မရယ်ဘူးဟုအာမခံမှဖတ်ပါ

လူသုံးယောက် သင်္ဘောတစင်းစီးပြီး ခရီးထွက်လာကြတယ်၊

သဘောင်္ ကလမ်းမှာပျက်သွားတယ်၊

သူတို့သဘောင်္ပျက်သွားတဲ့နားက

ကျွန်းက လူသားစားတဲ့ လူရိုင်းတွေနေတဲ့ကျွန်း………

လူရိုင်းခေါင်းဆောင်- မင်းတို့သုံးယောက်ကို သတ်ပစ်ရလိမ့်မယ်..

လူသုံးယောက်- မလုပ်ပါနဲ့…ဘာခိုင်းခိုင်းလုပ်ပေးပါ့မယ်..

အသက်တော့ ချမ်းသာပေးပါ……….

လူရိုင်းခေါင်းဆောင်- ဒါဆို မင်းတို့ကိုနာရီဝက် အချိန်ပေးမယ်

အမျိုးတူအသီး(၁၀)လုံးယူလာခဲ့ကြ၊ဒါဆိုရင်အသက်ချမ်းသာပေးမယ်၊

အဲဒီ့တဆင့် အောင်မြင်သွားရင် နောက်တဆင့်ထပ်ခိုင်းမယ်၊

အဲ့ဒါပါ လုပ်နိုင်ရင် မင်းတို့မြို့ကို ပြန်တဲ့လမ်းပြပေးမယ်၊ညွှန်ပေးလိုက်မယ်။

(၁၅)မိနစ်ခန့်အကြာ…………. …………

ပထမလူ- ပန်းသီး(၁၀)လုံးနဲ့ပြန်လာတယ်၊

လူရိုင်းခေါင်းဆောင်-ကဲမင်းက ပထမအဆင့်တော့ အောင်သွားပြီ

ဒုတိယအဆင့်ကို ခိုင်းမယ်၊ မင်းယူလာတဲ့အသီး(၁၀)လုံးကို

တလုံးချင်းစီ ဖင်ထဲထည့်ရမယ်။ထည့်နေတဲ့အချိန်တွင်းမှာမငိုရ၊မရယ်ရ

မမဲ့ရ၊မအော်ရ၊အမူရာမပျက်ရဘူး၊တကယ့်လို့အမူရာ ပျက်ခဲ့ရင်

မင်းကိုသတ်မယ်၊မပျက်ရင်တော့ မင်းပြန်လိုတဲ့လမ်းကိုညွန်မယ်..

ပထမလူ- ပန်းသီး(၅)လုံးမြောက်မှာ မျက်နှာမဲ့သွားတယ်…

လူရိုင်းခေါင်ဆောင်- သတ်စေ…………………………….

(၂၅)မိနစ်ခန့်ကြာသော်………….

ဒုတိယလူ- ညောင်သီး(၁၀)လုံးနဲ့ ပြန်လာတယ်….

လူရိုင်းခေါင်းဆောင်– ပထမလူအတိုင်း လုပ်စေ………………

ဒုတိယလူ- သူကတော့ အေးဆေးပေါ့၊ညောင်သီးက သေးတယ်လေ

ဒါပေမယ့်(၁၀)လုံးမြောက် ထည့်တော့မယ့်အချိန်မှာ…….

ရယ်စရာတခုတွေ့ပြီး အူလှိုက်သည်းလှိုက် ရယ်လိုက်မိတယ်။

လူရိုင်းခေါင်းဆောင်– သတ်စေ………………………

ပထမလူနဲ့ဒုတိယလူ- တမလွန်မှာ တွေ့ကြတယ်..

ပထမလူဝိညာဉ်-ကျုပ်ကတော့ပန်းသီး(၁၀)လုံးမို့ထားလိုက်တော့ သေသင့်တယ်၊သေပျော်တယ်၊

ခင်ဗျားက ဘာကြောင့်ရယ်ရတာလဲ၊ ခင်ဗျာ မသေသင့်ပဲ သေရတာ………

ဒုတိယလူဝိညာဉ်–ကျုပ်မှာလည်းကျုပ်အပြစ်နဲ့ကျုပ်ရှိတယ်..

ကျုပ်ညောင်သီး(၁၀)လုံးမြောက်ထည့်တော့မယ့်အချိန်မှာ….

တတိယလူက ဒူးရင်းသီး(၁၀)လုံးကိုင်ပြီး..အူးယားဖားယားနဲ့ ပြေးလာတယ်….

ကဲ–ကျုပ်မရယ်မိပဲ နေမလားဗျာ…………………….

#Crd