ကာမပိုင်ယောက်ျားရှိ သည့် အမျိုးသမီးကို မန္တလေး ဟိုတယ်၌ ဖောက်ပြန်ရန် ကြိုး စားခဲ့ကြောင်း ဖေ့စ်ဘွတ်ခ်စာ မျက်နှာပေါ်မှ စွပ်စွဲတိုက်ခိုက်မှု များအပေါ် မကွေးတိုင်းဝန်ကြီး ဦး နေမျိုးကျော်နှင့် စွပ်စွဲခံရသူအမျိုး သမီးတို့က စက်တင်ဘာ ၂ ရက် တွင် မီဒီယာများအား တွေ့ဆုံ ရှင်းလင်းခဲ့သည်။

Kyaw Ko Ko Tin အ ကောင့်မှ ဩဂုတ် ၃၁ ရက်တွင် ‘မကွေးတိုင်း NLD ၀န်ကြီးနေမျိုး ကျော် (စက်မှုဝန်ကြီး) သူများ မယားနဲ့ မန္တလေးမှာ သူ့ ယောက်ျားနဲ့မိလို့ ပြဿနာဖြစ်၊ နောက်မီးလင်းသည့် မိန်းမဟာ မကွေး CB Bank က စာရေးမဖြစ် ပြီး ၎င်း၏လင်ယောက်ျားမှာ ဦးအေးလွင်ဖြစ်ကြောင်း သတင်း ရရှိသည်’ ဟု ဖော်ပြခဲ့သည်။

အဆိုပါ အကောင့်ပိုင်ရှင်အ ပြင် Nyan Gyi အကောင့်ပိုင်ရှင် ကလည်း ယင်းကိစ္စအပေါ်ထပ်မံ ဖော်ပြမှုများရှိခဲ့ပြီး ဖေ့စ်ဘွတ်ခ် စာမျက်နှာပေါ်တွင် ယင်းသတင်း ပျံ့နှံ့ခဲ့သည်။

ယင်းကိစ္စနှင့်ပတ်သက်၍ မကွေးတိုင်းအလုပ်သမားဝန်ကြီး ဦးနေမျိုးကျော်က ‘‘စွပ်စွဲတိုက် ခိုက်မှုဟာ ကျွန်တော့်ရဲ့ ဂုဏ် သိက္ခာနဲ့ လုံခြုံမှုကို ထိပါးစေ တယ်။ တစ်ပြိုင်နက်တည်းမှာ စွပ်စွဲခံရတဲ့ ကျွန်တော်ဟာ အစိုးရ ၀န်ကြီးတစ်ဦးဖြစ်နေတာမို့လို့ ကျွန်တော့်အပေါ်စွပ်စွဲတိုက်ခိုက် မှုဟာ အစိုးရကိုပါ ထိခိုက်စေ တယ်ဆိုတဲ့ ရည်ရွယ်ချက်ကပါ နေတယ်လို့ ကျွန်တော်ယူဆ တယ်။ အစိုးရ၀န်ကြီးတစ်ဦးရဲ့ လုပ်ငန်းတာဝန်ကိုပါ အနှောင့်အ ယှက်ဖြစ်စေတဲ့အတွက် ခွင့်လွှတ် လို့မရဘူးဆိုတာ ကျွန်တော်ပြော ချင်ပါတယ်’’ ဟု ပြောသည်။

တိုင်းဒေသကြီးဝန်ကြီးသည် ဩဂုတ် ၁၉ ရက်က မန္တလေးသို့ သွားရာတွင် ၎င်းနှင့်အတူကိုအေး မင်းအောင်နှင့် မမြတ်နိုးပွင့်တို့ ဇနီးမောင်နှံ အတူပါလာသည် မှာဟုတ်မှန်ပြီး စကုမြို့အတွက် အာဇာနည်ကြေးရုပ် ပြုလုပ်ရန် ကိစ္စဖြင့် ကြေးရုပ်ကော်မတီနှင့် အတူသွားရောက်ခဲ့ကာ အလုပ် ကိစ္စများပြီးဆုံးသဖြင့် အဆိုပါ ဇနီးမောင်နှံနှင့် ၀င်းစတားဟိုတယ် တွင် တည်းခိုခဲ့ကြောင်း ပြော သည်။

ဝန်ကြီးမိသားစုနှင့် မမြတ် နိုးပွင့်တို့၏မိသားစုသည် ငယ်စဉ် ကတည်းက မောင်နှမများကဲ့သို့ ခင်မင်ရင်းနှီးပြီး မမြတ်နိုးပွင့်တို့ ဇနီးမောင်နှံနှင့် ယခင်ကလည်း ခရီးအတူသွားခဲ့ဖူးကြောင်း ၀န် ကြီးက ဆိုသည်။

‘‘ဟိုတယ်မှာ သူတို့နှစ် ယောက်ကတစ်ခန်းအိပ်တယ်။ ကျွန်တော်နဲ့ကျွန်တော့်ကားဒရိုင် ဘာက တစ်ခန်းအိပ်တယ်။ သူတို့ လင်မယားနှစ်ယောက်ရန်ဖြစ်ကြ လို့၊ အကျယ်အကျယ်ဖြစ်လို့ ဟို တယ်မှာမကောင်းဘူးဆိုပြီး သွား ပြီးတားမြစ်ဖျောင်းဖျပေးခဲ့တယ်။ ဒါပဲ။ ဖေ့စ်ဘွတ်ခ်ပေါ်က ဒီစွပ်စွဲ ချက်ဟာ လုံးဝမဟုတ်ပါဘူးလို့ ပြောချင်တယ်’’ ဟု ဦးနေမျိုးကျော် က ပြောသည်။

ကိုအေးမင်းအောင်၏ဇနီး မမြတ်နိုးပွင့်ကလည်း ၎င်းနှင့် ၎င်း၏ခင်ပွန်းသည် ရန်အကြိမ် ကြိမ်ဖြစ်ခဲ့ပြီး ခင်ပွန်းကရိုက်နှက် နှိပ်စက်ခြင်းများရှိသလို သူငယ် ချင်း အပေါင်းအသင်းများနှင့် လည်း အမြဲစွပ်စွဲပြောဆိုနေသူဖြစ် ကြောင်း၊ ဩဂုတ် ၁၉ ရက်ညက ဟိုတယ် တွင် စကားများရန်ဖြစ်ရာ ၌ ၀န်ကြီးက ဖျန်ဖြေသည့်အပေါ် တစ်ဖက်သတ်စွပ်စွဲပြစ်တင်ခြင်း ဖြစ်ကြောင်း ပြောသည်။

‘‘သူက အရမ်းသ၀န်ကြောင် ပါတယ်။ သူ့သူငယ်ချင်းတွေ၊ ကျွန်မရုံးက ၀န်ထမ်းတွေနဲ့လည်း အမျိုးမျိုးစွပ်စွဲတယ်။ နှိပ်စက် တယ်။ အခုကျတော့ ၀န်ကြီးနဲ့ပါ စွပ်စွဲလာတယ်။ နိုင်ငံရေးတွေ ထိ ခိုက်လာတယ်။ ကျွန်မသည်းမခံ နိုင်တော့ဘူး’’ ဟု မမြတ်နိုးပွင့်က ပြောသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ ၀န်ကြီးဦးနေမျိုးကျော်နှင့် ဇနီး၊ မမြတ်နိုးပွင့်နှင့် မိသားစုတို့က မီဒီ ယာသမားများအား တွေ့ဆုံရှင်း လင်းခဲ့ခြင်းဖြစ်သည်။

ယင်း ဖြစ်စဉ်များနှင့်ပတ် သက်၍ မမြတ်နိုးပွင့်၏ခင်ပွန်း ကိုအေးမင်းအောင်ကို သီးသန့် တွေ့ဆုံမေးမြန်းရာတွင် ၎င်းတို့ ခင်ခင်မင်မင်နေခဲ့ပြီး ကိုနေမျိုး ကျော်အပေါ်၌ အထင်ကြီး လေးစားမှုရှိကြောင်း၊ သို့သော် ဩဂုတ် ၁၉ ရက်က ဟိုတယ်တွင် တည်းခိုခဲ့သည့်ည ဖြစ်စဉ်နှင့် ပတ်သက်၍ တုန်လှုပ်ဝမ်းနည်းရ ကြောင်း ပြောကြားသည်။

‘‘ကျွန်တော်တို့က အခန်း (၁၀၁)၊ ကိုနေမျိုးကျော်က အခန်း (၁၀၄)မှာပါ။ မျက်စောင်းထိုး ပေါ့။ ည ၉ နာရီခွဲဝန်းကျင်လောက် ကျွန်တော့်မိန်းမကလည်း ဖုန်း ကြည့်နေတယ်။ ကျွန်တော်လည်း ဖုန်းကြည့်နေတုန်း သူကဖုန်းကိုချ ပြီး ရေအိမ်ထွက်သွားတယ်။ သူ့ ဖုန်းကို ဘာရယ်မဟုတ်ဘူး၊ ဘာ တွေလုပ်နေလဲဆိုပြီး ကောက် ကြည့်မိတယ်။ Noti မှာပေါ်နေ တယ်။ Ok ဆိုတော့ ဘာလဲမသိ ဘူးဆိုပြီး ကျွန်တော်လည်း နှိပ် ကြည့်လိုက်တော့ အပေါ်မှာ သူပို့ ထားတဲ့စာ ‘ဒီလူမူးနေပြီ ခဏနေ အိပ်တော့မှာ လာခဲ့မယ်’၊ အောက်က ဟိုလူက ‘Ok’ တဲ့။ ကျွန်တော်ရင်ကွဲပြီး ဗြောင်းဆန်ပူ ထူသွားတယ်။ ခဏနေတော့ သူ ရေအိမ်က ထွက်လာတယ်။ ဖုန်း က ကျွန်တော့်လက်ထဲမှာလေ။ ကျွန်တော်လည်း အော်ဟစ်ပြော ဆိုမိတယ်’’ ဟု ကိုအေးမင်းအောင် ကရှင်းပြသည်။

ထို့နောက် မမြတ်နိုးပွင့်က အခန်း (၁၀၄)တံခါးကိုထု၍ ဦး နေမျိုးကျော်ကို သွားခေါ်သဖြင့် နှစ်ဦးစလုံး အခန်းထဲပြန်ရောက် လာသည်။ ထို့နောက်အခန်းတံခါး ကိုပိတ်၍ ဦးနေမျိုးကျော်က သူ့ အား လက်ပြန်ချုပ်နှောင်ထားပြီး ၎င်း၏လက်ထဲတွင်ရှိသည့် ဖုန်း ကို မမြတ်နိုးပွင့်က လုယူကာ ဖုန်းမက်ဆေ့ခ်ျများကို ဖျက်၍ ဖုန်းကိုရိုက်ခွဲခဲ့သည်ဟု ကိုအေး မင်းအောင်ကဆိုသည်။

ထို့အပြင် ဟိုတယ်တည်းခို ရာတွင် ၎င်းတို့လင်မယား အတွက် မှတ်ပုံတင်ပေးစရာမလို ဘဲ ဦးနေမျိုးကျော်၏မှတ်ပုံတင် တစ်ခုတည်းကိုသာပေးခဲ့ရသည် ဟု ၎င်းကဆိုသည်။

မှတ်ပုံတင်ကိစ္စနှင့် ပတ် သက်၍ ၀န်ကြီး၏မိတ်ဆွေများက စီစဉ်ထားသဖြင့် မှတ်ပုံတင် မပေးခဲ့ရဟု မမြတ်နိုးပွင့်က ဆို သည်။

ထို့အပြင် မမြတ်နိုးပွင့်က ၎င်းတွင် ဖေ့စ်ဘွတ်ခ်အကောင့် မရှိကြောင်း ၎င်းဓာတ်ပုံနှင့်အ ကောင့်သည် ကိုအေးမင်းအောင် ဖွင့်၍သုံးနေခြင်းဖြစ်ပြီး သူ့တွင် ကီးပတ်ဖုန်းသာရှိကြောင်း ပြော သည်။

သို့သော် အထက်ပါမက် ဆေ့ခ်ျနှင့်ဆက်သွယ်ခြင်းသည် ဖုန်းမက်ဆေ့ခ်ျ SMS နှင့်ပို့နေခြင်း ဖြစ်ကြောင်း ကိုအေးမင်းအောင် က ပြောသည်။

‘‘ကျွန်မ SMS ဆိုတာသိ တောင်မသိပါဘူး’’ ဟု မမြတ်နိုး ပွင့်က ဆိုသည်။

‘‘ကျွန်တော်ဘာမှမသိခဲ့ပါ ဘူး။ ကျွန်တော်သာမသိတာ သူ တို့တွဲသွားတွဲလာလုပ်နေတာ အ ပြင်မှာတွေ့ကြတာတွေကို ကျွန် တော့်သူငယ်ချင်းတွေက သိနေ တာကြာပါပြီ။ အခုလိုဖြစ်လာမှ ဖေ့စ်ဘွတ်ခ်ပေါ်မှာ သူတို့နှစ် ယောက်ပုံတွေ တက်လာတာပါ’’ ဟု ကိုအေးမင်းအောင်က ပြော သည်။

ကိုအေးမင်းအောင်က သူ့ တွင်ခိုင်မာသော သက်သေဖြစ် သည့် မက်ဆေ့ခ်ျကို ဖျက်ပစ်ခြင်း၊ ဖုန်းကို ရိုက်ခွဲခဲ့သဖြင့် ယင်းဖြစ် စဉ်ကို ဆောင်ရွက်ရန် ခိုင်မာမှုရှိ ရန် ခက်ခဲကြောင်း၊ သူ့၌အင် အားမရှိကြောင်း၊ သို့သော်ခိုင်မာ သည့်သက်သေတည်ဆောက်နိုင် လျှင် ဥပဒေအရအရေးယူလို ကြောင်း ပြောသည်။

ထို့အပြင် ယခုဖြစ်စဉ်နှင့် ပတ်သက်၍ ပါတီ၏ပုံရိပ်၊ အစိုးရ ၏ ပုံရိပ်များကို ထိခိုက်ညှိုးနွမ်းစေ သဖြင့် နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် နှင့် သမ္မတကြီးဦးထင်ကျော်တို့ ကို သိစေလိုကြောင်းနှင့် ၎င်းအ နေဖြင့် အင်အားမရှိသဖြင့် စစ် ဆေးအရေးယူမှုများကို သက် ဆိုင်သူများက ပြုလုပ်ပေးစေလို ကြောင်း ဆက်လက်ပြောသည်။

မိသားစုများ၏ ဂုဏ်သိက္ခာ၊ အစိုးရ၀န်ကြီးတစ်ဦး၏ ဂုဏ် သိက္ခာနှင့် အစိုးရ၏ဂုဏ်သိက္ခာ ကိုပါ ကျဆင်းအောင် စွပ်စွဲတိုက် ခိုက်မှုများတွင်နောက်ကွယ်မှ ခိုင်းစေချက်(သို့မဟုတ်)တိုက် တွန်းချက်များအရ အဂတိတစ်ပါး ပါးနှင့် လုပ်ဆောင်နေခြင်းမျိုးဟု သုံးသပ်မိကြောင်း ဦးနေမျိုးကျော် က ပြောသည်။

ထို့ကြောင့် ဖေ့စ်ဘွတ်ခ်စာ မျက်နှာတွင် စွပ်စွဲတိုက်ခိုက်သူ များကို တိကျစွာစုံစမ်း၍ ဥပဒေ ကြောင်းအရ အရေးယူနိုင်ရန် ဆောင်ရွက်မည်ဟု ၀န်ကြီးက ပြောသည်။

ယင်းကိစ္စနှင့်ပတ်သက်၍ ပါတီဌာနချုပ်သို့ တင်ပြထားခြင်း မရှိသေးကြောင်း ဒီချုပ် ဗဟိုပြန် ကြားရေးကော်မတီအတွင်းရေး မှူး မုံရွာအောင်ရှင်က ပြောသည်။

သတင်းစာရှင်းလင်းပွဲပြုလုပ်နေစဉ် (ဓာတ်ပုံ − မိုးကျော်)

Credit; 7Day