တောင်းဆိုးပလုံးဆိုးသာ ပစ်ရိုးထုံးစံရှိမယ် သားဆိုး သမီးဆိုး တော့ ဘယ် မိဘ မှ ပစ်ရိုးထုံးစံမရှိဘူးဆိုတဲ့ စကားကို ဖျက်ဆီးနေတဲ့ မိဘ ဆိုးတွေ တဖြည်းဖြည်း များပြားလာကြပါပြီ။ ကိုယ့်အမှားကနေ ရရှိလာခဲ့တဲ့ ရင်သွေး တွေကို တာဝန်မယူချင်လို့ စွန့်ပစ်ကြတဲ့ မိဘ ဦးရေတွေ များပြားလာခဲ့သလို ပိုဆိုးတာက ကိုယ့်သားသမီးအရင်းကို ရောင်းစားကြတဲ့ မိဘ တွေပါ ရှိလာခဲ့တာပါပဲ။

ဖိလစ်ပိုင်နိုင်ငံပိုင်း ကျွန်းပေါ်က Ilocos Norte ဒေသမှာ နေထိုင်သူ Francis
Palacio ဆိုတဲ့ လူငယ် အမျိုးသား တစ်ဦး သူရဲ့ မွေးခါစ ရင်သွေးအရင်းကို အမျိုးသမီး တစ်ဦးဆီမှာ ပီဆိုငါးထောင်ခန့်နဲ့ ရောင်းချလိုက်ပြီး မော်တော် ဆိုင်ကယ် တစ်စီးကို ဝယ်ယူလိုက်တယ်လို့ သိရှိရပါတယ်။ Palacio ဟာ ထိုရင်သွေးငယ်ကို သူနဲ့အတူဖော်ဖြစ်တဲ့ Lanalyn Bituin ဆိုသူ အမျိုးသမီးနဲ့ ရရှိခဲ့တာဖြစ်ပြီး ကိုယ့်ရဲ့ရင်သွေးကို ပြုစုစောင့်ရှောက်ရမယ့်အစား အခုလို ရက်ရက်စက်စက် ရောင်းချခဲ့လိုက်တာပဲဖြစ်ပါတယ်။

ကလေး ရောင်းချခဲ့စဉ်က ကလေးရဲ့မိခင်ဖြစ်သူ Lanalyn Bituin ကိုယ်တိုင် ပါဝင်လာခဲ့ပေမယ့် သူရဲ့အတူနေအဖော် Palacio က ကလေးရောင်းချမယ့် အစီအစဉ်ကို Bituin ကို လုံးဝမပြောထားပဲ သူ့အစီအစဉ်နဲ့ သူလုပ်ဆောင်သွားခဲ့တာဖြစ်ပါတယ်။

ကလေး ကို ရောင်းချနေမှန်း Bituin သိသွားတဲ့အချိန်မှာတော့ ကလေး ကို ပြန်ယူဖို့ ကြိုးစားခဲ့ပေမယ့် Bituin ကို Palacio က အသက်အန္တရာယ်ပြုမယ်လို့ ခြိမ်းခြောက်ခဲ့လို့ ရင်သွေး ကို လက်လွတ်ခဲ့ရပါတယ်။ အခုတော့ ဒီကိစ္စဟာ ရဲတပ်ဖွဲ့ဝင် တွေရဲ့ ဖော်ထုတ်မှုကြောင့် အမှုမှန် ပေါ်သွားခဲ့ပြီဖြစ်ပြီး ကလေးငယ်ကို ရက်ရက်စက်စက် ရောင်းချခဲ့တဲ့ Palacio လည်း လူကုန်ကူးမှု နဲ့ အဖမ်းဆီးခံထားရပြီဖြစ်ပါတယ်ခင်ဗျာ။

Credit : thit htoo lwin