၂၀၁၆-၁၇ ပညာသင် နှစ် တက္ကသိုလ်ဝင် စာမေးပွဲ တွင် အနုပညာ အသိုင်းအဝိုင်းမှ ဂုဏ်ထူး ရ ကျောင်းသား၊ ကျောင်းသူ များအား မြန်မာနိုင်ငံ ရုပ်ရှင်အ စည်းအရုံးမှ ဩဂုတ် ၃၀ ရက်တွင် မြန်မာနိုင်ငံ ရုပ်ရှင အစည်းအရုံး ၌ ဆုချီးမြှင့်ပွဲ ကျင်းပခဲ့သည်။

အဆိုပါ ဆုပေးပွဲ တွင် ဂုဏ်ထူး ရရှိသူခုနစ်ဦးကို ဂုဏ်ထူးတစ် ဘာသာလျှင် ရုပ်ရှင်အစည်းအရုံး က ကျပ်တစ်သိန်းနှင့် မင်္ဂလာရုပ် ရှင်ရုံပိုင်ရှင် ဦးဇော်မင်း က ငါး သောင်းစီ ချီးမြှင့်ခဲ့ပြီး ဂုဏ်ထူးရ ကျောင်းသား များထဲတွင် ရဲအောင်၏ တစ်ဦးတည်းသောသား မောင်ကောင်းတေဇာနိုင်လည်း ပါဝင်သည်။

‘‘သားလေး ဆယ်တန်း စာမေးပွဲ ကို ဂုဏ်ထူး ငါးခုနဲ့ အောင် တဲ့အတွက် အရမ်းဝမ်းသာပါ တယ်။ ဖခင်တစ်ယောက်အနေနဲ့ ဂုဏ လည်းဂုဏ်ယူတယ်။ အဓိက ကတော့ ကျွန်တော်ကတော့ သူ စာမေးပွဲဖြေတဲ့အချိန်မှာ ရန်ကုန် မှာလည်းမရှိဘူး။ ဇာတ်လမ်းတွဲ တွေရိုက်နေတဲ့အချိန်ဆိုတော့ ကျွန်တော့်အမျိုးသမီးကပဲ အနီး ကပ်စောင့်ရှောက်ပေးတယ်၊ သင်ကြားပေးတယ်။ သားလေး ကို ဂရု စိုက်ပေးကြတဲ့ ဆရာ၊ ဆရာမ တွေ အားလုံးကိုလည်း ကျေးဇူး တင်ပါတယ်။ ဝမ်းသာပါတယ်ခင် ဗျာ’’ဟု သရုပ်ဆောင်ရဲအောင်က ပြောသည်။

၎င်း၏သားသည် မြန်မာစာ ကလွဲ၍ အခြားဘာသာ ငါးခု ဂုဏ်ထူးထွက်ရှိပြီး တက္ကသိုလ်ဝင်တန်း စာမေးပွဲ ကို ပညာရေး တက္ကသိုလ် လေ့ကျင့်ရေးကျောင်းမှ အောင် မြင်ခဲ့သည်။ အမှတ်ပေါင်း ၅၂၆ မှတ်ရရှိပြီး ဆေးတက္ကသိုလ် ဝင်ခွင့် လျှောက်ထားကြောင်း ရဲအောင် က ပြောသည်။

‘‘သူက အနုပညာ နဲ့ပတ် သက်ရင် ရုပ်ရှင် ကြည့်တယ်။ သီချင်း နားထောင်တယ်။ ဝင် သရုပ်ဆောင် တာ ဘာညာတွေကို ဝါသနာ မပါဘူးခင်ဗျ။ ကျွန်တော် တို့ကတော့ ပညာရေး ကို အဓိက ဦးစားပေးမယ်။ နောက်တော့မှ သူဝါသနာပါရာကို ပံ့ပိုးပေးရမှာ ပေါ့။ ဆေးတက္ကသိုလ် ကလည်း သူ့ဟာသူတင်တာပါ။ အဲဒီအချိန် တုန်းက ကိုယ်လည်း ရန်ကုန်မှာ မရှိတဲ့အချိန် နယ်မှာ ဇာတ်ကား ရိုက်နေတော့ သူ့ဟာသူပဲ ဆေး ကျောင်း လျှောက်လိုက်တာပါ’’ဟု ရဲအောင် က ပြောသည်။
Credit: 7daydaily