ZawGyi- ဖြင့်ဖတ်ရန်
၁။ အမြော်အမြင် ရှိဖို့..
ကလေးများ အမြော်အမြင်ရှိဖို့ အလွန်အရေးကြီးပါတယ်။ ကျွန်တော်တို့ဆီက ကလေးများဟာ ရည်ရွှယ်ချက်ကြီးကြီးမားမား မစဉ်းစားရဲကြတာများပါတယ်။ ဆရာဝန်ဖြစ်ချင်တာထက်ဆေးရုံကြီး တည်ဆောက်ချင်တဲ့ ရည်ရွယ်ချက်မျိုး၊ ဗိုလ်ကြီး လုပ်ချင်တာထက် စစ်သူကြီး ဖြစ်ချင်တဲ့ အိမ်မက်မျိုး၊ သူဋ္ဌေးဖြစ်ချင်တာထက် စွန့်ဦးတည်ထွင်လုပ်ငန်းရှင်ကြီး ဖြစ်ချင်တာမျိုး၊ အင်ဂျင်နီယာဖြစ်ချင်တာထက် မြို့ သစ်တစ်ခုကို တည်ဆောက်ချင်တဲ့ အတွေးမျိုး၊ စဉ်းစားရဲ အောင် လမ်းကြောင်းပေးရမှာဖြစ်ပါတယ်။ ကလေးများ ငယ်ငယ်ကတည်းကစပြီး လေထဲမှာ တိုက်အိမ်ဆောက်ရဲအောင်္ဗံသိပ္ပံပုပြင်စာအုပ်ဖတ်ပြခြင်းသိပ္ပံ နဲ့ ဆိုင်တဲ့ မှတ်တမ်းရုပ်ရှင်များကို အတူတကွကြည့်ရူ့ ခြင်း၊ စာအုပ်များများ ဖတ်ရူ့ ရန် အားပေးခြင်း စတဲ့နည်းလမ်းများကို အသုံးပြုနိုင်ပါတယ်။
၂။ စည်းကမ်းထိမ်းသိမ်းတတ်တဲ့ အကျင့်မွေးမြူဖို့
မိသားစု တော်တော်များများမှာ ကလေးငယ်တယ်ယ်၊ ငယ်တယ်ဆိုပြီး ဘာမှ မပြော၊ မခိုင်းလေတော့ ကလေးများ စည်းကမ်းထိမ်းသိမ်းတတ်တဲ့ အကျင့် လျှော့ရဲ တာကို သတိထားမိပါတယ်။ ဟိုမေ့ ဒီမေ့၊ ဟိုပစ် ဒီပစ်၊ ကြာလာတော့ ဟိုပျောက် ဒီပျောက်နဲ့ သူတို့ ဘ၀ အနာဂတ်အတွက် အလွန်စိုးရိမ်စရာ ကောင်းပါတယ်။ ဘာကိုမှ တန်ဖိုးမထားတတ်တဲ့ကလေးဟာ နောင်ကြီးလာရင် ပျော်ရွှင်မူ စစ်စစ်ကို ရှာဖွေတွေ့ ရှိမည် မဟုတ်ပါ။ စည်းကမ်းထိမ်းသိမ်းတတ်တဲ့ အကျင့်ကို ပျိုးထောင်ဖို့ အိမ်မှာ ကလေးများကို နိုင်တဲ့ အိမ်မူ့ကိစ္စ လုပ်ခိုင်းပါ။ နိုင်တဲ့ဝန်ကို ထမ်းခိုင်းပါ။ ဘာမဆို လုပ်ပေးတဲ့လူရှိတဲ့ အခြေအနေမျိုး မဖန်တီးပေးပါနဲ့၊ ကိုယ့်ပစ္စည်းကို ကိုယ်ကိုယ်တိုင် သိမ်းဆည်းတတ်အောင် ငယ်စဉ်ကတည်းက သင်ကြားပေးထားသင့်ပါတယ်။
၃။ ရိုသေလေးစားထားဖို့
ယနေ့ခေတ်မှာ မိသားစု တော်တော်များများဟာ ကလေးများများ မမွေးဖွားကြတော့ပါ။ ကလေးနည်းတော့ ဖူးဖူးမူတ် ၀ိုင်းချစ်ကြပါတယ်။ အလိုလိုက်လွန်းတော့ အကဲပိုကြတယ်။ အကဲပိုခံရလွန်းတဲ့ ကလေးများဟာ ဘာကိုမှ မရိုသေ၊ မလေးစားတတ်တော့ပါ။ ဒါကြောင့်မို့လို့ မိဘများဟာ ကလေးများကို ချစ်နည်းမှန်ကန်ရမည်ဖြစ်ပြီး ကလေးများကို သဘာဝ လောကကြီးကအစ လူပုဂ္ဂိုလ်က အဆုံး ရိုသေ လေးစားတတ်အောင် သွန်သင်ပေးထားရမှာ ဖြစ်ပါတယ်။
၎။ ကျေးဇူးတင်တတ်ဖို့
၅။ အဆင်မပြေတဲ့ ဒဏ် ခံနိုင်ရည်ရှိဖို့
ကလေးကို ဘယ်လောက်ပဲ ချစ်နေပါစေ၊ ကလေးလမ်းလျှောက်ရင်း ချော်လဲသွားရင် ပြေးမထူလိုက်ပါနဲ့၊ သူ့ကိုသူ ပြန်ထခိုင်းပါ။ ကို်ယ်တိုင်လဲရင် ကိုယ်တိုင်ပြန်ထ ရမယ်ဆိုတဲ့ အသိရှိပါစေ။ နောင်အခါ ဘ၀တစ်လျှောက်လုံးမှာ တွေ့ရှိမဲ့ ဘယ်အခက်အခဲကိုဖြစ်ဖြစ်၊ ချော်လဲခဲ့ရင် ကိုယ့်ကိုယ်တိုင် ပြန်ထရမယ်ဆိုတာ သိရှိထားပါစေ။ မိဘများအနေဖြင့် မိမိကလေးများရဲ့ အဆင်မပြေတဲ့ ဒဏ်၊ အခက်အခဲ ဒဏ် ခံနိုင်ရည်ရှိဖို့ သတိထားပြီး ပြုစုပျိုးထောင်ပေးသင့်ပါတယ်။
၆။ တာဝန်ယူရဲတဲ့စိတ်ဓါတ် ရှိဖို့
ယနေ့ခေတ်ကလေးတော်တော်များများဟာ ဘာကိုမှ တာဝန်မယူရဲတာကို သတိထားမိပါတယ်။ အကြောင်းရင်းကတော့ အိမ်မှာ ဘာမှ တာဝန်မယူခဲ့ရလို့ ဖြစ်ပါတယ်။ အိမ်တိုင်းအိမ်တိုင်းမှာ အိမ်ဖေါ် တစ်ယောက်နှစ်ယောက် ရှိကြတာတွေ့ရပါတယ်။ အိမ်မူကိစ္စ ဘာမှ တာဝန်မယူရတော့ ပြင်ပလောကကို ရောက်လာတဲ့အခါ ဘာကိုမှ တာဝန် မယူရဲတဲ့ အကျင့် ဖြစ်သွားပါတယ်။ ဒါကတော့ အလုပ်တာဝန်ပိုင်းကို ပြောတာပါ။ တစ်ခုခု မှားသွားရင် တာဝန်ယူရဲတဲ့စိတ်လည်း ငယ်စဉ်ကတဲက မွေးဖွားပေးရမှာဖြစ်ပါတယ်။ မသိတာကို မသိဘူးဖြေဆိုရဲခြင်း၊ ကိုယ့်ကြောင့် မှားသွားတဲ့ ကိစ္စတစ်ခုကို ကိုယ်မှားတယ်ဆိုတာ ၀န်ခံရဲအောင် သင်ကြားပေးရမှာဖြစ်ပါတယ်။ ရှိသမျှအပြစ် သူများကို လွှဲချတတ်တဲ့ အကျင့်ဆိုး မရှိအောင် သတိထားပြီး ပျိုးထောင်ပေးရမှာ ဖြစ်ပါတယ်။
အသုံးဝင်နိုင်ကြပါစေ။
Ref: WeChat
Credit: Aung Ko latt
Unicode-ဖြင့်ဖတ်ရန်
ပညာသင်ကြားတယ်ဆိုုတာ ဘဝမှာ ကြုံတွေ့ ရမဲ့ စိန်ခေါ် မူများကိုု ရင်ဆိုုင်ဖိုု့ ဖြစ်တယ်လိုု့ နိုုင်ငံတော် အတိုုင်ပင်ခံ ပုုဂ္ဂိုလ်ကြီးက ဝမ်းတွင်းငြိမ်းချမ်းရေးဆွေးနွေးပွဲမှာ ပြောကြားခဲ့ပါတယ်။ အလွန်မှန်ပါတယ်။ ဘဝစိန်ခေါ် မူကိုုရင်ဆိုုင်ဖိုု့ ဘွဲ့ဒီဂရီထက် အရေးပါတဲ့ အရည်အသွေးများစွာ လိုုအပ်ပါတယ်။ အဲဒီအရည်အသွေးများကိုု ပျိုးထောင်ဖိုု့ မိဘများက အဓိက ကျပါတယ်။ ဆွေးနွေးကြည့်ကြရအောင်….
၁။ အမြော်အမြင် ရှိဖိုု့..
ကလေးများ အမြော်အမြင်ရှိဖိုု့ အလွန်အရေးကြီးပါတယ်။ ကျွန်တော်တိုု့ဆီက ကလေးများဟာ ရည်ရွှယ်ချက်ကြီးကြီးမားမား မစဉ်းစားရဲကြတာများပါတယ်။ ဆရာဝန်ဖြစ်ချင်တာထက်ဆေးရုံုကြီး တည်ဆောက်ချင်တဲ့ ရည်ရွယ်ချက်မျိုး၊ ဗိုုလ်ကြီး လုုပ်ချင်တာထက် စစ်သူကြီး ဖြစ်ချင်တဲ့ အိမ်မက်မျိုး၊ သူေဋ္ဌးဖြစ်ချင်တာထက် စွန့်ဦးတည်ထွင်လုုပ်ငန်းရှင်ကြီး ဖြစ်ချင်တာမျုိုုး၊ အင်ဂျင်နီယာဖြစ်ချင်တာထက် မြို့ သစ်တစ်ခုုကိုု တည်ဆောက်ချင်တဲ့ အတွေးမျိုး၊ စဉ်းစားရဲ အောင် လမ်းကြောင်းပေးရမှာဖြစ်ပါတယ်။ ကလေးများ ငယ်ငယ်ကတည်းကစပြီး လေထဲမှာ တိုုက်အိမ်ဆောက်ရဲအောင် ္ဗံသိပ္ပံပုုပြင်စာအုုပ်ဖတ်ပြခြင်းသိပ္ပံ နဲ့ ဆိုုင်တဲ့ မှတ်တမ်းရုုပ်ရှင်များကိုု အတူတကွကြည့်ရူ့ ခြင်း၊ စာအုုပ်များများ ဖတ်ရူ့ ရန် အားပေးခြင်း စတဲ့နည်းလမ်းများကိုု အသုံုးပြုနိုုင်ပါတယ်။
၂။ စည်းကမ်းထိမ်းသိမ်းတတ်တဲ့ အကျင့်မွေးမြူဖိုု့
မိသားစုု တော်တော်များများမှာ ကလေးငယ်တယ်ယ်၊ ငယ်တယ်ဆိုုပြီး ဘာမှ မပြော၊ မခိုုင်းလေတော့ ကလေးများ စည်းကမ်းထိမ်းသိမ်းတတ်တဲ့ အကျင့် လျှော့ရဲ တာကိုု သတိထားမိပါတယ်။ ဟိုုမေ့ ဒီမေ့၊ ဟိုုပစ် ဒီပစ်၊ ကြာလာတော့ ဟိုုပျောက် ဒီပျောက်နဲ့ သူတိုု့ ဘ၀ အနာဂတ်အတွက် အလွန်စိုုးရိမ်စရာ ကောင်းပါတယ်။ ဘာကိုုမှ တန်ဖိုုးမထားတတ်တဲ့ကလေးဟာ နောင်ကြီးလာရင် ပျော်ရွှင်မူ စစ်စစ်ကိုု ရှာဖွေတွေ့ ရှိမည် မဟုုတ်ပါ။ စည်းကမ်းထိမ်းသိမ်းတတ်တဲ့ အကျင့်ကိုု ပျိုးထောင်ဖိုု့ အိမ်မှာ ကလေးများကိုု နိုုင်တဲ့ အိမ်မူ့ကိစ္စ လုုပ်ခိုုင်းပါ။ နိုုင်တဲ့ဝန်ကိုု ထမ်းခိုုင်းပါ။ ဘာမဆိုု လုုပ်ပေးတဲ့လူရှိတဲ့ အခြေအနေမျိုး မဖန်တီးပေးပါနဲ့၊ ကိုုယ့်ပစ္စည်းကိုု ကိုုယ်ကိုုယ်တိုုင် သိမ်းဆည်းတတ်အောင် ငယ်စဉ်ကတည်းက သင်ကြားပေးထားသင့်ပါတယ်။
၃။ ရိုုသေလေးစားထားဖိုု့
ယနေ့ခေတ်မှာ မိသားစုု တော်တော်များများဟာ ကလေးများများ မမွေးဖွားကြတော့ပါ။ ကလေးနည်းတော့ ဖူးဖူးမူတ် ဝိုုင်းချစ်ကြပါတယ်။ အလိုုလိုုက်လွန်းတော့ အကဲပိုုကြတယ်။ အကဲပိုုခံရလွန်းတဲ့ ကလေးများဟာ ဘာကိုုမှ မရိုုသေ၊ မလေးစားတတ်တော့ပါ။ ဒါကြောင့်မိုု့ိလိုု့ မိဘများဟာ ကလေးများကိုု ချစ်နည်းမှန်ကန်ရမည်ဖြစ်ပြီး ကလေးများကိုု သဘာ၀ လောကကြီးကအစ လူပုုဂ္ဂိုလ်က အဆုံုး ရိုုသေ လေးစားတတ်အောင် သွန်သင်ပေးထားရမှာ ဖြစ်ပါတယ်။
၄။ ကျေးဇူးတင်တတ်ဖိုု့
ကလေးက မိသားစုုတစ်ခုုလုံုးရဲ့ ဗဟိုုဖြစ်လာပြီဆိုုရင် ကလေးဟာ လိုုတရ ဖြစ်နေတတ်ပါတယ်။ အရလွယ်လွန်းတော့ ဘာကိုုမှ တန်ဖိုုးမထားတတ်တော့ပါ။ သူတိုု့လိုုချင်တဲ့ မည်သည့်အရာကိုုမဆိုု သူတိုု့ ရယူသင့်တယ် ဆိုုတဲ့ အသိမျိုး အလိုုအလျောက် ဝင်သွားပါတယ်။ ကျေးဇူးတင်ရမှန်းမသိတော့ပါ။ ကျေးဇူးမသိခြင်းဟာ ဘဝကိုု ပျက်စီးစေလောက်တဲ့ အထိ အန္တရာယ် ဖြစ်စေနိုုင်ပါတယ်။ ဘဝကိုု အကောင်းမြင်တတ်ဖိုု့၊ တန်ဖိုုးထားတတ်ဖိုု့ စတဲ့ ဘဝကိုု တိုုက်ရိုုက် ပတ်သက်နေတဲ့ အကျင့်စရိုုက်များ အားလုံုးဟာ ကျေးဇူးတင်တတ်ခြင်းအပေါ် လုံုး၀ မူတည်နေပါတယ်။ ကျေးဇူးတင်တတ်သောသူဟာ အကောင်းမြင်တတ်တယ်။ ကျေးဇူးတင်တတ်သောသူဟာ တန်ဖိုုးထားတတ်ပြီး အောင်မြင်တဲ့ဘ၀ ကိုု ပိုုင်ဆိုုင်နိုုင်စွမ်းရှိပါတယ်။
၅။ အဆင်မပြေတဲ့ ဒဏ် ခံနိုုင်ရည်ရှိဖိုု့
ကလေးကိုု ဘယ်လောက်ပဲ ချစ်နေပါစေ၊ ကလေးလမ်းလျှောက်ရင်း ချော်လဲသွားရင် ပြေးမထူလိုုက်ပါနဲ့၊ သူ့ကိုုသူ ပြန်ထခိုုင်းပါ။ ကိုု်ယ်တိုုင်လဲရင် ကိုုယ်တိုုင်ပြန်ထ ရမယ်ဆိုုတဲ့ အသိရှိပါစေ။ နောင်အခါ ဘဝတစ်လျှောက်လုံုးမှာ တွေ့ရှိမဲ့ ဘယ်အခက်အခဲကိုုဖြစ်ဖြစ်၊ ချော်လဲခဲ့ရင် ကိုုယ့်ကိုုယ်တိုုင် ပြန်ထရမယ်ဆိုုတာ သိရှိထားပါစေ။ မိဘများအနေဖြင့် မိမိကလေးများရဲ့ အဆင်မပြေတဲ့ ဒဏ်၊ အခက်အခဲ ဒဏ် ခံနိုုင်ရည်ရှိဖိုု့ သတိထားပြီး ပြုစုုပျိုးထောင်ပေးသင့်ပါတယ်။
၆။ တာဝန်ယူရဲတဲ့စိတ်ဓါတ် ရှိဖိုု့
ယနေ့ခေတ်ကလေးတော်တော်များများဟာ ဘာကိုုမှ တာဝန်မယူရဲတာကိုု သတိထားမိပါတယ်။ အကြောင်းရင်းကတော့ အိမ်မှာ ဘာမှ တာဝန်မယူခဲ့ရလိုု့ ဖြစ်ပါတယ်။ အိမ်တိုုင်းအိမ်တိုုင်းမှာ အိမ်ဖေါ် တစ်ယောက်နှစ်ယောက် ရှိကြတာတွေ့ရပါတယ်။ အိမ်မူကိစ္စ ဘာမှ တာဝန်မယူရတော့ ပြင်ပလောကကိုု ရောက်လာတဲ့အခါ ဘာကိုုမှ တာဝန် မယူရဲတဲ့ အကျင့် ဖြစ်သွားပါတယ်။ ဒါကတော့ အလုုပ်တာဝန်ပိုုင်းကိုု ပြောတာပါ။ တစ်ခုုခုု မှားသွားရင် တာဝန်ယူရဲတဲ့စိတ်လည်း ငယ်စဉ်ကတဲက မွေးဖွားပေးရမှာဖြစ်ပါတယ်။ မသိတာကိုု မသိဘူးဖြေဆိုုရဲခြင်း၊ ကိုုယ့်ကြောင့် မှားသွားတဲ့ ကိစ္စတစ်ခုုကိုု ကိုုယ်မှားတယ်ဆိုုတာ ဝန်ခံရဲအောင် သင်ကြားပေးရမှာဖြစ်ပါတယ်။ ရှိသမျှအပြစ် သူများကိုု လွှဲချတတ်တဲ့ အကျင့်ဆိုုး မရှိအောင် သတိထားပြီး ပျိုးထောင်ပေးရမှာ ဖြစ်ပါတယ်။
အသုံုးဝင်နိုုင်ကြပါစေ။
Ref: WeChat
Credit: Aung Ko latt