၁၉၈၇ ခုႏွစ္ကတည္းက Forbes မဂၢဇင္းရဲ႕ အခ်မ္းသာဆုံး ပုဂၢိဳလ္စာရင္းထဲမွာ ပါဝင္ခဲ့တဲ့ ဘီလ္ဂိတ္ဟာ ယခုစက္တင္ဘာလစာရင္းမ်ားအရ ပိုင္ဆိုင္မႈ ေဒၚလာ ၈၄.၈ ဘီလီယံရွိၿပီး ကမာၻ အခ်မ္းသာဆုံး ပုဂၢိဳလ္ တစ္ေယာက္လည္း ျဖစ္ပါတယ္။

ကမာ ၻအခ်မ္းသာဆုံး ပုဂၢိဳလ္ တစ္ေယာက္မွာ ကမာၻ႔အေကာင္းဆုံး အိမ္တစ္လုံးရွိေနတယ္ဆိုတာ အံ့ဩစရာ ကိစၥတစ္ခုေတာ့ မဟုတ္ပါဘူး။

ဘီလ္ဂိတ္ ရဲ႕ အိမ္ ဟာ အေမရိကန္ႏိုင္ငံ၊ ဝါရွင္တန္ျပည္နယ္၊ ကင္းစီရင္စု၊ မီဒီနာ ၿမိဳ႕ရွိ ဝါရွင္တန္ေရကန္အနားမွာ တည္ရွိပါတယ္။ ဘီလ္ဂိတ္ ရဲ႕အိမ္ ကို Xanadu 2.0 စံအိမ္လို႔ေခၚၿပီး ဧရိယာ အက်ယ္အဝန္း ၆၆၀၀၀ စတုရန္း ကီလိုမီတာ ရွိပါတယ္။ ဘီလ္ဂိ တ္အိမ္ ရဲ႕ နာမည္ Xanadu 2.0 ဆိုတာ ၁၉၄၁ ခုႏွစ္က ထြက္ရွိခဲ့တဲ့ Citizen Kane ဇာတ္ကားထဲက အိမ္ရဲ႕ နာမည္ကို ယူၿပီးေပးထားတာ ျဖစ္ၿပီး ဒီ အိမ္ ကို ေဆာက္ဖို႔အတြက္ ဘီလ္ဂိတ္ဟာ ေဒၚလာ ၆၃ သန္းနဲ႔ အခ်ိန္ ၇ ႏွစ္ယူခဲ့ရပါတယ္။ ဘီလ္ဂိတ္ရဲ႕ အိမ္ဟာ ေတာ္ေတာ္ႀကီးမားတဲ့ အိမ္တစ္လုံးျဖစ္ၿပီး နည္းပညာျမင့္ ပစၥည္းေတြ ထည့္သြင္းအသုံးျပဳထားပါတယ္။ ဘီလ္ဂိတ္ရဲ႕ Xanadu 2.0 စံအိမ္ရဲ႕ ထူးျခားတဲ့ အခ်က္ေတြကေတာ့

၁။ ဘီလ္ဂိတ္ စံအိ မ္ရဲ႕တန္ဖိုး ဟာ ေဒၚလာသန္း ၁၅၀ ေက်ာ္ တန္ေၾကးရွိပါတယ္။

ကင္းစီရင္စု ျပည္သူပိုင္ဆိုင္မႈ တန္ဖိုးျဖတ္႐ုံးရဲ႕စာရင္းမ်ားအရ ဘီလ္ဂိတ္ရဲ႕ စံအိမ္ဟာ ၁၅၀.၄ သန္း တန္ေၾကးရွိၿပီး ေျမကြက္ကို ဘီလ္ဂိတ္ ဟာ ၁၉၈၈ ခုႏွစ္က ေဒၚလာ ၂ သန္းနဲ႔ ဝယ္ယူခဲ့တာ ျဖစ္ပါတယ္။ ဒါ့အျပင္ ဒီအိမ္ပိုင္ဆိုင္မႈေၾကာင့္ ဘီလ္ဂိတ္ဟာ အစိုးရကို တစ္ႏွစ္ ေဒၚလာ ၁ သန္း အခြန္ ေဆာင္ေနရပါတယ္။

၂။ စံအိမ္ကို ေဆာက္လုပ္ဖို႔အတြက္ ေပ ၅ သိန္းခန႔္ ထင္းရႈးသားပ်ဥ္ျပားမ်ားကို အသုံးျပဳခဲ့ရပါတယ္။

ဘီလ္ဂိတ္ ရဲ႕ အိမ္ ကို ေဆာက္လုပ္ ဖို႔အတြက္ အႏွစ္ ၅၀၀ သက္တမ္းရွိ ေျမာက္အေမရိကမ်ိဳးရင္း ထင္းရႈးသား ေပ ၅ သိန္းခန႔္ကို ေဆာက္လုပ္ေရး လုပ္သား ၂၀၀၊ လွ်ပ္စစ္ပညာရွင္ ၁၀၀ ေက်ာ္နဲ႔ တည္ေဆာက္ခဲ့ရပါတယ္။

၃။ နည္းပညာျမႇင့္ အာ႐ုံခံကိရိယာစနစ္က ဧည့္သည္ေတြကို အခန္းရဲ႕ အပူခ်ိန္နဲ႔ အလင္းေရာင္ကို ထိန္းခ်ဳပ္ေစႏိုင္ပါတယ္။

ဘီလ္ဂိတ္ ရဲ႕ အိမ္ကို ဧည့္သည္ ေတြလာတဲ့အခါမွာ အိမ္ရဲ႕ ေနရာအႏွံမွာရွိတဲ့ အာ႐ုံခံ ကိရိယာ ေတြနဲ႔ ခ်ိတ္ဆက္ထားတဲ့ Control ေခ်ာင္းေလး တစ္ေခ်ာင္း စီရၾကပါတယ္။ ဒီ Control ေခ်ာင္းေလး မွတဆင့္ ဧည့္သည္မ်ားဟာ သူတို႔စိတ္ႀကိဳက္အပူခ်ိန္နဲ႔ အလင္းေရာင္ကို သတ္မွတ္ႏိုင္မွာ ျဖစ္ၿပီး နံရံေနာက္မွာရွိတဲ့ Speaker ေတြက ဧည့္သည္ေတြ ႀကိဳက္ႏွစ္သက္တဲ့ သီခ်င္းေတြကို ဖြင့္ျပေပးသြားမွာ ျဖစ္ပါတယ္။

၄။ အိမ္ရဲ႕ သဘာဝ ေဘးပတ္ဝန္းက်င္ ကို အသုံးျပဳၿပီး အပူခ်ိန္ေလွ်ာ့ခ်ထားပါတယ္။

Xanadu 2.0 စံအိမ္ ဟာ ေဘးပတ္ဝန္းက်င္နဲ႔ထိန္းညႇိၿပီးတည္ေဆာက္ထားတဲ့ အိမ္တစ္လုံးျဖစ္ၿပီး အပူခ်ိန္ေလွ်ာ့ခ်ဖို႔ အတြက္ လွ်ပ္စစ္စြမ္းအား အပိုမသုံးစြဲဘဲ ေဘးပတ္ဝန္းက်င္မွ သစ္ေတာမ်ားကို အသုံးျပဳထားတာ ျဖစ္ပါတယ္။

၅။ နံရံေပၚက အႏုပညာ လက္ရာ မ်ားကို ခလုတ္ တစ္ခ်က္ႏွိပ္လိုက္႐ုံနဲ႔ ေျပာင္းလဲႏိုင္တယ္။

ဘီလ္ဂိတ္ အိမ္ အႏွံ႔မွာ ေဒၚလာ ၈ ေသာင္းဖိုး တန္ေၾကးရွိ ကြန္ပ်ဴတာ မ်က္ႏွာျပင္ေတြ တပ္ဆင္ထားၿပီး အိမ္ကိုလာေရာက္တဲ့ ဧည့္သည္ ေတြဟာ ခလုတ္တစ္ခ်က္ႏွိပ္လိုက္႐ုံနဲ႔ သူတို႔ အႀကိဳက္ဆုံးဓာတ္ပုံေတြ၊ ပန္းခ်ီေတြကို ေျပာင္းလဲႏိုင္ပါတယ္။ ဒီပန္းခ်ီကားေတြ၊ ဓာတ္ပုံေတြကို ေဒၚလာ ၁ သိန္းခြဲတန္ေၾကးရွိ storage devices ေတြမွာ ထည့္သြင္းထားတာ ျဖစ္ပါတယ္။

၆။ ေရကူးကန္ မွာ ေရေအာက္ Music System ပါဝင္ထားပါတယ္။

ေပ ၆၀ အက်ယ္ရွိတဲ့ ေရကူးကန္ဟာ ၃၉၀၀ စတုရန္း ကီလိုမီတာ ရွိတဲ့ အေဆာက္အဦးတစ္ခုအတြင္းမွာ တည္ေဆာက္ထားၿပီး ေရကူးေနတဲ့သူေတြအတြက္ ေရေအာက္ Music System ထည့္သြင္းထားၿပီး အဝတ္လဲခန္းေတြလည္း တည္ေဆာက္ထားပါတယ္။

၇။ စတုရန္းေပ ၂၅၀၀ ရွိ အားကစားခန္း တစ္ခုတည္ေဆာက္ထားျခင္း။

ဒီအိမ္မွာ အားကစားခန္းမတစ္ခုပါဝင္ၿပီး ဒီခန္းမရဲ႕ အက်ယ္ဟာ စတုရန္း ေပ ၂၅၀၀ ရွိတဲ့အျပင္ ေရေႏြးေငြ႕ေခြၽးထုတ္ခန္းမ်ားနဲ႔ အမ်ိဳးသမီး၊ အမ်ိဳးသားမ်ားအတြက္ အဝတ္လဲခန္းမ်ားပါ ပါဝင္ထားပါတယ္။

၈။ ဧည့္သည့္ႀကိဳဆိုေရး အေဆာင္ဟာ ဧည့္သည္ အေယာက္ ၂၀၀ ခန႔္ကို ဧည့္ခံႏိုင္တဲ့ အက်ယ္အဝန္းရွိပါတယ္။

စတုရန္း ေပ ၂၃၀၀ ရွိတဲ့ ဧည့္ႀကိဳဆိုေရးအေဆာင္ဟာ ဧည့္သည့္ အေယာက္ ၂၀၀ ခန႔္ကို ဧည့္ခံထားႏိုင္တဲ့ အက်ယ္အဝန္းရွိၿပီး ၆ ေပအက်ယ္အဝန္းရွိ မီးလင္းဖိုအျပင္ ၂၂ ေပအက်ယ္ရွိ TV တစ္လုံးလည္း ရွိပါတယ္။

၉။ စံအိမ္မွာ အိမ္သာ၊ ေရခ်ိဳးခန္းစုစုေပါင္း ၂၄ လုံးရွိပါတယ္။

ဒီေလာက္မ်ားတဲ့ သန႔္စင္ခန္းေတြက ဘီလ္ဂိတ္တို႔ မိသားစု ပါတီအႀကီးစား တစ္ခုလုပ္မယ္ ဆိုရင္ေတာ့ အသုံးဝင္မွာ ေသခ်ာပါတယ္။

၁၀။ မီးဖိုေခ်ာင္ စုစုေပါင္း ၆ ခုပါဝင္ပါတယ္။

ဘယ္လို ပြဲမ်ိဳးမဆိုက်င္းပရင္ အဆင္သင့္ျဖစ္ေစဖို႔ အိမ္ရဲ႕ ေနရာအႏွံ႔မွာ မီးဖိုေခ်ာင္ ၆ ခုတည္ေဆာက္ထားပါတယ္။

၁၁။ ဘီလ္ဂိတ္ရဲ႕ စာၾကည့္တိုက္မွာရွိတဲ့ လီယိုနာဒိုဒါဗင္ခ်ီရဲ႕ စာတစ္ေစာင္ထဲတင္ ေဒၚလာ သန္း ၃၀ ေက်ာ္တန္ေၾကးရွိပါတယ္။

Codex Leicester ဆိုတဲ့ လက္ေရးမူဟာ ၁၆ ရာစုခန႔္က လီယိုနာဒို ဒါဗင္ခ်ီရဲ႕ ေက်ာ္ၾကားတဲ့ သိပၸံပညာရပ္ဆိုင္ရာ လက္ေရးမူျဖစ္ၿပီး ဒီလက္ေရးမူဟာ ကမာၻ႔ဒုတိယေဈးအမ်ားဆုံး စာအုပ္တစ္အုပ္ အျဖစ္မွတ္တမ္းတင္ထားပါတယ္။ ဒီလက္ေရးမူကို ၁၉၉၄ ႏိုဝင္ဘာ ၁၁ ရက္ေန႔ ေလလံပြဲမွာ ဘီလ္ဂိတ္ဟာ ေဒၚလာ ၃၀.၈ သန္းနဲ႔ ဝယ္ယူခဲ့တာျဖစ္ၿပီး ဒီေဈးဟာ ၂၀၁၇ ဇူလိုင္လတန္ဖိုးအရ ေဒၚလာ ၅၀.၃ သန္း တန္ေၾကးရွိပါတယ္။

 

၂၁၀၀ စတုရန္းေပ အက်ယ္အဝန္းရွိတဲ့ စာၾကည့္တိုက္မွာ လွ်ိဳ႕ဝွက္စာအုပ္စင္ ႏွစ္ခုရွိၿပီး မ်က္ႏွာက်က္မွာေတာ့ “The Great Gatsby” စာအုပ္ထဲက စကားျဖစ္တဲ့ “သူဟာ အျပာေရာင္ ျမက္ခင္းျပင္တစ္ေလွ်ာက္လာခဲ့ၿပီး သူ႔ရဲ႕အိပ္မက္ေတြဆီကို ေရာက္ဖို႔ က်ိန္းေသေလာက္ေအာင္ နီးကပ္လာခဲ့ၿပီ ”ဆိုတဲ့ စကားေလးကို ေရးထိုးထားပါတယ္။

၁၂။ အိမ္ရဲ႕ အိမ္တြင္း႐ုပ္ရွင္႐ုံမွာ ဧည့္သည္ အေယာက္ ၂၀ ခန႔္ ေအးေအးေဆးေဆး အနားယူၿပီး ႐ုပ္ရွင္ၾကည့္ႏိုင္ပါတယ္။

အိမ္တြင္း႐ုပ္ရွင္႐ုံကို အေသးစိတ္ အတြင္းဒီဇိုင္းဆင္ယင္ထားၿပီး သက္ေတာင့္သက္သာရွိတဲ့ ကူရွင္ခုံမ်ားအျပင္ ေျပာင္းဖူးေပါက္ေပါက္ဆုတ္ ထုတ္ေပးတဲ့ စက္မ်ားရွိပါတယ္။

၁၃။ အားကစား႐ုံနဲ႔ ေလွဆိပ္မ်ားထားရွိဖို႔အတြက္ ဘီလ္ဂိတ္ဟာ အရင္ အိမ္ေဟာင္းကို ဖ်က္ခဲ့ရပါတယ္။

 

ၿခံဝင္းထဲမွာ ရွိတဲ့ အားကစား႐ုံရဲ႕ ေဘးမွာ ၇၀၀ စတုရန္းေပ ရွိတဲ့ ေလွဆိပ္လည္း ရွိပါတယ္။

၁၄။ ဧည့္ရိပ္သာကို အိမ္မႀကီးမွာကဲ့သို႔ နည္းပညာျမင့္ ပစၥည္းမ်ားျဖင့္ တည္ေဆာက္ထားတာ ျဖစ္ပါတယ္။

US News သတင္းစာအရ ဘီလ္ဂိတ္ရဲ႕ စံအိမ္ထဲမွာ ပထမဆုံးၿပီးခဲ့တဲ့ အေဆာက္အဦးဟာ ဧည့္ရိပ္သာျဖစ္ၿပီး ၁၉၀၀ စတုန္းရန္း ကီလိုမီတာရွိတဲ့ ဒီဧည့္ရိပ္သာမွာလည္း အိမ္မ ႀကီးမွာကဲ့သို႔ နည္းပညာျမင့္ပစၥည္းမ်ားျဖင့္ တည္ေဆာက္ထားတာ ျဖစ္ပါတယ္။

၁၅။ ဘီလ္ဂိတ္ရဲ႕ ကားဂိုေထာင္ဟာ ကား ၂၃ စီးအထိ ထားႏိုင္ပါတယ္။

ဘီလ္ဂိတ္ရဲ႕ ၿခံထဲမွာ ကားဂိုေထာင္မ်ားအသီးသီးရွိၾကၿပီး ဘီလ္ဂိတ္ရဲ႕ အိမ္ေအာက္မွာ ကား ၁၀ စီးခန႔္ ရပ္နားႏိုင္တဲ့ ေျမေအာက္ကားဂိုေထာင္ တစ္ခုရွိပါတယ္။

၁၆။ ဘီလ္ဂိတ္ အႀကိဳက္ဆုံး သစ္ပင္ ကို ၂၄ နာရီ မီးထြန္းထားပါတယ္။

ဘီလ္ဂိတ္ဟာ သူ႔အိမ္မွာ ေနထိုင္ရင္း ၿခံဝင္းထဲမွာ ေပါက္ေနတဲ့ အႏွစ္ ၄၀ သက္တမ္းရွိ ေမပယ္လ္ပင္ (အ႐ြက္တြင္ အစြန္းငါးခု ပါသည့္ အပင္) ကိုၾကည့္ရတာ ႏွစ္သက္တဲ့အတြက္ ၂၄ နာရီမီးထြန္းထားၿပီး ကြန္ပ်ဳတာ စနစ္ျဖင့္ ေစာင့္ၾကည့္ကာ အပင္အရမ္းေျခာက္ေသြ႕လြန္းရင္ အလိုအေလ်ာက္ ေရဖ်န္းေပးတဲ့စနစ္ကို တပ္ဆင္ထားပါတယ္။

၁၇။ လူလုပ္စမ္းေခ်ာင္းတစ္ခု ထည့္သြင္း တည္ေဆာက္ထားျခင္း။

ၿခံေနာက္ဘက္မွာရွိတဲ့ နံရံေၾကာင့္ ေရလွ်ံလာမယ္ဆိုရင္ ေရစီးသြားဖို႔အတြက္ လူလုပ္စမ္းေခ်ာင္းတစ္ခုကိုလည္း ေဆာက္လုပ္ထားၿပီး ဒီစမ္းေခ်ာင္းထဲမွာ ဆယ္လမြန္ငါးမ်ားနဲ႔ ထေရာက္ငါးမ်ားကို ေမြးျမဳထားပါတယ္။

၁၈။ ဘီလ္ဂိတ္အိမ္ေရွ႕ ကမ္းေျခက သဲမ်ားဟာ ကာေရဘီယံေဒသမွ တင္ပို႔ထားတာျဖစ္ပါတယ္။

ကာေရဘီယန္ေဒသရွိ ကြၽန္းႏိုင္ငံျဖစ္တဲ့ စိန႔္လူစီယာမွ တင္ပို႔တဲ့ သဲမ်ားနဲ႔ ဘီလ္ဂိတ္ အိမ္ေျခက ကမ္းေျခကို ခင္းထားတာျဖစ္ပါတယ္။

၁၉။ ဘီလ္ဂိတ္ရဲ႕ အိမ္ကို လည္ပတ္ဖို႔အတြက္ ေဒၚလာ ၃ ေသာင္းခြဲ ကုန္က်ခံတဲ့သူေတြရွိပါတယ္။

Microsoft ကေန ႀကီးမႉးက်င္းပတဲ့ ေလလံပြဲေတြမွာ အလုပ္သမားေတြဟာ ကုန္ပစၥည္းေတြနဲ႔ ဝန္ေဆာင္မႈေတြကို လာေရာက္ေရာင္းခ်ၿပီး Microsoft ရဲ႕ပရဟိတအဖြဲ႕ကို လႉဒါန္းၾကပါတယ္။ အရင္က ဘီလ္ဂိတ္ကိုယ္တိုင္လည္း Xanadu 2.0 စံအိမ္ကို သီးသန႔္လည္ပတ္ခြင့္အတြက္ ေလလံတင္ေပးခဲ့ၿပီး Microsoft မွဝန္ထမ္းတစ္ေယာက္ဟာ ေဒၚလာ ၃ ေသာင္းခြဲနဲ႔ ေလလံေအာင္ခဲ့ၿပီး ဘီလ္ဂိတ္ရဲ႕ အိမ္ကိုသီးသန႔္လည္ပါတ္ခြင့္ရခဲ့ပါတယ္။

Credit : ရုိးရာေလး

 

Unicode ဖြင့်ဖတ်ရန်

ဘီလ်ဂိတ်ရဲ့ ဒေါ်လာသန်း ၁၅၀ တန် ဝါရှင်တန်စံအိမ်ရဲ့ ထူးခြားတဲ့ အချက် ၁၉ ချက်

၁၉၈၇ ခုနှစ်ကတည်းက Forbes မဂ္ဂဇင်းရဲ့ အချမ်းသာဆုံး ပုဂ္ဂိုလ်စာရင်းထဲမှာ ပါဝင်ခဲ့တဲ့ ဘီလ်ဂိတ်ဟာ ယခုစက်တင်ဘာလစာရင်းများအရ ပိုင်ဆိုင်မှု ဒေါ်လာ ၈၄.၈ ဘီလီယံရှိပြီး ကမ္ဘာအချမ်းသာဆုံး ပုဂ္ဂိုလ်တစ်ယောက်လည်း ဖြစ်ပါတယ်။

ကမ္ဘာအချမ်းသာဆုံး ပုဂ္ဂိုလ်တစ်ယောက်မှာ ကမ္ဘာ့အကောင်းဆုံး အိမ်တစ်လုံးရှိနေတယ်ဆိုတာ အံ့ဩစရာ ကိစ္စတစ်ခုတော့ မဟုတ်ပါဘူး။

ဘီလ်ဂိတ်ရဲ့ အိမ်ဟာ အမေရိကန်နိုင်ငံ၊ ဝါရှင်တန်ပြည်နယ်၊ ကင်းစီရင်စု၊ မီဒီနာ မြို့ရှိ ဝါရှင်တန်ရေကန်အနားမှာ တည်ရှိပါတယ်။ ဘီလ်ဂိတ်ရဲ့အိမ်ကို Xanadu 2.0 စံအိမ်လို့ခေါ်ပြီး ဧရိယာ အကျယ်အဝန်း ၆၆၀၀၀ စတုရန်း ကီလိုမီတာ ရှိပါတယ်။ ဘီလ်ဂိတ်အိမ်ရဲ့ နာမည် Xanadu 2.0 ဆိုတာ ၁၉၄၁ ခုနှစ်က ထွက်ရှိခဲ့တဲ့ Citizen Kane ဇာတ်ကားထဲက အိမ်ရဲ့ နာမည်ကို ယူပြီးပေးထားတာ ဖြစ်ပြီး ဒီအိမ်ကို ဆောက်ဖို့အတွက် ဘီလ်ဂိတ်ဟာ ဒေါ်လာ ၆၃ သန်းနဲ့ အချိန် ၇ နှစ်ယူခဲ့ရပါတယ်။ ဘီလ်ဂိတ်ရဲ့ အိမ်ဟာ တော်တော်ကြီးမားတဲ့ အိမ်တစ်လုံးဖြစ်ပြီး နည်းပညာမြင့် ပစ္စည်းတွေ ထည့်သွင်းအသုံးပြုထားပါတယ်။ ဘီလ်ဂိတ်ရဲ့ Xanadu 2.0 စံအိမ်ရဲ့ ထူးခြားတဲ့ အချက်တွေကတော့

၁။ ဘီလ်ဂိတ်စံအိမ်ရဲ့တန်ဖိုးဟာ ဒေါ်လာသန်း ၁၅၀ ကျော် တန်ကြေးရှိပါတယ်။

 

ကင်းစီရင်စု ပြည်သူပိုင်ဆိုင်မှု တန်ဖိုးဖြတ်ရုံးရဲ့စာရင်းများအရ ဘီလ်ဂိတ်ရဲ့ စံအိမ်ဟာ ၁၅၀.၄ သန်း တန်ကြေးရှိပြီး မြေကွက်ကို ဘီလ်ဂိတ်ဟာ ၁၉၈၈ ခုနှစ်က ဒေါ်လာ ၂ သန်းနဲ့ ဝယ်ယူခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် ဒီအိမ်ပိုင်ဆိုင်မှုကြောင့် ဘီလ်ဂိတ်ဟာ အစိုးရကို တစ်နှစ် ဒေါ်လာ ၁ သန်း အခွန်ဆောင်နေရပါတယ်။

၂။ စံအိမ်ကို ဆောက်လုပ်ဖို့အတွက် ပေ ၅ သိန်းခန့် ထင်းရှုးသားပျဉ်ပြားများကို အသုံးပြုခဲ့ရပါတယ်။

 

ဘီလ်ဂိတ်ရဲ့ အိမ်ကိုဆောက်လုပ်ဖို့အတွက် အနှစ် ၅၀၀ သက်တမ်းရှိ မြောက်အမေရိကမျိုးရင်း ထင်းရှုးသား ပေ ၅ သိန်းခန့်ကို ဆောက်လုပ်ရေး လုပ်သား ၂၀၀၊ လျှပ်စစ်ပညာရှင် ၁၀၀ ကျော်နဲ့ တည်ဆောက်ခဲ့ရပါတယ်။

၃။ နည်းပညာမြှင့် အာရုံခံကိရိယာစနစ်က ဧည့်သည်တွေကို အခန်းရဲ့ အပူချိန်နဲ့ အလင်းရောင်ကို ထိန်းချုပ်စေနိုင်ပါတယ်။

 

ဘီလ်ဂိတ်ရဲ့ အိမ်ကို ဧည့်သည်တွေလာတဲ့အခါမှာ အိမ်ရဲ့ နေရာအနှံမှာရှိတဲ့ အာရုံခံကိရိယာတွေနဲ့ ချိတ်ဆက်ထားတဲ့ Control ချောင်းလေး တစ်ချောင်း စီရကြပါတယ်။ ဒီ Control ချောင်းလေး မှတဆင့် ဧည့်သည်များဟာ သူတို့စိတ်ကြိုက်အပူချိန်နဲ့ အလင်းရောင်ကို သတ်မှတ်နိုင်မှာ ဖြစ်ပြီး နံရံနောက်မှာရှိတဲ့ Speaker တွေက ဧည့်သည်တွေ ကြိုက်နှစ်သက်တဲ့ သီချင်းတွေကို ဖွင့်ပြပေးသွားမှာ ဖြစ်ပါတယ်။

၄။ အိမ်ရဲ့ သဘာဝ ဘေးပတ်ဝန်းကျင်ကို အသုံးပြုပြီး အပူချိန်လျှော့ချထားပါတယ်။

 

Xanadu 2.0 စံအိမ်ဟာ ဘေးပတ်ဝန်းကျင်နဲ့ထိန်းညှိပြီးတည်ဆောက်ထားတဲ့ အိမ်တစ်လုံးဖြစ်ပြီး အပူချိန်လျှော့ချဖို့ အတွက် လျှပ်စစ်စွမ်းအားအပိုမသုံးစွဲဘဲ ဘေးပတ်ဝန်းကျင်မှ သစ်တောများကို အသုံးပြုထားတာ ဖြစ်ပါတယ်။

၅။ နံရံပေါ်က အနုပညာလက်ရာများကို ခလုတ် တစ်ချက်နှိပ်လိုက်ရုံနဲ့ ပြောင်းလဲနိုင်တယ်။

 

ဘီလ်ဂိတ်အိမ်အနှံ့မှာ ဒေါ်လာ ၈ သောင်းဖိုး တန်ကြေးရှိ ကွန်ပျူတာ မျက်နှာပြင်တွေ တပ်ဆင်ထားပြီး အိမ်ကိုလာရောက်တဲ့ ဧည့်သည်တွေဟာ ခလုတ်တစ်ချက်နှိပ်လိုက်ရုံနဲ့ သူတို့ အကြိုက်ဆုံးဓာတ်ပုံတွေ၊ ပန်းချီတွေကို ပြောင်းလဲနိုင်ပါတယ်။ ဒီပန်းချီကားတွေ၊ ဓာတ်ပုံတွေကို ဒေါ်လာ ၁ သိန်းခွဲတန်ကြေးရှိ storage devices တွေမှာ ထည့်သွင်းထားတာ ဖြစ်ပါတယ်။

၆။ ရေကူးကန်မှာ ရေအောက် Music System ပါဝင်ထားပါတယ်။

 

ပေ ၆၀ အကျယ်ရှိတဲ့ ရေကူးကန်ဟာ ၃၉၀၀ စတုရန်း ကီလိုမီတာ ရှိတဲ့ အဆောက်အဦးတစ်ခုအတွင်းမှာ တည်ဆောက်ထားပြီး ရေကူးနေတဲ့သူတွေအတွက် ရေအောက် Music System ထည့်သွင်းထားပြီး အဝတ်လဲခန်းတွေလည်း တည်ဆောက်ထားပါတယ်။

၇။ စတုရန်းပေ ၂၅၀၀ ရှိ အားကစားခန်း တစ်ခုတည်ဆောက်ထားခြင်း။

ဒီအိမ်မှာ အားကစားခန်းမတစ်ခုပါဝင်ပြီး ဒီခန်းမရဲ့ အကျယ်ဟာ စတုရန်း ပေ ၂၅၀၀ ရှိတဲ့အပြင် ရေနွေးငွေ့ချွေးထုတ်ခန်းများနဲ့ အမျိုးသမီး၊ အမျိုးသားများအတွက် အဝတ်လဲခန်းများပါ ပါဝင်ထားပါတယ်။

၈။ ဧည့်သည့်ကြိုဆိုရေး အဆောင်ဟာ ဧည့်သည် အယောက် ၂၀၀ ခန့်ကို ဧည့်ခံနိုင်တဲ့ အကျယ်အဝန်းရှိပါတယ်။

စတုရန်း ပေ ၂၃၀၀ ရှိတဲ့ ဧည့်ကြိုဆိုရေးအဆောင်ဟာ ဧည့်သည့် အယောက် ၂၀၀ ခန့်ကို ဧည့်ခံထားနိုင်တဲ့ အကျယ်အဝန်းရှိပြီး ၆ ပေအကျယ်အဝန်းရှိ မီးလင်းဖိုအပြင် ၂၂ ပေအကျယ်ရှိ TV တစ်လုံးလည်း ရှိပါတယ်။

၉။ စံအိမ်မှာ အိမ်သာ၊ ရေချိုးခန်းစုစုပေါင်း ၂၄ လုံးရှိပါတယ်။

ဒီလောက်များတဲ့ သန့်စင်ခန်းတွေက ဘီလ်ဂိတ်တို့ မိသားစု ပါတီအကြီးစား တစ်ခုလုပ်မယ် ဆိုရင်တော့ အသုံးဝင်မှာ သေချာပါတယ်။

၁၀။ မီးဖိုချောင် စုစုပေါင်း ၆ ခုပါဝင်ပါတယ်။

ဘယ်လို ပွဲမျိုးမဆိုကျင်းပရင် အဆင်သင့်ဖြစ်စေဖို့ အိမ်ရဲ့ နေရာအနှံ့မှာ မီးဖိုချောင် ၆ ခုတည်ဆောက်ထားပါတယ်။

၁၁။ ဘီလ်ဂိတ်ရဲ့ စာကြည့်တိုက်မှာရှိတဲ့ လီယိုနာဒိုဒါဗင်ချီရဲ့ စာတစ်စောင်ထဲတင် ဒေါ်လာ သန်း ၃၀ ကျော်တန်ကြေးရှိပါတယ်။

 

Codex Leicester ဆိုတဲ့ လက်ရေးမူဟာ ၁၆ ရာစုခန့်က လီယိုနာဒို ဒါဗင်ချီရဲ့ ကျော်ကြားတဲ့ သိပ္ပံပညာရပ်ဆိုင်ရာ လက်ရေးမူဖြစ်ပြီး ဒီလက်ရေးမူဟာ ကမ္ဘာ့ဒုတိယဈေးအများဆုံး စာအုပ်တစ်အုပ် အဖြစ်မှတ်တမ်းတင်ထားပါတယ်။ ဒီလက်ရေးမူကို ၁၉၉၄ နိုဝင်ဘာ ၁၁ ရက်နေ့ လေလံပွဲမှာ ဘီလ်ဂိတ်ဟာ ဒေါ်လာ ၃၀.၈ သန်းနဲ့ ဝယ်ယူခဲ့တာဖြစ်ပြီး ဒီဈေးဟာ ၂၀၁၇ ဇူလိုင်လတန်ဖိုးအရ ဒေါ်လာ ၅၀.၃ သန်း တန်ကြေးရှိပါတယ်။

 

၂၁၀၀ စတုရန်းပေ အကျယ်အဝန်းရှိတဲ့ စာကြည့်တိုက်မှာ လျှို့ဝှက်စာအုပ်စင် နှစ်ခုရှိပြီး မျက်နှာကျက်မှာတော့ “The Great Gatsby” စာအုပ်ထဲက စကားဖြစ်တဲ့ “သူဟာ အပြာရောင် မြက်ခင်းပြင်တစ်လျှောက်လာခဲ့ပြီး သူ့ရဲ့အိပ်မက်တွေဆီကို ရောက်ဖို့ ကျိန်းသေလောက်အောင် နီးကပ်လာခဲ့ပြီ ”ဆိုတဲ့ စကားလေးကို ရေးထိုးထားပါတယ်။

၁၂။ အိမ်ရဲ့ အိမ်တွင်းရုပ်ရှင်ရုံမှာ ဧည့်သည် အယောက် ၂၀ ခန့် အေးအေးဆေးဆေး အနားယူပြီး ရုပ်ရှင်ကြည့်နိုင်ပါတယ်။

 

အိမ်တွင်းရုပ်ရှင်ရုံကို အသေးစိတ် အတွင်းဒီဇိုင်းဆင်ယင်ထားပြီး သက်တောင့်သက်သာရှိတဲ့ ကူရှင်ခုံများအပြင် ပြောင်းဖူးပေါက်ပေါက်ဆုတ် ထုတ်ပေးတဲ့ စက်များရှိပါတယ်။

၁၃။ အားကစားရုံနဲ့ လှေဆိပ်များထားရှိဖို့အတွက် ဘီလ်ဂိတ်ဟာ အရင် အိမ်ဟောင်းကို ဖျက်ခဲ့ရပါတယ်။

 

ခြံဝင်းထဲမှာ ရှိတဲ့ အားကစားရုံရဲ့ ဘေးမှာ ၇၀၀ စတုရန်းပေ ရှိတဲ့ လှေဆိပ်လည်း ရှိပါတယ်။

၁၄။ ဧည့်ရိပ်သာကို အိမ်မကြီးမှာကဲ့သို့ နည်းပညာမြင့် ပစ္စည်းများဖြင့် တည်ဆောက်ထားတာ ဖြစ်ပါတယ်။

US News သတင်းစာအရ ဘီလ်ဂိတ်ရဲ့ စံအိမ်ထဲမှာ ပထမဆုံးပြီးခဲ့တဲ့ အဆောက်အဦးဟာ ဧည့်ရိပ်သာဖြစ်ပြီး ၁၉၀၀ စတုန်းရန်း ကီလိုမီတာရှိတဲ့ ဒီဧည့်ရိပ်သာမှာလည်း အိမ်မ ကြီးမှာကဲ့သို့ နည်းပညာမြင့်ပစ္စည်းများဖြင့် တည်ဆောက်ထားတာ ဖြစ်ပါတယ်။

၁၅။ ဘီလ်ဂိတ်ရဲ့ ကားဂိုထောင်ဟာ ကား ၂၃ စီးအထိ ထားနိုင်ပါတယ်။

ဘီလ်ဂိတ်ရဲ့ ခြံထဲမှာ ကားဂိုထောင်များအသီးသီးရှိကြပြီး ဘီလ်ဂိတ်ရဲ့ အိမ်အောက်မှာ ကား ၁၀ စီးခန့် ရပ်နားနိုင်တဲ့ မြေအောက်ကားဂိုထောင် တစ်ခုရှိပါတယ်။

၁၆။ ဘီလ်ဂိတ် အကြိုက်ဆုံး သစ်ပင်ကို ၂၄ နာရီ မီးထွန်းထားပါတယ်။

 

ဘီလ်ဂိတ်ဟာ သူ့အိမ်မှာ နေထိုင်ရင်း ခြံဝင်းထဲမှာ ပေါက်နေတဲ့ အနှစ် ၄၀ သက်တမ်းရှိ မေပယ်လ်ပင် (အရွက်တွင် အစွန်းငါးခု ပါသည့် အပင်) ကိုကြည့်ရတာ နှစ်သက်တဲ့အတွက် ၂၄ နာရီမီးထွန်းထားပြီး ကွန်ပျုတာ စနစ်ဖြင့် စောင့်ကြည့်ကာ အပင်အရမ်းခြောက်သွေ့လွန်းရင် အလိုအလျောက် ရေဖျန်းပေးတဲ့စနစ်ကို တပ်ဆင်ထားပါတယ်။

၁၇။ လူလုပ်စမ်းချောင်းတစ်ခု ထည့်သွင်း တည်ဆောက်ထားခြင်း။

ခြံနောက်ဘက်မှာရှိတဲ့ နံရံကြောင့် ရေလျှံလာမယ်ဆိုရင် ရေစီးသွားဖို့အတွက် လူလုပ်စမ်းချောင်းတစ်ခုကိုလည်း ဆောက်လုပ်ထားပြီး ဒီစမ်းချောင်းထဲမှာ ဆယ်လမွန်ငါးများနဲ့ ထရောက်ငါးများကို မွေးမြုထားပါတယ်။

၁၈။ ဘီလ်ဂိတ်အိမ်ရှေ့ ကမ်းခြေက သဲများဟာ ကာရေဘီယံဒေသမှ တင်ပို့ထားတာဖြစ်ပါတယ်။

ကာရေဘီယန်ဒေသရှိ ကျွန်းနိုင်ငံဖြစ်တဲ့ စိန့်လူစီယာမှ တင်ပို့တဲ့ သဲများနဲ့ ဘီလ်ဂိတ် အိမ်ခြေက ကမ်းခြေကို ခင်းထားတာဖြစ်ပါတယ်။

၁၉။ ဘီလ်ဂိတ်ရဲ့ အိမ်ကို လည်ပတ်ဖို့အတွက် ဒေါ်လာ ၃ သောင်းခွဲ ကုန်ကျခံတဲ့သူတွေရှိပါတယ်။

Microsoft ကနေ ကြီးမှူးကျင်းပတဲ့ လေလံပွဲတွေမှာ အလုပ်သမားတွေဟာ ကုန်ပစ္စည်းတွေနဲ့ ဝန်ဆောင်မှုတွေကို လာရောက်ရောင်းချပြီး Microsoft ရဲ့ပရဟိတအဖွဲ့ကို လှူဒါန်းကြပါတယ်။ အရင်က ဘီလ်ဂိတ်ကိုယ်တိုင်လည်း Xanadu 2.0 စံအိမ်ကို သီးသန့်လည်ပတ်ခွင့်အတွက် လေလံတင်ပေးခဲ့ပြီး Microsoft မှဝန်ထမ်းတစ်ယောက်ဟာ ဒေါ်လာ ၃ သောင်းခွဲနဲ့ လေလံအောင်ခဲ့ပြီး ဘီလ်ဂိတ်ရဲ့ အိမ်ကိုသီးသန့်လည်ပါတ်ခွင့်ရခဲ့ပါတယ်။

Credit : ရိုးရာလေး