လှိုင်သာယာမြို့နယ်ကနေ သခင်မြပန်းခြံကိုပြေးဆွဲနေတဲ့ YBS ၂၀ ယာဉ်လိုင်းကို လူနှစ်ဦးက တုတ်ကိုင်ဆောင်ပြီး ငွေပုံးထဲက ငွေတွေကိုလုယက်မှုတွေ ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
သြဂုတ်လ ၂၁ ရက်နေ့ ညနေ ၆ နာရီလောက်မှာ လူနှစ်ဦးက တုတ်ကိုင်ဆောင်ပြီး ကားပေါ်ကိုတက်ရောက်ကာ ပိုက်ဆံတွေကို တောင်းယူသွားတာဖြစ်ပါတယ်။ လက်ရှိအချိန်မှာတော့ ယာဉ်လိုင်းတာဝန်ရှိသူတွေက သက်ဆိုင်ရာရဲစခန်းမှာ ဗီဒီယိုဖိုင်နဲ့အတူ အကြောင်းကြား တိုင်တန်းထားပေမယ့် လက်ရှိအချိန်အထိ အဆိုပါ ပြစ်မှုကျူးလွန်သူတွေကို ဖမ်းဆီးရမိတာ မရှိသေးဘူးလို့ ဆိုပါတယ်။

အခုဖြစ်စဉ်က ခရီးသွားပြည်သူတွေရဲ့လုံခြုံရေးကို တိုက်ရိုက် ထိခိုက်နိုင်လို့ ပြင်းပြင်းထန်ထန်အရေးယူပေးဖို့ Omni Focus General Services Co.,Ltd က တောင်းဆိုထားတယ်လို့ သိရပါတယ်။
Photos : YBS 20
Credit: Duwun