ရပ်ကွက် တစ်ခုမှာ..ကိုထွန်း နဲ့ မကြည်ပြာ ဆိုတဲ့ လင်မယား သားသမီး သုံးယောက်မွေးဖွားထားတယ်ပေါ့ !ကိုထွန်းဟာ အရက် ကျွန်ဖြစ်သွားပြီ !အရက် ကလွဲလို့ ..သူ့ဘဝမှာ ဘာမှမရှိ !မကြည်ပြာ ကိုလည်း သူဂရုမစိုက်တော့ !သားသမီးသုံးယောက် ကိုလည်း..စိတ်မဝင်စားတော့ !

သူသိတာက..

မကြည်ပြာ ဆီကရမဲ့ ..အရက် ဖိုး မနက် ၂၀၀၊ နေ့လည် ၂၀၀ နဲ့ ညနေ ၂၀၀၊ဒါပဲ….သူ သိတော့တယ် !မကြည်ပြာ ကတော့..ခေါင်းရွက်ဗျတ်ထိုးဈေးသည်ဘဝနဲ့မိသားစု ကိုဦးဆောင်ပြီး ကလေး တွေ စားစရိတ် ကျောင်းစားရိတ် အပြင်..ကိုထွန်း အတွက်​ အရက် ဖိုးကိုပါနေ့စဉ် ပင်ပန်းကြီးစွာရှာဖွေနေရတယ် !

ဒါကို..မကြည်ပြာ ရဲ့ အစ်မ တွေ အဒေါ်တွေက မကျေနပ်ကြတော့ဘူး !ဒါနဲ့..မကြည်ပြာ ကို ခေါ်ဆူကြတယ် !ညည်း ဒီလောက် ယောက်ျား ရှားနေလား !ညည်း ဒီလောက် ယောက်ျား အပေါ်ချစ်​နေတာလား !ညည်း ဒီလောက် အရှက်မဲ့နေရလား !

ဆွေမျိုး​ တွေပါ..သိက္ခာ ကျရတယ် !သူရှိနေလည်း…ကိုယ့်ဟာကိုယ် လုပ်စားနေရတယ် !သူမရှိတော့ရင်လည်း..ကိုယ့်ဟာကိုယ်လုပ်စားရမှာပဲလေ !ဘာလို့ …ဒီလောက်သုံးမရတဲ့ အရက်သမား ကို အရက်ဖိုးပေး ရှာကျွေးပြီး သူနှိပ်စက်​တာ ခံနေရတာလည်း ?ညည်း..သူနဲ့ မကွာသေးဘူးလား ?ဘာလား​ပေါ့ ?….ညာလား​ပေါ့ ?

မကြည်ပြာ က..အဒေါ်တွေ ၊ အစ်မတွေပြောသမျှကို အေးဆေးစွာနားထောင်​နေလိုက်​တယ်​…..ပြီးမှ…!အဒေါ်တို့ အစ်မတို့ပြောတာ မှန်​ပေမယ့်​ ကိုထွန်း ကို…ကျွန်မ မကွဲနိုင်ပါဘူး !ယောက်ျား ရှားလို ..သူ့ကို ချစ်လွန်းလို့ ကျွန်မ ဒုက္ခတွေခံပြီး…သူနဲ့ပေါင်းနေတာ..မဟုတ်ပါဘူး !ကျွန်မမွေးထားတဲ့ က​လေး သုံးယောက်မှာ…သူများတွေနဲ့တန်းတူ အဖေ လို့ ခေါ်ခွင့်ရဖို့ !

သူများကလေးတွေနဲ့တန်းတူ..အဖေလို့ခေါ်လိုက်ရင်”ဟေ”လို့  ပြန်ထူးပေးဖို့ !သူ့ကို ကျွန်မသားသမီးလေးတွေအတွက်အဖေခေါ်ခ…ပေးနေတာပါ !ကျွန်​မ အရွယ်​ ရှိ​သေးတာ..​နောက်​ အိမ်​​ထောင်​ ပြုလို့ရနိုင်​တာက မှန်​​ပေမယ့်​ကျွန်​မက​လေး​တွေအတွက်​ ..ပ​ထွေး ကို “အ​ဖေ” လို့ အ​ခေါ်မခံနိုင်​ပါဘူး !

ကိုထွန်း ကိုပေးနေတာ..အရက်ဖိုးမဟုတ်ပါဘူး !ကျွန်မ…သားလေးတွေ သမီးလေးတွေအတွက်…အဖေ ခေါ်ခ ပေးနေတာပါ !အဒေါ်တွေအစ်မ တွေမှာ..ခေါင်းငိုက်စိုက် ကျသွားပါတော့တယ် !

မကြည်​ပြာ..မှန်​လား / မှားလား !!

(ကျေးဇူးပြု ပြီး..စာဖတ်​သူရဲ့ သ​ဘော

ထားအမြင်​​လေး ​ရေး​ပေးခဲ့ပါ။ လွတ်​လပ်​စွာ အမြင်ကွဲပြားခွင့်​ရှိပါတယ်​ !!)

Credit “အတိတ်ခေတ်”

Photo Credit: google