ဒီ ပန်းချီကား တွေကို သင်ဒီအတိုင်း သာမန်ကြည့်ရင် ညစ်ညမ်း ပန်းချီ တွေလို့ မြင်နေပါလိမ့်မယ်..။ပန်းချီကား ရဲ့ အကြောင်းမှန် ကို သိသွားရင်တော့ သင် မျက်ရည် ကျလောက်အောင် ရင်ထဲရောက်သွားပါလိမ့်မယ်..။အကြောင်းအရင်းက ဒီလိုပါ…။

တိုရီ ကို အနုပညာ ပြတိုက် အဝင်ဝ မှာချိတ်ဆွဲထားတဲ့ ဆေးရေး ပန်းချီကား ပါ။အကြောင်းမသိသူတွေက အံသြ လှောင်ပြောင်သရော်ကြတယ်။သိသူတွေက မျက်ရည် ကျမိတယ်။

အကြောင်းမှာ….အဖိုးအို က တော်လှန်ရေးသမား သူရဲကောင်း ပါ သူရဲကောင်း ကိုထောင်သွင်း အကျဉ်းချအစာရေစာပြတ် သေအောင်နှိပ်စက်ထားပါတယ်..။အစာရေစာ ပြတ်တောက်ပြီး အားအင်ချိနဲ့ နေတဲ့ အကျဉ်းသား ဖခင် ကို

လာရောက်ပြီး ထောင်ဝင်စာ တွေ့တဲ့ သမီးအရင်း ကမြင်တော့ရင်ထဲမချိအောင် ခံစားခဲ့ရပါတယ်…။ထိုအချိန်မှာ အကျဉ်းသားဖခင်ရဲ့ သမီးစာလည်း ကလေးမွေးပြီးခါစ ဖြစ်ပါတယ်..။ထောင်ဝင်စာ လာတွေ့ပြန်တော့လည်း တွေ့ခွင့်သာရပြီး

အစားအစာ ယူဆောင်ခွင့် မရှိတာကြောင့် ဖခင် ကို မကြည့်ရက်လို့ မိမိ၏ ဖခင် အဟာရပြည့်ဝစေရန်မိမိနို့ကိုသာ တိုက်ကျွေးနေပုံပါ။

ဒီပုံကို မြင်တဲ့ လူအများက မလုံမလဲအကြည့်ဖြင့်နို့တိုက်နေသော အမျိုးသမီးငယ် ကိုသာ အာရုံရောက်နေပြီးလက်ထိပ်သံခြေကျင်း ခတ်ခံရသော အဖိုးအို ရဲ့ဘဝကို မမြင်ကြတာကိုအမြင်ရဲ့လှည့်စားတတ်မှုကိုဖော်​ပြတဲ့ အနုပညာပါ။

Credit : သမီးလေးဖတ်ဖို့