ဆယ်လီတွေနဲ့ပြည့်နေတဲ့ Business of Fashion 500 gala ညစာစားပွဲကို ဆယ်လီနာ ဂိုးမက်စ်ဟာ ပန်းပွင့်ကြီးတွေ ဖြန့်ကျဲထားတဲ့ ဂါဝန်ပါးလေးနဲ့ တက်ရောက်လာခဲ့တာဖြစ်ပါတယ်။

အသက် ၂၅ နှစ်အရွယ် အဆိုတော်မလေးဟာ စက်တင်ဘာလ ၉ ရက်နေ့ည နယူးယော့ခ်မှာ ကျင်းပတဲ့ ပွဲကို ခေတ်ဆန်ဆန်နဲ့ ကျက်သရေရှိလှတဲ့ မိန်းမငယ်လေးအသွင်နဲ့ အားလုံးရဲ့အကြည့်တွေကို ဖမ်းစားနိုင်လိုက်တာပါ။
ဝတ်စုံရဲ့ကျော့ရှင်းမှုကို ဆယ်လီနာက ဖိနပ်အထူကြီးစီးလို့ ပိုမိုပြည့်စုံစေပါတယ်။ သူမရဲ့ပုံစံ့ မြင့်မြင့်မားမားနဲ့ သွယ်လျကြည့်ကောင်းလွန်းနေတာပါ။
ဝတ်စုံက ဖောက်ထွင်းမြင်နေရပေမဲ့ အထဲမှာ ခါးအထိရှည်တဲ့ ဘောင်းဘီကို ဝတ်ထားတဲ့အတွက် အမြင်ရိုင်းမနေခဲ့ပါဘူး။

ဆယ်လီနာနဲ့ Business of Fashion ရဲ့ C.E.O. Imran Amed

The Business of Fashion 500 ပွဲကို လန်ဒန်နဲ့ ပါရီမှာ ကျင်းပခဲ့ပါတယ်။ ဒီနှစ်မှာတော့ နယူးယော့ခ်မြို့မှာ ပြောင်းရွှေ့ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ နယူးယော့ခ်ဟာ ဖက်ရှင်ဈေးကွက်ရဲ့ အဓိကသွေးကြောဖြစ်တဲ့အတွက် အခုလို ပြောင်းလဲ ကျင်းပရဲခင်းဖြစ်တယ်လို့ က ဖြေကြားခဲ့ပါတယ်။
ဒီပွဲကို ဂျရက်လက်တို၊ အက်ရှလေဂရေဟမ်၊ ကာလီကလော့စ်စတဲ့ နာမည်ကြီးတွေလည်း တက်ရောက်ခဲ့ကြပါတယ်။
Source : dailymail

 

Credit; Duwun