engineering manager Eran Tal

 

ယနေ့ခေတ်မှာ လူတိုင်းလိုလို facebook ကို သုံးစွဲဖြစ်နေမှာတော့ ပြောစရာမလိုလောက်တော့ပါဘူး။ သုံးစွဲတဲ့ ခေါင်းစဉ်သာ ကွာချင်ကွာသွားမယ်၊ နေ့တိုင်းနီးပါး facebook သုံးဖြစ်နေမှာ သေချာသလောက်ပါ။ တစ်ခါတစ်လေတော့ up to date သတင်းတွေလောက်ပဲ ဖတ်မယ်။ တစ်ခါတစ်လေ သူငယ်ချင်းတွေနဲ့စကားပြောမယ်။ ခရီးတွေဘာတွေ ထွက်ချင်တာဖြစ်ဖြစ် အစားအသောက်အသစ်အဆန်း တစ်ခုခုစားချင်တာပဲဖြစ်ဖြစ် နေရာကောင်းလေးတွေရှာမယ်။ တစ်ခါတစ်လေ ပုံလေးတွေတင်မယ်။ လုပ်ငန်းနဲ့ပတ်သတ်တာတွေ ရှာမယ်၊ ဖွေမယ်၊ ပြန်တင်မယ်၊ ပြန်ဝေမျှပေးမယ် အစရှိသဖြင့် သုံးကြမှာပါပဲ။ တစ်နေ့တစ်နေ့ သန်းပေါင်းများစွာသောလူများရဲ့ facebook ပေါ် တင်ကြ save ကြတဲ့ data တွေ Facebook platform ကိုသုံးပြီး လုပ်ကိုင်နေတဲ့ website တွေနဲ့ application တွေကို ဘယ်လိုများ သိမ်းဆည်းပေးထားပါသလဲ။

 

၂၀၀၄ ခုနှစ် ဖေဖော်ဝါရီလမှာ Mark Zukerberg ရဲ့ ကွန်ပျုတာတစ်လုံး ဆာဗာတစ်ခုနဲ့စတင်ခဲ့တဲ့ facebook ဟာ အခုဆိုရင် နေရာအနှံ့မှာ များစွာသော data centerတွေ တည်ဆောက်ထားပြီး ဖြစ်ပါတယ်။ ပထမဆုံးဖွင့်လှစ်တဲ့ data center ကတော့ Oregon ပြည်နယ်၊ Prineville မြို့လေးမှာဖြစ်ပြီး ၂၀၁၁ ဧပြီလမှာ ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပါတယ်။ data center တစ်ခုခြင်းစီမှာ ဆာဗာပေါင်း တစ်သောင်းကျော်ကို ဖိုင်ဘာကေဘယ် ပေါင်းများစွာနဲ့ ချိတ်ဆက်ထားပါတယ်။

user တစ်ယောက်ခြင်းစီရဲ့ home page ကို loading လုပ်ဖို့ဆိုတာ နောက်ကွယ်မှာ ဆာဗာပေါင်းများစွာကို ချိတ်ဆက်ရင်း အချက်အလက်များစွာ process လုပ်ရပါတယ်။ ရွေးချယ်ရရှိလာတဲ့ သတင်းအချက်အလက်တွေကို တစ်စက္ကန့်အတွင်း deliever လုပ်ပေးရပါတယ်လို့ ကုမ္ပဏီက ဆိုပါတယ်။ လက်ရှိမှာ Forest City, North Carolina, Lulea, Sweden, Altoona နဲ့ Lowa တို့မှာ data center တွေတည်ဆောက်ထားပြီး ဖြစ်သကဲ့သို့ Fort Worth, Texas, Clonee, Ireland, Los Lunas နဲ့ New Maxico တို့မှာလည်း ဆက်လက်ဆောက်လုပ်နေပါသေးတယ်။

user တိုင်းရဲ့လိုအပ်ချက်တွေကို အချိန်နှင့်တစ်ပြေးညီ ဖြည့်စည်းနိုင်ဖို့ facebook ဟာ အလွန် powerful ဖြစ်တဲ့ ကွန်ပျုတာများကို လိုအပ်ပါတယ်။ ဒါပေမယ့် နာမည်ကြီး HP တို့ Dell တို့ဆီက ဈေးကြီးတဲ့ဆာဗာများကိုဝယ်ဖို့ထက် facebook ဟာ ဆာဗာတွေကို သူ့ရဲ့ကိုယ်ပိုင်ဒီဇိုင်းတွေနဲ့ တည်ဆောက်ထားပါတယ်။ ဆာဗာအသစ်ဖြစ်တဲ့ Bryce Canyon ကို ဓာတ်ပုံတွေ ဗီဒီယိုတွေ သိမ်းဆည်းဖို့အတွက်သုံးပြီး Yosemite v2 နဲ့ Tioga Pass ကို တွက်ချက်မှုကိစ္စတွေနဲ့ processing လုပ်ဖို့ သုံးပါတယ်။ နောက်ထပ်ဆာဗာအသစ် ဖြစ်လာမယ့် Big Basin ကို facebook ရဲ့ နောက်ထပ်လာမယ့် AI လို တွက်ချက်မှုတွေအများကြီးပြုလုပ်ရတဲ့ recognize လုပ်ရတဲ့ အချက်အလက်တွေအတွက်သုံးမယ်လို့ သိရပါတယ်။ Facebook မှာ အလုပ်လုပ်တဲ့ engineering manager Eran Tal က Intel ကchip တွေကို ဆာဗာတွေကိုပိုမိုလုပ်ဆောင်နိုင်ဖို့ အားဖြည့်တဲ့နေရာမှာ အသုံးပြုပြီး Nvidia ကို graphic အရည်အသွေးပိုမိုကောင်းမွန်စေဖို့နဲ့ AI ပိုင်းဆိုင်ရာတွေမှာ သုံးပါတယ်တဲ့။

Ref : The Facebook Data Center

Credit: Sophia (ရိုးရာလေး)