Samsung ကေတာ့ brand တန္ဖိုး ေဒၚလာ ၅၉.၃ ဘီလ်ံနဲ ့ဆဌမေနရာမွာ ရိွေနပါတယ္။
ဝင္ေငြအရ ေျပာမယ္ဆိုရင္ ကမၻာ ေပၚမွာ Apple ဟာ နဝမေျမာက္ အၾကီးဆံုးကုမၸဏီၾကီး ျဖစ္ပါတယ္။ ကုန္အမွတ္တံဆိပ္တန္ဖိုး အေနနဲ ့ေျပာမယ္ဆိုရင္ေတာ့ ဒီ ကမၻာ မွာ Apple ထက္ သာတဲ့ brand မရိွေတာ့ပါဘူး။

ႏိုင္ငံတကာ ကုန္ အမွတ္တံဆိပ္ မ်ားကို ေလ့လာေနတဲ့ အဖဲြ ့အစည္း တစ္ရပ္ျဖစ္တဲ့ Interbrand ဟာ ကမၻာ့ ကုန္ပစၥည္း အမွတ္တံဆိပ္ ေတြအေၾကာင္း ေလ့လာ စစ္တမ္းေကာက္ေနတာ ၁၈ ႏွစ္ရိွျပီ ျဖစ္တဲ့ အဖဲြ ့အစည္း တစ္ခု ျဖစ္ပါတယ္။ ကမၻာ အရပ္ရပ္က ကုန္အမွတ္တံဆိပ္ေပါင္း ၁၀၀ ကို ေလ့လာျပီး ထုတ္ျပန္ခဲ့တဲ့ ဒီ အဖဲြ ့အစည္း ရဲ့ စစ္တမ္းအရ Apple ဟာ ကမၻာ့ တန္ဖိုး အၾကီးဆံုး brand ျဖစ္တယ္လို ့ဆိုပါတယ္။ ဒါဟာ Apple ရဲ့ ၅ႏွစ္ဆက္တုိက္ ထိပ္ဆံုးမွာ ရပ္တည္ႏိုင္ခဲ့တဲ့ စံခ်ိန္လည္း ျဖစ္ပါတယ္။

Interband ရဲ့ စစ္တမ္း အညႊန္းမွာ Apple brand ရဲ့ တန္ဖုန္း ဟာ ေဒၚလာ ၁၈၄.၁၅ ဘီလ်ံ တန္ျပီး ေဒၚလာ ၁၄၁.၇ ဘီလ်ံတန္ Google brand တန္ဖုိးထက္ ဘီလံ် ၄၀ ေလာက္ပိုမ်ားေနတာ ေတြ ့ရပါတယ္။ Apple နဲ ့Google ဟာ တန္ဖိုးအၾကီးဆံုး brand ေနရာမွာ ႏွစ္ေပါင္းမ်ားစြာ ပူးတဲြ ရပ္တည္ေနခဲ့ျပီး တတိယတန္ဖိုးအၾကီးဆံုးbrand ေနရာကို ဒီႏွစ္မွ အသစ္ေရာက္လာတဲ့ Microsoft ကေတာ့ ေဒၚလာ ဘီလ်ံ ၈၀ ပဲတန္တာျဖစ္ပါတယ္။ Apple ရဲ့ ျပိဳင္ဘက္ Samsung ကေတာ့ brand တန္ဖိုး ေဒၚလာ ၅၉.၃ ဘီလ်ံနဲ ့ဆဌမေနရာမွာ ရိွေနပါတယ္။

တန္ဖိုး အၾကီးဆံုး ကုန္ အမွတ္တံဆိပ္ စာရင္း ထဲမွာ အမ်ားဆံုး ပါဝင္ေနတဲ့ brand ေတြဟာ နည္းပညာနယ္ပယ္က ကုမၸဏီေတြ ျဖစ္ေနပါတယ္။ ဒီထဲမွာ အဆင့္ ၁၅ မွ Intel (ေဒၚလာ ၃၉.၅ ဘီလ်ံ) ၊ အဆင့္ ၅၃ မွ HP (ေဒၚလာ ၉.၅ ဘီလ်ံ) ၊ အဆင့္ ၅၆ ေနရာမွ Adobe (ေဒၚလာ ၉.၁ ဘီလ်ံ) ၊ အဆင့္၆၁ ေနရာမွ Sony (ေဒၚလာ ၈.၅ ဘီလ်ံ) နဲ ့ပါဝင္လာပါတယ္။ မွတ္သားစရာေကာင္းတဲ့ တစ္ခ်က္က တေလာကမွ Apple ကို ေက်ာ္ျပီး ကမၻာ့ဒုတိယအၾကီးဆံုး စမတ္ဖုန္းကုမၸဏီေနရာ ေရာက္လာတဲ့ Huawei brand ကေတာ့ ေဒၚလာ ၆.၇ ဘီလ်ံ တန္ေၾကး ရိွတယ္လို ့ေဖာ္ျပထားပါတယ္။

Interband ရဲ့ ယခုစစ္တမ္းမွာ ပါတဲ့ brand ေတြရဲ့ ထက္ဝက္ေက်ာ္ဟာ က႑ ၄ မ်ိဳး ျဖစ္တဲ့ ကား (brand ၁၆ ခု)၊ နည္းပညာလုပ္ငန္း (brand ၁၅ ခု) ၊ ေငြေၾကးဝန္ေဆာင္မႈ (brand ၁၂ ခု) နဲ ့အသင့္စားေသာက္ႏိုင္တဲ့ အစားအေသာက္လုပ္ငန္း (brand ၉ ခု) တို ့ျဖစ္ေနပါတယ္။ ေသခ်ာတာကေတာ့ ဒီစာရင္းအရ Apple ဟာ brand တန္ဖိုးမွာ ျပိဳင္ဘက္မရိွ ထိပ္ဆံုးမွာပဲ ရိွေနတုန္းဆိုတာ သံသယျဖစ္စရာ မရိွပါဘူး။

Credit : Duwun

Unicode ျဖင့္ဖတ္ရန္
ကမ္ဘာ့တန်ဖိုးအကြီးဆုံး ကုန်အမှတ်တံဆိပ်တစ်ခုအဖြစ် ၅ နှစ်ဆက်တိုက် ရပ်တည်နိုင်ခဲ့တဲ့ Apple
29.09.2017
Samsung ကတော့ brand တန်ဖိုး ဒေါ်လာ ၅၉.၃ ဘီလျံနဲ့ဆဌမနေရာမှာ ရှိနေပါတယ်။

ဝင်ငွေအရ ပြောမယ်ဆိုရင် ကမ္ဘာပေါ်မှာ Apple ဟာ နဝမမြောက် အကြီးဆုံးကုမ္ပဏီကြီး ဖြစ်ပါတယ်။ ကုန်အမှတ်တံဆိပ်တန်ဖိုး အနေနဲ့ပြောမယ်ဆိုရင်တော့ ဒီကမ္ဘာမှာ Apple ထက် သာတဲ့ brand မရှိတော့ပါဘူး။

နိုင်ငံတကာ ကုန်အမှတ်တံဆိပ်များကို လေ့လာနေတဲ့ အဖွဲ့အစည်းတစ်ရပ်ဖြစ်တဲ့ Interbrand ဟာ ကမ္ဘာ့ကုန်ပစ္စည်း အမှတ်တံဆိပ်တွေအကြောင်း လေ့လာစစ်တမ်းကောက်နေတာ ၁၈ နှစ်ရှိပြီ ဖြစ်တဲ့ အဖွဲ့အစည်းတစ်ခု ဖြစ်ပါတယ်။ ကမ္ဘာအရပ်ရပ်က ကုန်အမှတ်တံဆိပ်ပေါင်း ၁၀၀ ကို လေ့လာပြီး ထုတ်ပြန်ခဲ့တဲ့ ဒီအဖွဲ့အစည်းရဲ့ စစ်တမ်းအရ Apple ဟာ ကမ္ဘာ့တန်ဖိုးအကြီးဆုံး brand ဖြစ်တယ်လို့ဆိုပါတယ်။ ဒါဟာ Apple ရဲ့ ၅နှစ်ဆက်တိုက် ထိပ်ဆုံးမှာ ရပ်တည်နိုင်ခဲ့တဲ့ စံချိန်လည်း ဖြစ်ပါတယ်။

Interband ရဲ့ စစ်တမ်းအညွှန်းမှာ Apple brand ရဲ့ တန်ဖုန်းဟာ ဒေါ်လာ ၁၈၄.၁၅ ဘီလျံ တန်ပြီး ဒေါ်လာ ၁၄၁.၇ ဘီလျံတန် Google brand တန်ဖိုးထက် ဘီလံျ ၄၀ လောက်ပိုများနေတာ တွေ့ရပါတယ်။ Apple နဲ့Google ဟာ တန်ဖိုးအကြီးဆုံး brand နေရာမှာ နှစ်ပေါင်းများစွာ ပူးတွဲ ရပ်တည်နေခဲ့ပြီး တတိယတန်ဖိုးအကြီးဆုံးbrand နေရာကို ဒီနှစ်မှ အသစ်ရောက်လာတဲ့ Microsoft ကတော့ ဒေါ်လာ ဘီလျံ ၈၀ ပဲတန်တာဖြစ်ပါတယ်။ Apple ရဲ့ ပြိုင်ဘက် Samsung ကတော့ brand တန်ဖိုး ဒေါ်လာ ၅၉.၃ ဘီလျံနဲ့ဆဌမနေရာမှာ ရှိနေပါတယ်။

တန်ဖိုးအကြီးဆုံး ကုန်အမှတ်တံဆိပ်စာရင်းထဲမှာ အများဆုံး ပါဝင်နေတဲ့ brand တွေဟာ နည်းပညာနယ်ပယ်က ကုမ္ပဏီတွေ ဖြစ်နေပါတယ်။ ဒီထဲမှာ အဆင့် ၁၅ မှ Intel (ဒေါ်လာ ၃၉.၅ ဘီလျံ) ၊ အဆင့် ၅၃ မှ HP (ဒေါ်လာ ၉.၅ ဘီလျံ) ၊ အဆင့် ၅၆ နေရာမှ Adobe (ဒေါ်လာ ၉.၁ ဘီလျံ) ၊ အဆင့်၆၁ နေရာမှ Sony (ဒေါ်လာ ၈.၅ ဘီလျံ) နဲ့ပါဝင်လာပါတယ်။ မှတ်သားစရာကောင်းတဲ့ တစ်ချက်က တလောကမှ Apple ကို ကျော်ပြီး ကမ္ဘာ့ဒုတိယအကြီးဆုံး စမတ်ဖုန်းကုမ္ပဏီနေရာ ရောက်လာတဲ့ Huawei brand ကတော့ ဒေါ်လာ ၆.၇ ဘီလျံ တန်ကြေးရှိတယ်လို့ဖော်ပြထားပါတယ်။

Interband ရဲ့ ယခုစစ်တမ်းမှာ ပါတဲ့ brand တွေရဲ့ ထက်ဝက်ကျော်ဟာ ကဏ္ဍ ၄ မျိုး ဖြစ်တဲ့ ကား (brand ၁၆ ခု)၊ နည်းပညာလုပ်ငန်း (brand ၁၅ ခု) ၊ ငွေကြေးဝန်ဆောင်မှု (brand ၁၂ ခု) နဲ့အသင့်စားသောက်နိုင်တဲ့ အစားအသောက်လုပ်ငန်း (brand ၉ ခု) တို့ဖြစ်နေပါတယ်။ သေချာတာကတော့ ဒီစာရင်းအရ Apple ဟာ brand တန်ဖိုးမှာ ပြိုင်ဘက်မရှိ ထိပ်ဆုံးမှာပဲ ရှိနေတုန်းဆိုတာ သံသယဖြစ်စရာ မရှိပါဘူး။

Credit : Duwun