နိုင်ငံတနိုင်ငံ ရဲ့ အနာဂတ် ဟာ အရည်အချင်း ရှိတဲ့ လူငယ် တွေရဲ့ လက်ထဲမှာပါ လူငယ် တွေရဲ့ စွမ်းဆောင်ချက်ပေါ်မူတည်ပြီးတိုးတက်မှု့ ဆုတ်ယုတ်မှု့ ဆိုတာ ဖြစ်တာပါ သိပ္ပံပညာ တိုးတက်လာတာနဲ့ အမျှအချိန်တိုအတွင်း ကိစ္စတော်တော်များများကိုပြီးမြောက်ခဲ့ရတယ်

မြန်မာနိုင်ငံ ရဲ့ လတ်တလော အခြေအနေ ဟာ နိုင်ငံရေး ဘာသာရေး စီးပွားရေး တွေဟာဘယ်နိုင်ငံနဲ့ ယှဉ်ယှဉ် နောက်ကျကျန်နေတာချည်ူပါပဲဘာ့ကြောင့်လည်းအုပ်ချုပ်ခဲ့သူတွေရဲ့ ညံ့ဖျင်းမှု့ပြည်သူတွေရဲ့ ပညာရေးညံ့ဖျင်းမှု့ပညာတတ်လူငယ်တွေရဲ့ တိုးတက်အောင်ကြိုးစားလိုစိတ်မရှိခြင်းဒီသုံးခုကို ပြောင်းလဲဖို့ အရေးကြီးပါတယ်

လူတိုင်း ဖုန်းကိုင်နိုင်လို့  ဝမ်းသာစရာဖြစ်ပေမဲ့ခေတ်ပညာတတ်လူငယ်တွေဟာအခု ပေါ်နေတဲ့ coc game တို့  ကိုးရီးယားဇာတ်လမ်း တို့ အပေါ်မှာ အရူးအမူးစွဲလန်းနေကြတာတွေ့ တော့ လွန်စွာ ဝမ်းနည်းမိတယ် မိမိ တို့ အချိန်ကုန်ခံ လူပမ်းခံပြီးမှ တတ်လာခဲ့တဲ့ပညာတွေကို မိမိအတွက် နိုင်ငံအတွက် အမျိုးဘာသာ သာသနာအတွက် ထိရောက်အောင်အသုံးမခတက်ဘူးဆိုရင်တော့ဘယ်လောက်ပဲမျိုးချစ်စိတ်ရှိရှိနိုင်ငံမတိုးတက်နိုင်ပါဘူး အစိုးရ မကောင်းခဲ့လို့  ပညာရေး နိမ့်ပါးတာမှန်တယ်အဲဒီ ပညာ မတတ်သူတွေကို ကယ်တင်ဖို့ ပညာ သင်ခဲ့တဲ့ လူငယ် တွေက တာဝန်မရှိဘူးလားဆင်းရဲနေတဲ့ ပြည်သူတွေကိုကယ်ဖို့ ပညာ တတ်တွေမှာ တာဝန်မရှိဘူးလား


ဘယ်သူ သမ္မတ ဖြစ်ဖြစ် သမ္မတ တဦးတည်း နိုင်ငံတိုးတတ်အောင်မစွမ်းဆောင်နိုင်ပါဘူးပြည်သူပြည်သားအားလုံးက ဝိုင်းဝန်းတာဝန်ယူဖြေရှင်းမှ တိုးတက်မှာပါယိုးဒယား နဲ့ တွေ့ လည်း ခံရတရုတ်နဲ့ တွေ့ လည်း ခံရဘင်္ဂလားနဲ့ တွေ လည်း ခံရခံနေရတာကို အပြစ်ပဲပြောပြီး ဆဲနေမဲ့အစား အရည်အချင်း ရှိတဲ့ နိုင်ငံဖြစ်အောင် နိမ့်ကျနေတဲ့ဆင်းရဲသားတွေရဲ့ ဘဝတွေကို မြှင့်တင်ပေးအောင်ပညာတတ်လူငယ်တွေမျိုးချစ်စိတ်ရှိဖို့  ဘာသာသာသနာ ချစ်တက်ဖို့ နိုင်ငံကို ချစ်တတ်ဖို့ 
အရေးကြီးလှပါတယ်

အခုတော့ ပညာရေး နိမ့်ကျနေတဲ့ နိုင်ငံအတွက် ဆင်းရဲသား တွေကလည်းအတွေးအခေါ်မကောင်းပညာတက်လူငယ်တွေကလည်းgame တို့ ကိုးရီးယား တို့ လောက်ပဲခေါင်းထဲမှာရှိတယ်ဒီပုံစံနဲ့ ဆိုလို့ ကတော့ကမ္ဘာပေါ်က ဘယ်နိုင်ငံနဲ့ ယှဉ်ယှဉ် မြန်မာ တွေက ခံဘက်ကချည်းပဲ ဖြစ်မှာပါ ဗုဒ္ဓ တရားတော် တွေရဲ့ အရှိန်အဝါသာမရှိရင် မြန်မာနိုင်ငံ ဟာကမ္ဘာပေါ်မှာ မနေချင်စရာအကောင်းဆုံးနိုင်ငံများ ဖြစ်လေမလားပဲလူငယ်တွေ အရူးအမူးဖြစ်နေတဲ့ ကိုးရီးယား ဇာတ်လမ်းတွဲ coc game နဲ့ fb ကိုအကျိုးမဲ့စွာ သုံးနေတဲ့အချိန်တွေအတွက်ပေးနေရတဲ့ အချိန် တွေကို လေ့လာကြည့်လိုက်တနေ့ တနေ့  ဘယ်လောက်ထိအချိန်တွေပုပ်နေလဲဆိုတာတွေ့ ရလိမ့်မယ်

Credit :ဦးမြင့်ခိုင်