လက်ထပ်ခြင်း နှင့် လိင်မှုဆိုင်ရာ သုတသန ပညာရှင် ဒေါက်တာ Kat Van Kirk ရဲ့ အဆိုအရ ဘီယာ များများသောက်လေ အိပ်ရာ ထဲကကိစ္စအတွက် အထောက်အကူ အများကြီး ရလေပဲတဲ့ !

အိမ်ထောင်ရေး တစ်ခုမှာ လိင်မှုကိစ္စ က မပါမဖြစ်ပါပဲ ။ ဒါဟာ ရှက်စရာမဟုတ်တဲ့ သဘာဝ ပါ ။ အိမ်ထောင်မှုသုခ မရကြလို့ ကွဲ၊ကွာတဲ့အထိ ဖြစ်သွားကြတဲ့ လင်မယား တွေ ဒုနဲ့ဒေးပါပဲ ။ အချို့ကတော့ ဖောက်ပြန်ခြင်းဆိုတဲ့ ခေါင်းစဉ်တွေအောက်ကို ရောက်ရှိသွားတတ်ကြပါတယ် ။ ဒါ့ကြောင့် ဒေါက်တာဟာ လိင်မှုကိစ္စ စွမ်းဆောင်ရည် ပိုပြီးမြင့်မားစေဖို့ အမျိုးသား တွေကို ဘီယာ သောက်သင့်တဲ့အကြောင်း တိုက်တွန်းထားပါတယ် ။ သောက်သင့်တဲ့ အကြောင်းအရင်း ၄ခုရှိပါတယ် ။

၁။အချိန်ကြာကြာထိရှိစေတယ်

ဘီယာ မှာပါဝင်တဲ့ ကွန်ပေါင်း ဓါတ်တစ်မျိုးက လိင်ဆက်ဆံရာတွင် အမျိုးသား များကို သုတ်ထွက်မမြန်စေဘဲ အချိန်ကြာကြာအထိ ထိန်းပေးထားနိုင်ပါတယ် ။

၂။ လိင်အင်္ဂါ ကို သန်မာစေ

Darker Beer လို့ခေါ်တဲ့ အရောင်ရင့်ရင့် ဘီယာ ဟာ အရောင်ဖျော့တဲ့ ဘီယာ ထက်ပိုပြီး သံဓါတ်ပါဝင်မှု များပါတယ် ။ ဒါ့ကြောင့် သွေးနီဆဲလ်တွေကို ပိုတိုးစေပြီး လိင်တံ အတွင်း သွေးလည်ပတ်မှုကို ကောင်းမွန်စေကာ လိင်အင်္ဂါ ကို တောင့်တင်းသန်မာစေပြီး လိင်အင်္ဂါ ကို အလွယ်တကူနှင့် မကြာခဏ ထောင်မတ်စေနိုင်ပါတယ် ။

၃။သက်လုံကောင်းပြီး နှလုံး ကျန်းမာစေ

နောက်ထပ်လေ့လာမှုတွေအရ နေ့စဉ် ဘီယာ သောက်သူတွေဟာ မသောက်သူထက် ပိုပြီး သက်လုံအားကောင်းတာကို တွေ့ရှိရပါတယ် ။ ဒီလို အမောခံနိုင်ပြီး သက်လုံအားကောင်းစေတဲ့အပြင် နှလုံးရောဂါ ၊ အမောဖောက်ခြင်း နှင့် လေဖြတ်ခြင်း စတဲ့ ရောဂါ တွေ မဖြစ်ပွါးအောင်လည်း ၃၁ရာခိုင်နှုန်းထိ လျော့ကျစေပါတယ် ။ ချစ်တင်းနှောခြင်းက နှလုံး ကျန်းမာရေး အတွက် အကောင်းဆုံးလေ့ကျင့်ခန်းတစ်ခုလို့ ပြောလို့လည်း ရပါတယ်။

၎။ဆက်ဆံနေစဉ်အတွင်း အစာအိမ် နာ မှာကို စိတ်ပူစရာမလို

Dark Beer သောက်တဲ့သူတွေဆိုရင်တော့ အစာအိမ် အတွက် စိုးရိမ်စရာ မလိုပါဘူး ။ သူ့မှာပါဝင်တဲ့ ဗီတာမင်B နဲ့ probiotics တို့က အစာခြေစနစ်ကို ကျန်းမာကောင်းမွန်စေတယ်လို့ ဒေါက်တာ Kat Van Krik က ရှင်းပြထားပါတယ် ။ ဒါ့ကြောင့် သင့်ရဲ့ အစာအိမ် တစ်ခုလုံးကို ကျန်းမာကောင်းမွန်စေတာကြောင့် လိင်ဆက်ဆံနေစဉ်အတွင်းမှာ အစာအိမ် နာမှာကို လုံးဝ စိတ်ပူစရာ မရှိပါဘူးလို့ ပြောကြားထားပါသေးတယ် ။

ကဲ..ဘီယာ ဘာ့ကြောင့် သောက်ရတယ်ဆိုတာ ကိုယ့်မိန်းကလေးသိအောင် ရှင်းပြလိုက်ကြပါဦး..

ဖိုးသူတော် (www.phothutaw.com)
Credit: CHAN (ရွှေအင်းလေး)