အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့် ရဲ့ မြောက်ကိုရီးယား ကို ဖျက်ဆီး ပစ်မယ်ဆိုတဲ့ ခြိမ်းခြောက်မှုကို တုံ့ပြန်တဲ့အနေနဲ့ အခုလို ပြောကြားလိုက်တာဖြစ်တယ်လို့ နိုင်ငံပိုင် ကေစီအန်အေသတင်းဌာန ဝက်ဘ်ဆိုက်မှာ ဖော်ပြထားတာပါ။

အဲဒီဖော်ပြချက်မှာ အမေရိကန် သမ္မတ ထရမ့် ကို “စိတ်မနှံ့သူ” လို့ သုံးနှုန်းခဲ့ပြီး ထရမ့်ရဲ့ မှတ်ချက်တွေကို “သမိုင်းမှာ အရက်စက်ဆုံး စစ်ကြေညာမှု” အဖြစ် ဖော်ပြခဲ့ပါတယ်။

အဲဒီအတွက် မြောက်ကိုရီးယား ရဲ့ နျူကလီးယား အစီအစဉ်ဟာ လမ်းကြောင်းမှန်ပေါ် ရောက်နေတယ်လို့လည်း အတည်ပြု ဖော်ပြခဲ့ပါတယ်။

စက်တင်ဘာ ၁၉ ရက်နေ့က အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့် ဟာ မြောက်ကိုရီးယား ခေါင်းဆောင်ကို “ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံနေတဲ့ ဒုံးကျည်လူသား” ဆိုပြီး သုံးနှုန်းခဲ့တယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။

Credit : DVB