ဗေဒင် နက္ခတ် အားလုံးနီးပါးဟာ မတိမကျမရေမရာတွေကြီးပါပဲ။

ဂျာနယ် တွေ ထဲမှာပါလေ့ရှိတယ်။ ဘယ်သားသမီး၊ ဘယ် ရာသီဖွား စသည်ဖြင့်ပေါ့။အများနဲ့ဆိုတော့ တစ်ယောက်မဟုတ်တစ်ယောက်တော့ ကိုက်နေမှာပဲ။ ကျွန်တော် လူတိုင်းအတွက် အကြောင်း တစ်မျိုးတည်းဟောမယ်။ လူတိုင်းအတွက် ၉၀% မှန်စေရမယ်။ဟောချက်ကိုဖတ်ကြည့်ပါ။

” သင့်မှာ တစ်ခြားသောလူတွေ ကိုယ့်ကို နှစ်သက် မြတ်နိုးစေချင်တဲ့ ဆန္ဒ ရှိတယ်။

သင်ဟာသင်ကိုယ်တိုင် နှိုင်းချိန်ဆုံးဖြတ်တတ်တဲ့ ညာဉ်လေးတော့ရှိပါတယ်။

သင့်မှာ ကိုယ်တိုင် အကျိုး အတွက် အသုံးမပြုရသေးတဲ့ စွမ်းရည် တွေ ကိမ်းအောင်းနေတယ်။

သင့်မှာ ပုဂ္ဂိုလ်ရေး အားနည်းချက် တချို့ ရှိပေမယ့် ဒီ အားနည်းချက် နဲ့ ညီမျှတဲ့ အစားထိုးစရာ ကောင်းကွက်တွေလည်း ရှိပါသေးတယ်။

အပြင်ပန်းမှာ discipline နဲ့ self- control ရှိသယောင်ပေမယ့် အတွင်းစိတ်မှာ ပူပန်ပြီး မလုံခြုံသလို ခံစားရလေ့ရှိတတ်ပါတယ်။

တချို့သောအချိန်တွေမှာ ကိုယ်လုပ်လိုက်တာ၊ကိုယ်ဆုံးဖြတ်လိုက်တာ မှန်ရဲ့လားဆိုတဲ့ သံသယ တွေ ဝင်နေတတ်ပါတယ်။

သင်ဟာ ပတ်ဝန်းကျင် ပြောင်းလဲမှုနဲ့ အမျိုးအစားစုံလင်မှု အချို့ကိုလိုလားတတ်ပြီး ကန့်သတ်ချက်တွေ၊တားမြစ်ချက်တွေ ရဲ့အောက်မှာ ချုပ်နှောင်မှုတွေကို စိတ်တိုင်းမကျပါဘူး။

သင်ဟာ ကိုယ်တိုင်စဉ်းစားတွေးတောရတာကို ပဲ ဂုဏ်ယူတတ်ပြီး သူတစ်ပါး ရဲ့အဆိုကို လုံလောက်တဲ့ သက်သေမရှိဘဲ လက်မခံပါဘူး။

သင်ဟာ သူတစ်ပါး အပေါ် ပွင့်ပွင့်လင်းလင်းရှိခြင်းကြောင့် မသိတတ်သူလို့ အမြင်ခံရမှာစိုးပါတယ်။

တချို့အချိန်တွေမှာ သင်ဟာ ပွင့်လင်းပျော်ရွှင်တတ်သူ၊ ဖော်ရွှေသူ၊ လူမှုရေးစိတ်ရှိသူဖြစ်သလို တချို့အချိန်တွေမှာလည်း ဘာသိဘာသာနေတတ်သူ၊ သတိရှိသူ၊ သီးသန့်နေတတ်သူ ဖြစ်ပါတယ်။

တချို့သော သင့် ရည်မှန်းချက် တွေဟာ တော်တော်လေး သဘာဝမကျဖြစ်နေတတ်ပါတယ်။ သင့်ရဲ့အဓိကပန်းတိုင်တွေထဲက တချို့ကတော့ ဘဝတစ်လျှောက်လုံခြုံမှုရှိစေဖို့ပဲဖြစ်ပါတယ်။”

ဘယ်လိုလဲမှန်ရဲ့လား။???

ဒီဟာ ကျွန်တော် ဟောတာ မဟုတ်သလို ဗေဒင် လည်းမဟုတ်ပါဘူး။ လုံးဝ Science သီးသန့်ဖြစ်ပါတယ်။ ဒါကို Bertram R Forer လို့ခေါ်တဲ့ psychologist ကရေးသားခဲ့ပြီး “Forer Effect” လို့ခေါ်ပါတယ်။ သင့်အတွက် ၉၀% ထက်တောင် ပိုမှန်နေမှာပါ။ ဘာ့ကြောင့်လည်း? လူတွေရဲ့စရိုက်မှာတူညီမှုတွေရှိကြတယ်လေ။

Credit: Aung Thet Paing Oo