ႂကြက္သား

ZawGyi- ျဖင့္ဖတ္ရန္

ကေမာၻဒီးယားႏိုင္ငံမွာ လယ္သမားတဦးက ႂကြက္သားေတြ အေျမာင္း/ဖုထေနတဲ့ သေႏၶေျပာင္း ဝက္ေတြကို ေမြးျမဴထားတဲ့ အံ့ၾသဖြယ္႐ုပ္သံ ထြက္ေပၚလာပါတယ္။

ဝက္ေတြက မ်ိဳး႐ိုးဗီဇနဲ႔ဆိုင္တဲ့ ေပါက္ဖြားမႈေၾကာင့္ ဒီလိုႂကြက္သားေတြရွိတဲ့ ဝက္ေတြျဖစ္လာတာလို႔ ယူဆေနၾကပါတယ္။

ဒီဝက္ေတြထဲက အခ်ိဳ႕အ႐ြယ္အစား အလြန္ႀကီးတဲ့ ဝက္ေတြက ႀကီးမားတဲ့ ေဝွးေစ့ေတြ ရွိေနၿပီး အခ်ိဳ႕ဝက္ေတြက သူတို႔ရဲ႕ ႂကြက္သားေတြေၾကာင့္ လမ္းေလွ်ာက္ဖို႔ ခက္ခဲေနတယ္လို႔ ဆိုပါတယ္။

အေမရိကန္ႏိုင္ငံ ဇာစ္ျမစ္ျဖစ္ၿပီး ႏိုင္ငံအတြင္း ေမြးျမဴထားတာလို႔ ရည္ၫႊန္းေျပာဆိုကာ Duroc ကေမာၻဒီးယားလို႔ အမည္ရတဲ့ ေဖ့စ္ဘြတ္ခ္စာမ်က္ႏွာမွာ တမူထူးေနတဲ့ ဝက္ေတြရဲ႕ ဓာတ္ပုံနဲ႔ ႐ုပ္သံေတြကို တင္အၿပီးမွာေတာ့ အျမန္ပ်ံ႕ႏွံ႔သြားတယ္လို႔ သိရပါတယ္။

ဝက္ေတြေမြးျမဴထားတဲ့ လယ္သမားက ၿပီးခဲ့တဲ့ႏွစ္ ဒီဇင္ဘာလကတည္းက ဝက္ေတြရဲ႕ ႀကီးထြားတိုးတက္လာမႈကို လူမႈကြန္ရက္စာမ်က္ႏွာထက္ ပုံမွန္မွ်ေဝခဲ့ၿပီး လယ္သမားရဲ႕ စာမ်က္ႏွာမွာ ဝက္သုတ္ရည္ ၂ အိတ္နဲ႔ အမ်ိဳးသားတန္ဆာအတု ၂ ခုတို႔အတြက္ ေငြ ၅ ေပါင္နဲ႔ ေရာင္းခ်ေနတာပါ။ ဘန္တီေရးမီးေခ်းခ႐ိုင္မွာ ေနတဲ့ လယ္သမားက သူ႔ရဲ႕ကုန္ပစၥည္းအတြက္ ဂုဏ္ယူေနပုံလည္း ရတယ္လို႔ ဆိုပါတယ္။

ၿပီးခဲ့တဲ့ႏွစ္ေတြအတြင္း ဝယ္လိုအား ျမင့္တက္ေနၿပီး အထူးသျဖင့္ ကမာၻ႔အႀကီးဆုံး ဝက္ေဈးကြက္ျဖစ္တဲ့ တ႐ုတ္ႏိုင္ငံမွာ ဝယ္လိုအား ပိုျမင့္တယ္လို႔ သိရပါတယ္။

လူမ်ားစုကေတာ့ အံ့ၾသဖြယ္ရလဒ္အတြက္ လယ္သမားက ႂကြက္သားႀကီးထြားေဆးနဲ႔ ဟိုမုန္းထြားေဆးေတြ သုံးေနတယ္လို႔ စြပ္စြဲလိုက္ၿပီး တိရစာၦန္အခြင့္အေရး ကာကြယ္သူေတြက ဒီျဖစ္ရပ္အတြက္ ေဝဖန္ေနၾကကာ ပီအီးတီေအဆိုတဲ့ တိရစာၦန္အခြင့္အေရး ကာကြယ္ေရးအဖြဲ႕က လယ္သမားကို ရႈတ္ခ်ထားတယ္လို႔ သိရပါတယ္။

ဒီလိုဝက္ေတြကို ေမြးျမဴရတဲ့ ရည္႐ြယ္ခ်က္က အဆီနည္းတဲ့အသားေတြ ထုတ္လုပ္ဖို႔ျဖစ္ၿပီး ဒီလိုဝက္မ်ိဳး ၃၂ ေကာင္ ေမြးရင္ ၁၃ ေကာင္က ၈ လအထိပဲ အသက္ရွင္ကာ သူတို႔ထဲက တေကာင္ပဲ က်န္းမာသန္စြမ္းတယ္လို႔ သိရေၾကာင္း ေမရာသတင္းမွာ စက္တင္ဘာ ၂၉ ရက္ေန႔က ေဖာ္ျပထားပါတယ္။

Credit: DVB

 

 

Unicode-ဖြင့်ဖတ်ရန်

ကမ္ဘောဒီးယားနိုင်ငံမှာ လယ်သမားတဦးက ကြွက်သားတွေ အမြောင်း/ဖုထနေတဲ့ သန္ဓေပြောင်း ဝက်တွေကို မွေးမြူထားတဲ့ အံ့သြဖွယ်ရုပ်သံ ထွက်ပေါ်လာပါတယ်။

ဝက်တွေက မျိုးရိုးဗီဇနဲ့ဆိုင်တဲ့ ပေါက်ဖွားမှုကြောင့် ဒီလိုကြွက်သားတွေရှိတဲ့ ဝက်တွေဖြစ်လာတာလို့ ယူဆနေကြပါတယ်။

ဒီဝက်တွေထဲက အချို့အရွယ်အစား အလွန်ကြီးတဲ့ ဝက်တွေက ကြီးမားတဲ့ ဝှေးစေ့တွေ ရှိနေပြီး အချို့ဝက်တွေက သူတို့ရဲ့ ကြွက်သားတွေကြောင့် လမ်းလျှောက်ဖို့ ခက်ခဲနေတယ်လို့ ဆိုပါတယ်။

အမေရိကန်နိုင်ငံ ဇာစ်မြစ်ဖြစ်ပြီး နိုင်ငံအတွင်း မွေးမြူထားတာလို့ ရည်ညွှန်းပြောဆိုကာ Duroc ကမ္ဘောဒီးယားလို့ အမည်ရတဲ့ ဖေ့စ်ဘွတ်ခ်စာမျက်နှာမှာ တမူထူးနေတဲ့ ဝက်တွေရဲ့ ဓာတ်ပုံနဲ့ ရုပ်သံတွေကို တင်အပြီးမှာတော့ အမြန်ပျံ့နှံ့သွားတယ်လို့ သိရပါတယ်။

ဝက်တွေမွေးမြူထားတဲ့ လယ်သမားက ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလကတည်းက ဝက်တွေရဲ့ ကြီးထွားတိုးတက်လာမှုကို လူမှုကွန်ရက်စာမျက်နှာထက် ပုံမှန်မျှဝေခဲ့ပြီး လယ်သမားရဲ့ စာမျက်နှာမှာ ဝက်သုတ်ရည် ၂ အိတ်နဲ့ အမျိုးသားတန်ဆာအတု ၂ ခုတို့အတွက် ငွေ ၅ ပေါင်နဲ့ ရောင်းချနေတာပါ။ ဘန်တီရေးမီးချေးခရိုင်မှာ နေတဲ့ လယ်သမားက သူ့ရဲ့ကုန်ပစ္စည်းအတွက် ဂုဏ်ယူနေပုံလည်း ရတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့နှစ်တွေအတွင်း ဝယ်လိုအား မြင့်တက်နေပြီး အထူးသဖြင့် ကမ္ဘာ့အကြီးဆုံး ဝက်ဈေးကွက်ဖြစ်တဲ့ တရုတ်နိုင်ငံမှာ ဝယ်လိုအား ပိုမြင့်တယ်လို့ သိရပါတယ်။

လူများစုကတော့ အံ့သြဖွယ်ရလဒ်အတွက် လယ်သမားက ကြွက်သားကြီးထွားဆေးနဲ့ ဟိုမုန်းထွားဆေးတွေ သုံးနေတယ်လို့ စွပ်စွဲလိုက်ပြီး တိရစ္ဆာန်အခွင့်အရေး ကာကွယ်သူတွေက ဒီဖြစ်ရပ်အတွက် ဝေဖန်နေကြကာ ပီအီးတီအေဆိုတဲ့ တိရစ္ဆာန်အခွင့်အရေး ကာကွယ်ရေးအဖွဲ့က လယ်သမားကို ရှုတ်ချထားတယ်လို့ သိရပါတယ်။

ဒီလိုဝက်တွေကို မွေးမြူရတဲ့ ရည်ရွယ်ချက်က အဆီနည်းတဲ့အသားတွေ ထုတ်လုပ်ဖို့ဖြစ်ပြီး ဒီလိုဝက်မျိုး ၃၂ ကောင် မွေးရင် ၁၃ ကောင်က ၈ လအထိပဲ အသက်ရှင်ကာ သူတို့ထဲက တကောင်ပဲ ကျန်းမာသန်စွမ်းတယ်လို့ သိရကြောင်း မေရာသတင်းမှာ စက်တင်ဘာ ၂၉ ရက်နေ့က ဖော်ပြထားပါတယ်။

Credit: DVB