၁၀-၉-၂၀၁၇ ရက်နေ့ ၂၃၃၀ အချိန် မွန်ပြည်နယ် ကျိုက်မရောမြို့နယ် လက်ပံကျေးရွာ၌ သေနတ်ပစ်ခတ်မှု ဖြစ်ပွါးကြောင်း သတင်းအရ တရနာရဲကင်းစခန်းမှူး ရဲအုပ် ခင်မောင်ထွေးနှင့် အဖွဲ့သည် သက်သေများနှင့်အတူအ ခင်းဖြစ်နေရာသို့ သွားရောက်စစ်ဆေးရာ ၂၂၀၀ အချိန် ခန့်တွင် ကျိုက်မရောမြို့နယ် လက်ပံကျရွာနေ ဦးရွှေသိသည် ၄င်း၏နေအိမ်ရှေ့ ကွန်ကရစ် လမ်းမဘေးတွင် အိမ်းနီးချင်းနေ ဦးချမ်းသိန်းနှင့် စကားပြောနေစဉ် ဦးရွှေသိ၏ ဦးလေးတော်စပ်သူ တစ်ရွာတည်းနေ ဦးအဒိန်း ရောက်ရှိလာပြီး ၄င်းအားလွန်ခဲ့သည့်(၅)လခန့်က ခြံအမွေ ခွဲထားသည်ကို မကျေနပ်၍ အမွေထပ်မံခွဲပေးရန်ပြောဆိုရာမှစကားများ ရန်ဖြစ်ပြီး ဦးအဒိန်းမှ ခါးတွင်အသင့်ထိုးလာသော ထိုင်းနိုင်ငံလုပ် နံပါတ်မပါ အနက်ရောင် ၃၈ဗို့ခြောက်လုံးပြူး(ကျည်၆တောင့်အသင့်ထည့်ထားပြီး) အားထုတ်ပြီး(၁)ချက်ပစ်ဖေါက်ရာ ဦးရွှေသိမှ ဝင်ရောက်လုံးထွေးသဖြင့် ဦးအဒိန်း၏ သေနတ်နှင့် ခါးကြားတွင်အသင့်ပါလာသော အရိုးသွား (၁၀)လက္မခွဲခန့်ရှိ(အနက်ရောင်တိတ်ပတ်ထားသောဓါးအိမ်အတွင်းထည့်လျှက်) စကေဘာဓါးမြှောင်ဦးချွန်(၁)ချောင်းတို့မှာ ၄င်းနေရာအနီးတွင် လွင့်ကျသွားပြီး ဦးအဒိန်မှာ ထွက်ပြေးသွားကြောင်းဦးရွှေသိ၏ပြောပြချက်အရသိရှိရပါသည်။

တရနာ ရဲကင်းစခန်းမှူး ရဲအုပ်ခင်မောင်ထွေးသည် သက်သေများနှင့် အတူ ဦးအဒိန်းအား လိုက်လံဖမ်းဆီးရာ ၄င်းနေအိမ်၌ တွေ့ရှိရ၍ ဖမ်းဆီးပြီး အခင်းဖြစ်နေရာသို့ ခေါ်ဆောင်ကာ ၄င်းကိုင်ဆောင် အသုံးပြုခဲ့သော ၃၈ဗို့ သေနတ်(၁)လက်နှင့် စကေဘာဓါးမြှောင်(၁)ချောင်း(ဓါးအိမ်ပါ)တို့အား သက်သေများရှေ့တွင် သိမ်းဆည်းခဲ့ပြီး
ဖြစ်စဉ်နှင့် ပတ်သက်၍ ဦးအဒိန်းအား ဥပဒေအရအရေးယူပေးပါရန် ရဲအုပ်ခင်မောင်ထွေးမှ ကျိုက်မရောမြို့မရဲစခန်းသို့ တရားလိုပြုလုပ်တိုင်တန်းသဖြင့် လိုင်စင်မရှိဘဲ တရားမဝင် သေနတ်ကိုင်ဆောင်သူ ဦးအဒိန်းအား ကျိုက်မရောမြို့မရဲစခန်း (ပ)၂၀၂/၂၀၁၇ လက်နက်ဥပဒေ ပုဒ်မ၁၉(စ)ဖြင့်လည်းကောင်း လယ်ယာသုံး အိမ်သုံးအတွက်ရည်ရွယ်ခြင်းမရှိဘဲ စကေဘာ ကိုင်ဆောင်ခြင်း အတွက် ကျိုက်မရောမြို့မရဲစခန်း(ပ)၂၀၃/၂၀၁၇လက်နက်ဥပဒေပုဒ်မ၁၉(င)ဖြင့်လည်းကောင်းအမှုဖွင့်အရေးယူဆောင်ရွက်လျှက်ရှိပါသည်။

Credit: Kyaikmayaw Mpf