Zawgyi ျဖင့္ဖတ္ရန္

ပန္းတိုင္ ေရာက္ဖို႔ ႀကိဳးစားအားထုတ္သြားမယ္လုိ႔ ဆိုလိုက္တဲ့ ေအာင္လအန္ဆန္

ဘ၀ မွာ ရည္မွန္း ထားတဲ့ ပန္းတိုင္ ေရာက္ရိွေအာင္ ၾကိဳးစား အားထုတ္သြားမယ္လို႔ One Championship မစ္ဒယ္၀ိတ္တန္း ကမၻာ့ခ်န္ပီယံ ေအာင္လအန္ဆိုင္း ေျပာဆိုလိုက္ပါတယ္။

“ကၽြန္ေတာ့္ရဲ႕ ပန္းတိုင္ တစ္ခုကိုေရာက္ဖို႔ ႀကိဳးစား အားထုတ္ရမယ္လို႔ပဲ ေသခ်ာ ယံုၾကည္ ထားပါတယ္။အဲ့ဒါကလည္း ကၽြန္ေတာ္ရဲ႕ ယံုၾကည္မႈ နဲ႔ ရင္ထဲအသည္းထဲက ျဖစ္ခ်င္စိတ္ေတြကို လိုလိုလားလားနဲ႔ ေသခ်ာလုပ္ရင္ ဘယ္အရာကိုမဆို ေအာင္ျမင္ နိုင္တယ္ဆိုတာ ကၽြန္ေတာ္တစ္ေယာက္ထဲအတြက္တင္သာမကပါဘူး အားလံုးအတြက္လည္း မွန္ကန္လိမ့္မယ္ လို႔ ယံုၾကည္ ပါတယ္” လို႔ ေအာင္လအန္ဆန္ က ထုတ္ေဖာ္ေျပာဆိုလိုက္တာပါ။

ဒါအျပင္ ေအာင္လအန္ဆန္ က ” ႀကိဳးစား အားထုတ္မႈ ေတြအတြက္ ဘုရားသခင္  က ေကာင္းခ်ီးေပးပါလိမ့္မယ္ဗ်၊ ေနာက္ၿပီး သူတစ္ပါးကို မေကာင္းေျပာေနမယ့္အစား အဲ့ဒီအခ်ိန္ေတြကို ကိုယ့္ ဘ၀ အတြက္ ေကာင္းေအာင္ ႀကိဳးစား ျကပါဗ်ာ” သူရဲ႕ လူမႈကြန္ယက္ စာမ်က္ႏွာ က ပရိတ္သတ္ ကို တိုက္တြန္းေျပာဆိုထားပါတယ္။

ႏို၀င္ဘာလ ၃ ရက္ေန႔မွာ One Championship မစ္ဒယ္၀ိတ္တန္းကမၻာ့ခ်န္ပီယံ ေအာင္လအန္ဆိုင္း နဲ႔ ဟဲဗီး၀ိတ္ခ်န္ပီယံ ဂါလာနီတို႔ဟာ ရန္ကုန္ၿမိဳ႕၊ သု၀ဏၰမိုးလုံေလလုံအားကစားကြင္းမွာ အထူးငါးခ်ီ စိန္ေခၚပြဲ ထိုးသတ္မွာ ျဖစ္ပါတယ္။ ဒီပြဲနဲ႔ ပတ္သက္ၿပီး ဂါလာနီ က လြယ္လြယ္နဲ႔ အႏုိင္ယူလို႔မရတဲ့ ယွဥ္ၿပိဳင္ဖက္ လို႔ ေျပာလိုက္ျပီး သူ ႔ဘ၀ အတြက္ သမိုင္း၀င္မယ့္ ပြဲတစ္ပြဲ ျဖစ္လာမယ္လို႔ ေအာင္လအန္ဆန္က ေျပာဆိုထားပါတယ္။

“ကၽြန္ေတာ္ ကေတာ့အဲ့ဒီ Alain ဆိုတဲ့ Heavy Weight ႀကီးနဲ႔ ထိုးရမွာကို တကယ္ စိတ္လႈပ္ရွားမိပါတယ္၊ ဒီေတာ့ဒီဘဲႀကီးနဲ႔ ဖိုက္ ဖို႔ ကၽြန္ေတာ့္ရဲ႕ကိုယ္စြမ္းဥာဏ္စြမ္းရွိသမွ် အစြမ္းကုန္ေလ့က်င့္ ႀကိဳးစား ရင္း ႀကိဳတင္ျပင္ဆင္ေနပါတယ္” လို႔ ေအာင္လအန္ဆန္က ဆုိပါတယ္။

ေအာင္လအန္ဆန္ နဲ႔ ထိုးသတ္မယ့္ ေဟာင္ေကာင္ကို ယ္စားျပဳ ႏိုက္ဂ်ီးရီးယားဖိုက္တာ ဂါလာနီ (Alain Ngalani) က MMA ၇ ပြဲမွာ ၃ ပြဲႏိုင္ ၃ ပြဲရံႈးနိမ့္ထားျပီး လ်င္ျမန္တဲ့ ေျခကန္ခ်က္ေတြေၾကာင့္ ျပိဳင္ဘက္ ေတြ သတိထားၾကရတဲ့ သူတစ္ေယာက္ပါ။

ျပီးခဲ့တဲ့ စက္တင္ဘာလ ၁၆ ရက္ေန႔ကမွ ဂ်ာကာတာမွာ ၿပိဳင္ဘက္ လက္ေ၀ွ႔သမား ဆီကီနီကို ၁၁ စကၠန္႔ျဖင့္ ဂါလာနီ က အလဲထိုးခဲ့ျပီး One Championship ရဲ႕ ဟဲဗီး၀ိတ္ၿပိဳင္ပြဲ သမိုင္း မွာ အျမန္ဆုံးပြဲသိမ္းႏိုင္တဲ့ စံခ်ိန္တင္ပြဲ တစ္ပြဲျဖစ္ခဲ့ပါတယ္။

One Championship ဟဲဗီး၀ိတ္ ခ်န္ပီယံ ဂါလာနီ က  အသက္ ၄၂ ႏွစ္ရွိၿပီျဖစ္ၿပီး ကစ္ေဘာက္ဆင္၊ ဂ်ဴဂ်စ္ဆု၊ ကရာေတးနဲ႔ ဂ်ဴဒို ပညာရပ္မ်ားကို ကၽြမ္းက်င္သူပါ။ ဒါအျပင္ ေမြထိုင္း ခ်န္ပီယံဆု ကို ေလးႀကိမ္ ရရွိထားသူလည္း ျဖစ္ပါတယ္။

Credit : mizimma

Unicode ျဖင့္ဖတ္ရန္

ပန်းတိုင်ရောက်ဖို့ ကြိုးစားအားထုတ်သွားမယ်လို့ ဆိုလိုက်တဲ့ အောင်လအန်ဆန်

ဘဝမှာ ရည်မှန်းထားတဲ့ ပန်းတိုင်ရောက်ရှိအောင် ကြိုးစားအားထုတ်သွားမယ်လို့ One Championship မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံ အောင်လအန်ဆိုင်း ပြောဆိုလိုက်ပါတယ်။

“ကျွန်တော့်ရဲ့ ပန်းတိုင်တစ်ခုကိုရောက်ဖို့ ကြိုးစားအားထုတ်ရမယ်လို့ပဲ သေချာ ယုံကြည်ထားပါတယ်။အဲ့ဒါကလည်း ကျွန်တော်ရဲ့ ယုံကြည်မှုနဲ့ ရင်ထဲအသည်းထဲက ဖြစ်ချင်စိတ်တွေကို လိုလိုလားလားနဲ့ သေချာလုပ်ရင် ဘယ်အရာကိုမဆို အောင်မြင်နိုင်တယ်ဆိုတာ ကျွန်တော်တစ်ယောက်ထဲအတွက်တင်သာမကပါဘူး အားလုံးအတွက်လည်း မှန်ကန်လိမ့်မယ် လို့ ယုံကြည်ပါတယ်” လို့ အောင်လအန်ဆန်က ထုတ်ဖော်ပြောဆိုလိုက်တာပါ။

ဒါအပြင် အောင်လအန်ဆန်က ” ကြိုးစားအားထုတ်မှုတွေအတွက် ဘုရားသခင်က ကောင်းချီးပေးပါလိမ့်မယ်ဗျ၊ နောက်ပြီး သူတစ်ပါးကို မကောင်းပြောနေမယ့်အစား အဲ့ဒီအချိန်တွေကို ကိုယ့်ဘဝအတွက် ကောင်းအောင်ကြိုးစားကြပါဗျာ” သူရဲ့ လူမှုကွန်ယက်စာမျက်နှာက ပရိတ်သတ်ကို တိုက်တွန်းပြောဆိုထားပါတယ်။

နိုဝင်ဘာလ ၃ ရက်နေ့မှာ One Championship မစ်ဒယ်ဝိတ်တန်းကမ္ဘာ့ချန်ပီယံ အောင်လအန်ဆိုင်း နဲ့ ဟဲဗီးဝိတ်ချန်ပီယံ ဂါလာနီတို့ဟာ ရန်ကုန်မြို့၊ သုဝဏ္ဏမိုးလုံလေလုံအားကစားကွင်းမှာ အထူးငါးချီစိန်ခေါ်ပွဲ ထိုးသတ်မှာ ဖြစ်ပါတယ်။ ဒီပွဲနဲ့ ပတ်သက်ပြီး ဂါလာနီ က လွယ်လွယ်နဲ့ အနိုင်ယူလို့မရတဲ့ ယှဉ်ပြိုင်ဖက်လို့ ပြောလိုက်ပြီး သူ့ဘဝအတွက် သမိုင်းဝင်မယ့် ပွဲတစ်ပွဲ ဖြစ်လာမယ်လို့ အောင်လအန်ဆန်က ပြောဆိုထားပါတယ်။

“ကျွန်တော်ကတော့အဲ့ဒီ Alain ဆိုတဲ့ Heavy Weight ကြီးနဲ့ ထိုးရမှာကို တကယ် စိတ်လှုပ်ရှားမိပါတယ်၊ ဒီတော့ဒီဘဲကြီးနဲ့ ဖိုက်ဖို့ ကျွန်တော့်ရဲ့ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ အစွမ်းကုန်လေ့ကျင့်ကြိုးစားရင်း ကြိုတင်ပြင်ဆင်နေပါတယ်” လို့ အောင်လအန်ဆန်က ဆိုပါတယ်။

အောင်လအန်ဆန်နဲ့ ထိုးသတ်မယ့် ဟောင်ကောင်ကိုယ်စားပြု နိုက်ဂျီးရီးယားဖိုက်တာ ဂါလာနီ (Alain Ngalani) က MMA ၇ ပွဲမှာ ၃ ပွဲနိုင် ၃ ပွဲရှုံးနိမ့်ထားပြီး လျင်မြန်တဲ့ ခြေကန်ချက်တွေကြောင့် ပြိုင်ဘက်တွေ သတိထားကြရတဲ့ သူတစ်ယောက်ပါ။

ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၆ ရက်နေ့ကမှ ဂျာကာတာမှာ ပြိုင်ဘက်လက်ဝှေ့သမားဆီကီနီကို ၁၁ စက္ကန့်ဖြင့် ဂါလာနီ က အလဲထိုးခဲ့ပြီး One Championship ရဲ့ ဟဲဗီးဝိတ်ပြိုင်ပွဲသမိုင်းမှာ အမြန်ဆုံးပွဲသိမ်းနိုင်တဲ့ စံချိန်တင်ပွဲ တစ်ပွဲဖြစ်ခဲ့ပါတယ်။

One Championship ဟဲဗီးဝိတ်ချန်ပီယံ ဂါလာနီက အသက် ၄၂ နှစ်ရှိပြီဖြစ်ပြီး ကစ်ဘောက်ဆင်၊ ဂျူဂျစ်ဆု၊ ကရာတေးနဲ့ ဂျူဒို ပညာရပ်များကို ကျွမ်းကျင်သူပါ။ ဒါအပြင် မွေထိုင်းချန်ပီယံဆုကို လေးကြိမ် ရရှိထားသူလည်း ဖြစ်ပါတယ်။

Credit : mizimma