သင်က လက်ရှိ ချစ်သူ နဲ့ ရေရှည်လက်တွဲ သွားချင်သူ တစ်ယောက်လား ။ ဒါဆိုရင်တော့ သင်တို့ စုံတွဲ ရေရှည် မြဲ မမြဲဆိုတာ ဒီအချက်လေးတွေနဲ့ ဆန်းစစ်ကြည့်လိုက်ပါနော်… ။

တစ်ယောက်ကို တစ်ယောက် အရမ်းချစ်ကြတဲ့ စုံတွဲတွေက ဒီအပြုအမူလေးတွေကို လုပ်ဆောင်တတ်ကြပါတယ်။

၁။ ချစ်​သူ အတွက်​ အချိန်​​ပေးတာ ။

ချစ်​ကြတဲ့ ချစ်​သူ စုံတွဲ​ တွေက တစ်​ဦးကိုတစ်​ဦး အချိန်​​ပေးဖို့ ဝန်​မ​လေးကြသလို အလုပ်​များ​နေရင်​​တောင်​ အချိန်​နည်းနည်းဖြစ်​ဖြစ်​ ​ပေးပြီး အတူဆုံဖို့ ကြိုးစားကြပါတယ်​။

၂။ ​ရှေ့​ရေး ကို အတူတိုင်​ပင်​​ဆွေး​နွေးတာ ။

သူတို့မှာ ​ရှေ့​ရေးအတွက်​ အစီအစဉ် ​​တွေရှိ​နေတတ်​ကြပြီး နှစ်​​ယောက်အ​တူတူ ​ငွေစု တာမျိုး၊ အနာဂတ်​အတွက်​ တိုင်​ပင်​ပြီး ကြိုတင်​ပြင်​ဆင်​တာမျိုး ရှိ​နေတတ်​ကြပါတယ်​။

၃။ တစ်​​ယောက်​နဲ့တစ်​​ယောက်​ အဆက်​အသွယ်​မပြတ်​တာ​ ။

ပျော်​ရွှင်​​နေကြတဲ့ စုံတွဲ​ တွေက တစ်​ဦးကိုတစ်​ဦး ပစ်​ထား​လေ့မရှိပါဘူး။ ချက်​ချင်းစာမပြန်​နိုင်​၊ ဖုန်းမဆက်​နိုင်​ရင်​​တောင်​ စာတို​လေး​တွေပို့ထားတာမျိုး၊ လိုအပ်​ရင်​ ချက်​ချင်း​ရောက်​လာတာမျိုး ၊ အားတဲ့အခါ သွားစရာရှိတဲ့​နေရာကို လိုက်​ပို့တာတို့၊ လာကြိုတာတို့က သူတို့ကြားမှာ ​ပြောစရာမလိုတဲ့ကိစ္စပါ။

၎။ တစ်​ဖက်​သားရဲ့ ဝါသနာကိုလေးစားမှုရှိတာ ။

သူတို့ကြားမှာ နားလည်​မှုရှိပြီးသားဖြစ်​လို့ တစ်​ဦးက သူ ဝါသနာ ပါရာကို လုပ်​​နေတဲ့အခါ​ တစ်​ဦးက စိတ်​ရှည်​လက်​ရှည်​​စောင့်​ဆိုင်း​ပေးတာမျိုးရှိပြီး မငြိုငြင်​တတ်​ကြပါဘူး။

၅။ ​နှစ်​​ယောက်အတူေ​ပျာ်​စရာ​ တွေဖန်​တီး​လေ့ရှိတာ ။

သူတို့နှစ်​​ယောက်​ အတူရှိချိန်​မှာ အမြဲရယ်​စရာ​တွေ​ပြောပြီး ဟိတ်​ဟန်​​တွေကို ​မေ့ထားတတ်​ကြပါတယ်​။

၆။ ကိုယ့်​အချစ်​ကို ​ဖော်​ပြဖို့ဝန်​မ​လေးတာ ။

အဲဒီလို စုံတွဲ​ တွေက ချစ်​တယ်​လို့ ပါးစပ်​ ကတတွတ်​တွတ်​​ပြော​နေချင်​မှ ​ပြောပါလိမ့်​မယ်​။ ဒါ​ပေမဲ့ သူတို့ရဲ့ တစ်​ဦး​ပေါ်တစ်​ဦးထားတဲ့ အချစ်​ ကို အ​သေးအဖွဲ့ ကိစ္စ​လေး​တွေကအစ ဂရုစိုက်​တာမျိုး၊ ဘာလုပ်​လုပ်​ အမြဲသတိတရ ရှိတာမျိုး​တွေနဲ့ ​ဖော်​ပြ​လေ့ရှိပါတယ်​။

၇။ ချစ်​စနိုး အပြုအမူ​လေး​တွေ ။

တင်းတင်း​ပွေ့ဖက်​တာ၊ အကြင်​နာ​ပေးတာ၊ ချစ်​သူ ကနွဲ့ဆိုးဆိုးတဲ့အခါ ​ခေါင်း ကို အသာအယာပုတ်​တာမျိုးက ​ပျော်​ရွှင်​တဲ့စုံတွဲ​တွေမှာ​တွေ့ရ​လေ့ရှိတဲ့ အမူအရာ ​တွေပါပဲ။

ကဲ စာဖတ်​သူတို့ စုံတွဲ ရော ဘယ်​နှစ်​ချက်​နဲ့ ညီ​နေလဲဆိုတာ ပြောခဲ့ပေးပါဦး။

Credit: B.Trix ( Love Shop )