မင်္ဂလာခန်းဝင် ပစ္စည်း တွေကြောင့် ယောက်ျား(၁၂)ယောက် ကို လက်ထပ် ခဲ့ပေမယ့် သူတို့အပေါ်ပေးခဲ့တဲ့ သူမ အချစ်ကတော့ စစ် ပါတယ်လို့ အသက် (၃၂)နှစ် Jariyaporn Buayai ကဆိုပါတယ်။

Buayai ကို ပုံမှန်မဟုတ်တဲ့ လက်ထပ် မှုကြောင့် သူမ ကို ဘန်ကောက် မှာဖမ်းဆီးခဲ့တာဖြစ်ပါတယ်။ သူမယောက်ျား(၁၂)ယောက်ထဲမှ တစ်ယောက်က ဘတ် ၅သိန်း(ဒေါ်လာ ၁၅ဝ၉) ကို Buayai ငွေညှစ်ယူဖူးတယ်လို့ တိုင်ကြားပါတယ်။

သူမက ယောက်ျား တွေအများကြီးကို လက်ထပ် ခဲ့ပေမယ့် သူတို့အပေါ်ဘယ်တုန်းကမှ သစ္စာ မဖောက်ဖူးဘူးလို့ပြောပါတယ်။ သူမလက်ထပ်ခဲ့တဲ့ယောက်ျားတွေကိုလည်း တကယ်ချစ်ခဲ့တယ်လို့ သိရပါတယ်။ Buayai ဟာ ထို အမှု နဲ့ပတ်သတ်ပြီး ခုထိစစ်ဆေးမေးမြန်းခံနေရပေမယ့် သူမရဲ့သတင်း ကတော့ အွန်လိုင်း ပေါ်မှာ ပျံ့နှံ့ လို့ပါပဲ။

သူမ့  ယောက်ျား(၁၂)ယောက်ကိစ္စဟာ အလွန်ရှုပ်ထွေးနေပြီး ဘယ်ကဘယ်လိုအစဆွဲထုတ်ရမှန်းမသိဖြစ်နေပါတယ်။ Buayai က ယောက်ျား တိုင်းကြိုက်လောက်တဲ့ ရုပ်ရည် မျိုးကိုပိုင်ဆိုင်ထားသည့်အပြင် ဇာတ်လမ်း တွင်ဆင်ပြီး ယောက်ျားတွေကိုချည်းကပ်တတ်တယ်လို့လည်းသိရပါတယ်။ သူမ အမှု ကို အခုထိဖြေရှင်းနေဆဲပါပဲ။

Credit: myanmar new society
share from : Htoo Htoo