပညာ လှုပ်ရှားမှု အနေနဲ့ ဘာတွေလုပ်ဖြစ် နေလဲ။
A. အနုပညာ လှုပ်ရှားမှု က ကစ် ကြော်ငြာ တွေပဲ ရိုက်ဖြစ်နေတယ်။ ရုပ်ရှင်ကားကြီး က ဒါရိုက်တာ ဦးမိုးဦးနဲ့ကား ပြီးကတည်းက မရိုက်ဖြစ်သေးဘူး။ ဒီသြဂုတ်လထဲမှာတော့ ဇာတိမြေဇာတ်ကား အတွက် ဂျပန်မှာ သွားရိုက်ဖို့ ရှိပါ တယ်။

Q. ရုပ်ရှင်ကားကြီး တွေ ရိုက်ရတာများတော့ ကားတစ်ကား ရိုက်တော့မယ်ဆိုရင် ကစ်အနေနဲ့ ပြင်ဆင်မှုအပိုင်းနဲ့ ပတ်သက်လို့ ဘာတွေကွားခြားသွားလဲ။
A. အရင်ထက်စာရင် ကွာခြား မှုကတော့ ရှိတာပေါ့နော်။ ပိုပြီးတော့ ဂရုစိုက်ရတယ်၊ ပိုပြီးတော့သတိထား ရတယ်။

Q. ကစ် ရဲ့ ဇာတ်ကား တွေနဲ့ ပတ်သက်ပြီး ပရိသတ် ကိုရော ဘာများအသိပေးချင်သေးလဲ။
A. ကစ် အမြဲတမ်းကြိုးစား နေပါတယ်။ကစ်ကြိုးစားမှုကို အသိ အမှတ်ပြုပေးနေတဲ့ အမြဲတမ်းအား ပေးနေတဲ့ ကစ်ရဲ့ ချစ်ရတဲ့ပရိသတ် တွေ အားလုံးကို ကျေးဇူးအရမ်း တင်ပါတယ်။

Q. ဇာတိမြေ ဇာတ်ကား ကို လက်ခံဖြစ်တာကရော….။
A. ဒ ဇာတ်ကား မှာ ထူးခြား မှုလေးတွေ အများကြီးရှိပါတယ်။ အဲဒါတော့ ပြောပြလိုက်ရင် ဇာတ်လမ်းသိသွားမှာ ပေါ့နော်။ အဲဒါတော့ ခွင့်လွှတ်ပါလို့။ ဒီဇာတ်ကား လေးမှာလည်း သူရဲ့မြှုပ်ကွက်လေးတွေရှိတယ်ပေါ့နော်။ အဲဒီအတွက် ထူးခြားမှုလေးတွေရှိတယ်လို့လည်း ခံစားရပါတယ်။ နောက်တစ်ခုက ဒီလိုမျိုး ဂျပန်နဲ့မြန်မာ နှစ်နိုင်ငံပေါင်း ရိုက်တယ် ဆိုတာကလည်း ဒါက အခွင့်အရေး တစ်ခုလို့ပဲ ယူဆပါတယ်။ ဒီအခွင့်အရေးကိုလည်း ပြောရမယ် ဆိုရင် ကစ်လက်ခံချင်ပါတယ်။ အဲဒါကြောင့် ဒီကားကိုရိုက်ဖို့ လက်ခံဖြစ်သွားတာပါ။

Q. နှစ်နိုင်ငံဖက်စပ် ဇာတ်ကား ရိုက်ရတဲ့ခံစားမှု ကရော….။
A. ခံစားချက်ကကစ် ကတော့ ဘယ်လိုပဲဖြစ်ဖြစ် ဒါအနုပညာ ဖန်တီးမှုတစ်ခု အနေနဲ့ရော နှစ်နိုင်ငံ ချစ်ကြည်ရေး ဇာတ်ကားအနေနဲ့ပါ ခံစားချက်ကတော့ ကစ်ဝမ်းသာပါတယ်။ ဒီလိုသေသေချာချာ အကုန် အကျခံပြီး ရိုက်တဲ့ကားမျိုးမှာ ပါဝင်ခွင့်ရတဲ့ ကစ်ဘက်ကလည်း အစွမ်းကုန် ကြိုးစားသွားမှာပါ။

Q. ဂျပန်သူတစ်ယောက် အနေနဲ့ သရုပ်ဆောင်ဖို့အတွက် ဘာတွေပြင်ဆင်ထားလဲ။
A. အခုလက်ရှိတော့ ကစ် ဂျပန်စာ လေ့လာထားတယ်။ နောက်ပြီး ဂျပန်နဲ့ပတ်သက်တဲ့ သမိုင်းကြောင်းတွေလည်း ကစ် သိ ထားသင့်သလောက်တော့ သိထားတာရှိပါတယ်။

Q. အဝတ်အစားပိုင်းကိုရော ကိုယ့်အနေနဲ့ ဘယ်လိုတွေ ပြင်ဆင်ထားလဲ။
A. အဝတ်အစားကတော့ ကစ် stylist နဲ့ပဲအပ်ထားပါတယ်။ ဒီထဲက ကောင်မလေးက လူငယ်ပုံစံ လေးဆိုတော့ လူငယ်ဆန်ဆန် ဒီဇိုင်း လေးတွေပဲ ၀တ်ဖြစ်မှာပါ။

Q. ကိုယ့်ကို ဝေဖန်တိုက်ခိုက် တဲ့ အခါမျိုးတွေရော စိတ်ကို ဘယ်လိုပြင်ဆင်ဖြစ်လဲ။
A. ကစ်ကိုကောလာဟလ ပြောတာပဲ ဖြစ်ဖြစ်၊ တိုက်ခိုက်တာ ပဲဖြစ်ဖြစ် ဒါကတော့ အနုပညာ သမားတိုင်း ကြုံတွေ့နေရတာပါပဲ။ ဒါပေမဲ့ အဲဒီလိုအချိန်မှာ ဆိုရင် ကစ်က ဘာသာရေးနဲ့ဆိုတော့ အရမ်းအေးချမ်းပါတယ်။ ပုံမှန်လည်း ဘာသာရေးလုပ်ဖြစ်ပေမယ့် အဲဒီလိုအချိန်မျိုးဆိုရင် ပိုပြီးတော့လုပ် ဖြစ်တာပေါ့နော်။ ဘုရားတရားလည်း ပိုပြီးတော့ လုပ်ဖြစ်တဲ့အခါကျတော့ ကစ်ကိုလာပြီး တိုက်ခိုက်တဲ့သူတွေ ရှိပေမယ့်လည်း ကစ်ကတော့ အေး ချမ်းတယ်။ ပြောတဲ့သူတွေ တိုက်ခိုက် တဲ့လူတွေကတော့ ပူလောင်နေတာပေါ့နော်။ ကစ်ကတော့ အေးချမ်းပါတယ်။ အမြဲတမ်း ဘုရားတရားတော့ မမေ့ပါဘူး။

Credit : modda Fashion